Channel Myanmar

Lenny Kravitz

Precious (2009) 7.3
Precious (2009)  အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း‌ပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down's Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ကျောင်းက ...
movie

Precious (2009)

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
The Butler (2013) 7.2
The Butler (2013) 2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Butler (2013)

Shotgun Wedding (2023) 5.8
Shotgun Wedding (2023) Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie

Shotgun Wedding (2023)

2023
The Rugrats Movie (1998) 5.9
The Rugrats Movie (1998)  ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်  File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni   
movie

The Rugrats Movie (1998)

1998