Channel Myanmar

Li Mincheng

Deep Sea Rescue ( 2023 ) 5.9
Deep Sea Rescue ( 2023 ) နည်းပညာတွေတိုးတက်လာတာနှစ်တွေကြာလာပြီဆိုပေ့မယ် ကမ္ဘာကြီးကိုလူတွေဟာလေ့လာလို့မကုန်နိုင်သေးပါဘူး။ ဆန်းကြယ်တဲ့ရေအောက်ကမ္ဘာအကြောင်းကို Sci-fi လေးတွေ ကြိုက်သူတွေအတွက် သည်းထိတ်ရင်ဖိုsurvival ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့……ပင်လယ်ရေနက်ထဲက Hydrothermal zoneမှာရှိတဲ့သတ္တု၊ဒြပ်ထုတွေရှာဖွေလေ့လာဖို့ စူးစမ်းသူအမှတ်ဆိုတဲ့ ရေငုပ်သင်္ဘောလေးဟာ ပင်လယ်ရေနက်ထဲကို ငုပ်ဆင်းလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ပင်လယ်အောက်ခြေမြေဆီလွှာ အပြောင်းအလဲကြောင့် ရေငုပ်သင်္ဘောဟာ ပင်လယ်အောက်ရေတံခွန်ထဲကျသွားပြီး သင်္ဘောပျက်ကကြိုးတွေနဲ့ ငြိနေတာကြောင့် ရေပြင်ပေါ်ပြန်မတက်နိုင်ဖြစ်သွားပါတယ်။သူတို့အတွက်တစ်ခုထဲသောရွေးချယ်စရာက ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ဖို့ပါပဲ…… ရေငုပ်သင်္ဘောထဲမှာလူလေးယောက်အတွက် အောက်စီဂျင်အကန့်အသတ်၊ လျှပ်စစ်ဓာတ်အားအကန့်အသတ်တွေရှိတာကြောင့် အသက်ရှူတိုင်း စက္ကန့်တိုင်းဟာတန်ဖိုးကြီးပြီး အရေးကြီးလာတဲ့အခါ …… Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Deep Sea Rescue ( 2023 )

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )

Invisible Tattoo ( 2022 ) 6
Invisible Tattoo ( 2022 ) Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ....သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင်ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကိုတင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ....ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်းအဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည်ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါဝင်ရောက်လာခဲ့တယ်...ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီးချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်းသက်သေမပြနိုင်ခဲ့ပါဘူး....ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလားချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာမြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့တိုက်တွန်းလိုက်ပါတယ်....  Quality : WEB-DL 1080p Format : mp4 Genres : Drama , Action Duration : 1h 44min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Invisible Tattoo ( 2022 )

The Rescue ( 2020 ) 6.1
The Rescue ( 2020 ) ဇာတ်ကားလေးနာမည်က Rescue တဲ့ဒီဇာတ်ကားလေးကတော့ ကယ်ဆယ်ရေးအဖွဲ့က အသက်တွေစွန့်ပြီးဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာလေးကို ရိုက်ကူးပြထားတာပါ။သဘာဝဘေးကြောင့်ဖြစ်ဖြစ် မသမာသူတွေရဲ့လှည့်ကွက်ကြောင့်ဖြစ်ဖြစ်ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ ဒုက္ခရောက်သူတွေဆီအရောက်လာကယ်တင်ပေးသူတွေအကြောင်းပေါ့ဒီထဲမှာအကြိုက်ဆုံးစကားကတော့ <<ကိုယ့်အသက်ကိုစတေးပြီး တခြားသူအတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးနေသူတွေ>>တဲ့။ရာထူးတွေ အဖွဲ့အစည်းတွေ တခြားရုပ်ဝတ္ထုပံ့ပိုးမှုနဲ့မဆိုင်ဘဲ ကိုယ့်အသက်ကို စတေးရင်း တခြားသူတွေကိုမျှော်လင့်ချက်ပေးနေတဲ့သူတိုင်းက သူရဲကောင်းတွေပါ။ဒီဇာတ်ကားထဲက သူရဲကောင်းတွေရဲ့ စတေးမှု၊ ပေးဆပ်မှုတွေကို ဇာတ်လမ်းလေးကြည့်ရင်းရှာဖွေလိုက်ကြပါ Quality : WEB-DL 720pFormat : mp4Subtitle : Myanmar Sub ( Hardsub )Translated By Chu Chu
movie

The Rescue ( 2020 )