Channel Myanmar

Leighton Meester

EXmas (2023) 5.7
EXmas (2023) EXmas (2023) ===========ဒီဇာတ်လမ်းမှာ ဂရေဟမ်က မကြာသေးခင်ကမှ သူနဲ့စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ပြတ်ပြီး အသည်းကွဲရင်း အလုပ်တွေနဲ့ပိနေခဲ့တယ်။ အဲဒီအချိန် ခရစ္စမတ်ကို အရမ်းသဘောကျတဲ့ သူ့မိဘတွေက ဂရေဟမ် ကို ခရစ္စမတ်ပိတ်ရက် အလည်လာဖို့ပြောတော့ အစက အလုပ်မအား လို့ငြင်းခဲ့သေးတယ်။ ဒါပေမဲ့ နောက်တော့ သူ့ဘဝကြီးက အသည်းကွဲ ဒဏ်၊ အလုပ်ဒဏ်နဲ့ အတော်ပျက်ဆီးနေတာ သူ့ကိုယ်သူနားလည်သွားပြီး ခရစ္စမတ်မှာ သူ့မိသားစုနဲ့ ပျော်ပျော်ကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်တယ်။အဲဒီလိုနဲ့ သူ့မိဘတွေဆီ လေယာဥ်နဲ့သွားပြီး သူ့အိမ်ကိုမပြောမဆို ရောက် ချလာမှ မြင်လိုက်ရတာက သူ့ Exက သူ့အိမ်မှာ သူ့မိဘတွေနဲ့ ခရစ္စမတ် ပျော်နေတာပါပဲ။ နောက်တော့ ဂရေဟမ်တစ်ယောက် သူ့ Ex နဲ့ ဘယ်လို တွေပြိုင်ဆိုင်ပြီး ရန်ဖြစ်မလဲဆိုတာကို ဟာသပေါင်းစုံနဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.75 GB) / (657 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Thwal Htoo Zin Encoder..........SWM
movie

EXmas (2023)

2023
The Roommate (2011)
The Roommate (2011) ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်‌‌နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip ...
movie

The Roommate (2011)

River Wild (2023) 5.4
River Wild (2023)  IMDb RATING - 5.4/10 အခုပရိတ်သတ်ကြီးအတွက် thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အလုပ်ပိတ်ရက်မှာ အစ်ကိုဖြစ်သူဆီကို အလည်ရောက်လာခဲ့တဲ့ Joey နဲ့အတူ မြစ်ကြောင်းခရီးစဉ်လေးတစ်ခုသွားဖို့အတွက် စီစဉ်ခဲ့ကြပါတယ် အဲဒီခရီးစဉ်မှာ သူတို့နဲ့အတူလိုက်ပါလာတဲ့ Trevor က တကယ်တမ်းတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး တခြားနိုင်ငံတစ်ခုကို နယ်စပ်ကနေထွက်ပြေးဖို့ တိုးတိုးတိတ်တိတ် ကြံစည်နေခဲ့တာကို သူတို့ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး အခြေအနေမှန်ကို သိသွားတဲ့အချိန်မှာတော့ Trevor က သူတို့အားလုံးကိုရန်ပြုခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ ပြုမူလာပါတော့တယ် သူလွတ်မြောက်ဖို့အတွက် အားလုံးကို ဓားစာခံအဖြစ်အသုံးချပြီးဆွဲခေါ်လာခဲ့ပေမဲ့ လမ်းခရီးမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကြောင့် အခြေအနေတွေက အားလုံးရှုပ်ထွေးသွားခဲ့ပါတယ် ဒီအန္တရာယ်ကနေ Joey တို့ ဘယ်သူတွေ လွတ်မြောက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

River Wild (2023)

That’s My Boy (2012) 5.5
That’s My Boy (2012) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး ...
movie

That’s My Boy (2012)

Semper Fi(2019) 6.1
Semper Fi(2019) IMDB - 6.1/10ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ...
movie

Semper Fi(2019)

My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie

My Father’s Dragon (2022)

2022
The Weekend Away (2022) 6.0
The Weekend Away (2022) The Weekend Away (2022)====================IMDb Rating - 6.0/10Beth တစ်ယောက် သူငယ်ချင်းဖြစ်သူKate ရဲ့ဖိတ်ခေါ်မှုကြောင့် ပိတ်ရက်အပန်းဖြေ ခရီးတစ်ခုထွက်လာခဲ့ပါတယ်။ သူခရီးထွက်ခဲ့တဲ့နိုင်ငံက ခရိုအေးရှားပေါ့။ Beth ဆိုတာက အိမ်ထောင်ရှင်မ ကလေးတစ်ယောက်အမေ...Kateကတော့ ယောကျ်ားဖြစ်သူနဲ့ကွဲထားတဲ့ မိန်းမတစ်ယောက်...သူတို့နှစ်ယောက်က သူငယ်ချင်းဆိုပေမယ့် ဆီနဲ့ရေလိုကွာခြားတယ်။ တစ်ယောက်က Introvert တစ်ယောက်က extrovert..ဒါပေမယ့် Kateက သူ့သူငယ်ချင်းကို ပျော်အောင်ဆိုပြီး ခရိုအေးရှားရောက်တုန်း စားသောက်ဆိုင်မှာထမင်းလိုက်ကျွေးပြီး ကလပ်မှာ ပျော်ဖို့ခေါ်သွားခဲ့တာပေါ့။ ကလပ်မှာသောက်စားမူးပြီး မနက်ကျ Bethတစ်ယောက် သူတည်း နေတဲ့အခန်းမှာပဲ ပြန်နိုးလာခဲ့ပါတယ်။ဒါပေမယ့် သူ့သူငယ်ချင်း Kateကတော့ မရှိတော့ပါဘူး။ Kateတစ်ယောက်စာမလာအကြောင်းမကြားပဲပျောက်နေလို့ Bethကတော့ သူ့ရဲ့အပန်းဖြေ ခရီးလေးမှာ ရှာပုံတော်ဖွင့်ရပါတော့တယ်။ Kateက တစ်ကယ်ပဲပျောက်ဆုံးသွားတာလား။ ဒါမှမဟုတ် ဟိုးအရင်ကလို Beth ကိုဘာမှမပြောပဲထွက်သွားတာများလား....စတာတွေကို ကြည့်ရှုခံစားရမယ့် Crime, Drama, Mystery အသစ်စက်စက်လေးကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.17 GB) / (560 MB) ...
movie

The Weekend Away (2022)

2022
The Oranges (2011) 5.8
The Oranges (2011) The Oranges (2011)CM ပရိသတ်တို့ရဲ့အချစ်တော် ဒေါက်တာဂွစာကြီး ဟောက်စ်ကို နောက်ကာရိုက်တာတစ်မျိုးနဲ့ မြင်ရမယ့်ကားလေးပါဇာတ်လမ်းအကျဥ်းကတော့ နယူးဂျာဆီပြည်နယ်က Orange ဆိုတဲ့မြို့နယ်လေးမှာနေထိုင်တဲ့သိပ်ကိုခင်မင်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်စုရှိပါတယ်မိသားစုနှစ်စုက သမီးဖြစ်သူ နီနာနဲ့ ဗန်နက်ဆာတို့ဆိုလည်း ငယ်ငယ်ကအရမ်းခင်ခဲ့ကြပြီးအထက်တန်းရောက်မှ နီနာကဗန်နက်ဆာ့ကိုပလစ်ပြီး ကျောင်းကအလန်းဇယားကောင်မလေးအဖွဲ့နဲ့သွားပေါင်းခဲ့တာပါနီနာဆိုတဲ့ကောင်မလေးက မိဘအပေါ်လည်း ဂျစ်ကန်ကန်နဲ့ ကလန်ကဆန်လုပ်၊ ကောင်လေးတွေလည်းထည်လဲတွဲပြီးသူ့အသက်၂၄နှစ်အရွယ်မှာ မိဘသဘောမတူတဲ့အီသန်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့လုပ်ပြီးအီသန်ကသူ့အပေါ်သစ္စာဖောက်သွားမှ မိဘအိမ်ပြန်လာတာပါအိမ်ပြန်ရောက်တော့လည်း နီနာဆိုတဲ့ အမွှေစိန်လေးက အငြိမ်မနေပါဘူးသူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ချ်ကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦးစာကြွင်း - ဒီထဲမှာ ဒေါက်တာဟောက်စ်ရဲ့ကာရိုက်တာက ဟောက်စ်လိုမျိုး ဇွတ်တရွတ်နိုင်တယ်လို့ပြောလို့ရပေမယ့် ဟောက်စ်လိုခေါင်းမာတဲ့လူကြီးမဟုတ်ဘဲ သိပ်ကိုသဘောမနောကောင်း လိုက်လျောတတ်တဲ့လူကြီးအဖြစ် တွေ့ကြရမှာပါအပေါ်မှာပြောခဲ့တဲ့ဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်  Translated by MTAEncoded by YKFile Size : 1.58GB and 791MBQuality : 1080p Blu-Ray H264 ...
movie

The Oranges (2011)

The Judge (2014) 7.4
The Judge (2014) The Judge (2014)_____IMDb - 7.4/10  ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး ...
movie

The Judge (2014)

2014
Date Night(2010) 6.3
Date Night(2010) ဖီလ်ဖော်စတာနဲ့ကလျာဖော်စတာတို့ဟာနယူးဂျာစီပြည်နယ်မှာနေတဲ့အိမ်ထောင်သည်​လင်​မယား ၂ဦးပါ။ လင်​မယား ၂​ယောက်​ဟာ သားသမီး​တွေပြုစုရ ​ငွေရှာရ ဆို​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ အချိန်​မ​ပေးနိုင်​ကြဘူး:။ ဒီ​​တော့ သူတို့ ၂​ယောက်​ ဟာ အလှည့်​အ​ပြောင်း​လေးဖြစ်​သွား​အောင်​ အိမ်​နဲ့ခပ်​လှမ်းလှမ်းမှာရှိတဲ့ မြိုတစ်​မြို့ရဲ့ ဆိုင်​ကြီးတစ်​ဆိုင်​မှာ ​ပျော်​စရာ​တွေပြန်​ဖန်​တီးဖို့ ညဘက်​မှာချိန်း​​တွေ့ကြတယ်​ ။ဆိုင်​က နာမည်​ကြီး လူကြိုက်​များတဲ့အပြင်​ အထင်​ကရ​တွေပဲလာတတ်​​လေ​တော့ ဘွတ်​ကင်​ကြိုမလုပ်​တဲ့သူတို့အဖို့ ​နေရာ မရရှာဘူး။သူတို့လင်​မယား ၂​ယောက်​ဟာ ဘွတ်​ကင်​လုပ်​ပြီးမလာတဲ့ သူရဲ့ဝိုင်းကိုခပ်​တည်​တည်​နဲ့ဝင်​ထိုင်​ကြတယ်​။။။အဲ့ဒီမှာပြသနာစ​တော့တာပဲ။။။ လူဆိုး​တွေက အဲ့စားပွဲကို လာထိုင်​တဲ့ သူကို​​စောင့်​​နေတာပါ ဘာလို့ဆို ဘွတ်​ကင်​လုပ်​ထားတဲ့နာမည်​နဲ့လူဟာ နိုင်​ငံအကြီးအကဲ ရဲ့ လျှို့ဝှက်​ အချက်​အလက်​​တွေခိုးယူထားတဲ့သူမို့ပါ။ ​ပျော်​ချင်​လို့ ​လာတဲ့လင်​မယား ၂​ယောက်​ ၆ပါးစ​မှောက်​​တော့တာပဲ။ ကိုင်းပြိတ်​သတ်​ကြီး​ရေ အလွဲအ​ချော်​တွေနဲ့ ဟာသကား​လေး​တွေကြည့်​ချင်​တယ်​ဆိုရင်​​တော့ ကိုင်း ........ ဒီကားထဲကအဓိကသရုပ်​​ဆောင်​ တလွဲမင်းသားကြီးကို​တော့သိကြမှာပါ​နော်​File Size…(874 MB) and (355 MB) Quality…BluRay Rip 720p Format…mp4 Duration…01:27:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Saw Wunna
movie

Date Night(2010)

2010