Channel Myanmar

Li Ruoxi

Sharktopus ( 2023 ) 5.8
Sharktopus ( 2023 ) တိရစ္ဆာန်ကြီးတွေနဲ့ သည်းထိတ်ရင်ဖို သွေးထွက်သံယိုတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့အတွက် ငါးမန်းဘဝဲရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-ဇိမ်ခံသင်္ဘောကြီးတစ်စင်းပေါ်မှာ လူအုပ်စုတစ်ဖွဲ့က ပျော်ပါးနေကြပါတယ်။ သူတို့ မသိကြတာက သင်္ဘောရဲ့ အောက်ခြေမှာ သိပ္ပံပညာရှင်ကျင့်ယာနဲ့ ချန်မျိုးနွယ်ကုမ္ပဏီသူဌေး ချန်ထျန်းခွင်းတို့က စမ်းသပ်မှုကြီးတစ်ခုလုပ်နေပါတယ်။ ငါးမန်းနဲ့ ရေဘဝဲမျိုးရိုး ဗီဇ နှစ်ခုကို ပေါင်းစပ်ပြီး ငါးမန်းဘဝဲမျိုးစိတ်ကို ပျိုးထောင်နေကြပါတယ်။ငါးမန်းဘဝဲရဲ့ ဦးနောက်အရည်ဟာ ရောဂါပေါင်းစုံကို ပျောက်ကင်းစေနိုင်တဲ့အတွက် သက်ရှိဆေးဖော်စပ်ဖို့ လောဘသမား ချန်ထျန်းခွင်းဟာ ငါးမန်းဘဝဲကို ပျိုးထောင်ဆေးရည် အဆမတန်ထိုးပေးခဲ့တဲ့အတွက် မိစ္ဆာကောင်ကြီးဟာ အဆမတန်ကြီးလာပြီး လူတွေကို လိုက်လံ တိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာ အစ်ကိုဖေးဦးဆောင်တဲ့ ပင်လယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဟာ တရားမဝင်သက်ရှိဆေးတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ချန်ထျန်းခွင်းကို ဖမ်းဆီးဖို့အတွက် သင်္ဘောပေါ်ကို ရောက်နှင့်နေပြီး ဖြစ်ပါတယ်။ ကျင့်ယာနဲ့ အစ်ကိုဖေးတို့တစ်တွေ ငါးမန်းဘဝဲရဲ့ အန္တရာယ်ကို ဘယ်လို ရင်ဆိုင်ကြမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Action , Horror Runtime : 1h 20 ...
movie

Sharktopus ( 2023 )

Detective Dee And Ghost Soldier Borrowed ( 2023 ) 5.9
Detective Dee And Ghost Soldier Borrowed ( 2023 ) စုံထောက်ကြီးဒီးရဲ့ ပြောမဆုံးပေါင်တောသုံးတောင် အမှုတွေထဲက ထူးဆန်းတဲ့အမှုနောက်တစ်မှုလာပါပြီ...... ဘုရင်မကြီးဝူကျယ်ထျန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပင်းကျိုးကိုပြန်လာပြီး ဘိုးဘေးကန်တော့်ဖို့ရောက်လာတဲ့အချိန်မှာ တစ်မိသားစုလုံးသတ်ခဲ့ရတဲ့ ထူးဆန်းတဲ့လူသတ်မှုဖြစ်လာခဲ့ပါတယ်။အဲဒီလိုနဲ့ပင်းကျိုးက အားထားရတဲ့စုံထောက်ကြီးဖြစ်တဲ့ ဒီးရန်ကျယ်က ဒီအမှုကိုတာဝန်ယူပြီးစုံစမ်းတော့တာပေါ့။ ဒီးရန်ကျယ်ဟာ မီးခိုးကြွက်လျှောက် အမှုကိုလိုက်ရင်း တစ်နေ့မှာတော့ တစ္ဆေလိုလိုနတ်လိုလိုပေါ်လာပြီး မရဏနန်းတော်က အမှောင်စစ်သည်ပါဆိုပြီး ဒီအမှုကိုဆက်ပြီးမစုံစမ်းဖို့ ခြိမ်းခြောက်တာပေါ့။ဒါမျိုးခြိမ်းခြောက်တာမျိုးတော့ စုံထောက်ကြီးဒီးတို့ကဘယ်မှုမလဲ...... ကဲ......စုံထောက်ကြီးဒီးကအမှုကိုဘယ်လိုဆက်ဖော်သွားလဲ အမှန်တရားကဘယ်လိုလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detective Dee And Ghost Soldier Borrowed ( 2023 )

Di Renjie and the Flying Demon Head ( 2020 ) 6
Di Renjie and the Flying Demon Head ( 2020 ) စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Di Renjie and the Flying Demon Head ( 2020 )

Taoist Priest In The Tomb ( 2023 ) 6
Taoist Priest In The Tomb ( 2023 ) ရှေးခေတ်မင်းဆက်ရဲ့ သင်္ချိုင်းမြေကြီးတစ်ခုဖြစ်တဲ့ လော့ထျန်းဟွမ်းနယ်မြေကြီး ။ ထူးဆန်းတဲ့အရာတွေကြောင့် ချိတ်ပိတ်ခဲ့တာ ကြာပေမဲ့ သင်္ချိုင်းတူးဖော်သူတွေကြောင့် လော့ထျန်းဟွမ်းရဲ့ လျှို့ဝှက်ချက်ကြီးက ပြန်လည်နိုးထလာခဲ့တဲ့အခါ ။ သူနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ရွာငယ်လေးတွေမှာလဲ ကြောက်မက်ဖွယ်ရာကိစ္စတွေဖြစ်ခဲ့ပြီး လူတွေဟာလဲ တစ်စ တစ်စနဲ့ ပျောက်ဆုံးလို့လာခဲ့ပါတယ် ။ ဒီကိစ္စတွေနဲ့ တစ်ချိန်က ပတ်သတ်ခဲ့တဲ့ ကျူးချွဲ့တစ်ယောက် ... ?❏ သူ့ရဲ့ ရွာသူရွာသား မိတ်ဆွေတွေကို ကယ်တင်ဖို့ ❏ သူတို့နေထိုင်ရာ နယ်မြေ အဒွန့်ရှည်စေဖို့ ❏ လော့ထျန်းဟွမ်း ကိစ္စကြီးမှာ သေဆုံးသွားကြပြီတဲ့ ဖခင်အတွက် ပြန်လည်လက်စားချေဖို့“သူဘယ်လိုတွေ လုပ်ဆောင်မလဲ ? လော့ထျန်းဟွမ်းရဲ့လျှို့ဝှက်ချက်ကြီးကို သူဖြေရှင်းနိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ အခုပဲကြည့်ရှူလိုက်ရအောင်ပါနော် ။” [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Mystery , Fantasy Runtime : 1h ...
movie

Taoist Priest In The Tomb ( 2023 )

Fist of Fury: Soul ( 2021 ) 6.1
Fist of Fury: Soul ( 2021 ) ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ်၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fist of Fury: Soul ( 2021 )

Murloc ( 2022 ) 5.9
Murloc ( 2022 ) လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ ကျင်လည်ကျက်စားကြသူတွေပါ။ ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် ​နေရာပြောင်းရွှေ့လာရင်း ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။ လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့် အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရ​ပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး အ​ဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။ လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက် လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့ ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ... ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့ သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို ​ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက် လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Murloc ( 2022 )

The Mermaid ( 2022 ) 6.1
The Mermaid ( 2022 ) ဒီတစ်ခါမှာCMပရိသတ်ကြီးကိုရေသူမကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီရေသူမကားကတော့ ခါတိုင်းမြင်တွေ့နေကျရေသူမတွေလို ချောမောလှပတဲ့ရေသူမလှလှလေးတွေမဟုတ်ပဲ ရက်စက်တဲ့ထူးဆန်းသတ္တဝါတွေအဖြစ်ရိုက်ထားတာဖြစ်တဲ့အတွက် မွန်းစတားကားတွေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲဖြစ်မှာပါ။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်မှာငါးဖမ်းထွက်ရင် ပိုက်ကွန်မှာငါးအကြီးကြီးတစ်ကောင်မိသွားပါတယ်။ မိထားတဲ့ငါးကြီးဟာ ငါးမဟုတ်ပဲ ရေသူမတစ်ကောင်ဖြစ်နေတာကြောင့် တစ်လှေလုံးတစ်ယောက်မကျန်ဒုက္ခရောက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ရေသူမကိုတင်လာတဲ့ကုန်ကားကိုမောင်းမိတဲ့ Hang Chi ဟာ သုတေသနခန်းထဲမှာပိတ်မိနေတဲ့ သားကိုကယ်ဖို့အတွက် ထူးဆန်းသတ္တဝါ ရေသူမနဲ့ရင်ဆိုင်ရပါတော့တယ်။ အသက်အန္တရာယ်ကြားအခက်အခဲတွေကို ဘယ်လိုသက်စွန့်စံဖျားကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ကြည့်လိုက်ကြပါဦးနော်။ Quality : WEB-DL 1080 , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Mermaid ( 2022 )

Five Elements Secret Art ( 2022 ) 6.2
Five Elements Secret Art ( 2022 ) CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်...ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ...
movie

Five Elements Secret Art ( 2022 )

Thief Female Hero ( 2021 ) 5.9
Thief Female Hero ( 2021 ) သိုင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လိုက်ဖြစ်တဲ့ ရိကျီမေဆိုတဲ့ လူချမ်းသာတွေဆီကခိုးယူပြီးဆင်းရဲသူတွေကိုပြန်မျှဝေပေးတဲ့ဇာတ်ကောင်ကို တစ်ချို့လူတွေရင်းနီးပြီးသားဖြစ်ကြမယ်ထင်ပါတယ်ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းအကျဉ်းကတော့တမင်သက္ကရာဇ်၄ခုနှစ်မှာ ယန်းဝမ်မင်းသားကျူးတိဟာစစ်သည်အင်အားနဲ့ယင့်ထျန်းကိုဝင်တိုက်ခဲ့ရာမှာဘုရင်ကျူးယွင်ကနန်းတော်ကို မီးလောင်တိုက်သွင်းခဲ့ပြီး ရွှေငွေဥစ္စာအများအပြားယူကာ ထွက်ပြေးခဲ့တယ်၊အမှုထမ်းရှန်ရှဲ့ကိုဥစ္စာတွေထိန်းသိမ်းစေခဲ့တယ်။အဲဒီရတနာပစ္စည်းတွေကြောင့်ရှန်မိသားစုလိုက်သုတ်သင်ခံရပြီး ရတနာတွေရဲ့အစကအနပျောက်ဆုံးသွားခဲ့တယ်။များပြားလှတဲ့ရတနာတွေကိုလောဘသားတွေကမျက်စိကျနေပြီးထူဖူနန်းတော်ကလျိုကုန်းကုန်း နဲ့ နန်းတော်အစောင့်တပ်တို့က ထိပ်တိုက်ရန်စောင်နေကြတယ်။လျိုကုန်းကုန်းကအစောင့်တပ်ကိုရှင်းပစ်ပြီး တမင်ရတနာသိုက်မြေပုံရဖို့အတွက် ရတနာလေလံပွဲကိုအယောင်ပြကျင်းပတဲ့အချိန်မှာနာမည်ကျော်သူခိုးရိကျီမေကဝင်ရောက်ပွဲဖျက်ပါတော့တယ်။ရိကျီမေချောင်ပိတ်မိချိန်မှာ အစောင့်တပ်ဖွဲဒုတပ်မှူးမုဖုန်းက အယောင်ဆောင်ကူညီပြီးထွက်ပြေးခဲ့ကြတယ်။နာမည်ကျော်ရတနာသိုက်ရှာဖွေကြတဲ့အပြင် လွန်ခဲ့တဲ့၁၆နှစ်ကသွေးကြွေးကိုဆပ်ဖို့ကြိုးစားတဲ့ ရိကျီမေ။နန်းတော်စောင့်တပ်ဖွဲ့ဝင် မုဖုန်း။ သူ့ရဲ့နောက်ကြောင်းကရောရိုးရှင်းပါ့မလား။အညှိုးအတေးတွေကိုလက်စားချေရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာသိုက်မြေပုံနဲ့ရတနာသိုက်ရှာပုံတော်ဖွင့်ကြတဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးကို ဆက်လက်ကြည့်ရှုကြပါနော်။ Quality : WEB-DL 1080pFormat : mp4Genres : Action , AdventureDuring : 1h 30 minSubtitle : Myanmar Subtitle ( hardsub )Translated By Nu MonEncoded By LK
movie

Thief Female Hero ( 2021 )