Channel Myanmar

Liam Hemsworth

Land of Bad (2024) 6.5
Land of Bad (2024) ဒီတစ်ခါတင်ဆက်ပေးမှာတော့ သရုပ်ဆောင်အပိုအလိုမရှိတဲ့ မင်းသားကြီး Russell Crowe ရဲ့ Action ကားသစ်လေးတစ်ကားပါ......ဒီကားထဲမှာတော့ သူက ဒရုန်းစစ်ဆင်ရေး ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်.....ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံထားရတဲ့ စီအိုင်အေ အေးဂျင့်တစ်ယောက်ကို သွားကယ်ထုတ်ရမှာပါ.....ပြန်ပေးဆွဲထားတဲ့သူကလည်း သတင်းအရ ရုရှား ကေဂျီဘီဟောင်း နဲ့ လက်နက်ကုန်သည်တစ်ယောက်ဆီမှာပါ.....အဲဒီလိုနဲ့ သူတို့ရဲ့ ပစ်မှတ်ဆီရောက်တော့ သူတို့ကယ်ရမဲ့ သူကိုဖမ်းထားတဲ့ လက်နက်ကုန်သည်က အဲဒီဒေသက အာဘူလ်အေရိဖ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်နေတာကိုပါ မြင်သွားပြီး ဘာတွေဆက်ဖြစ်လာမလဲ သူတို့ စစ်ဆင်ရေးက ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မလား.....ဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး......ရိုက်ပြထားတဲ့ ရိုက်ချက်လေးတွေ ရှင်းလင်းသေသပ်ပြီး IMDb ကလည်း 6.5 ဆိုတော့ ကြည့်ရတန်မဲ့ကားလေးတစ်ကားလို့ပဲ ညွှန်းလိုက်ချင်ပါတယ်..... File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Garfield
movie

Land of Bad (2024)

The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
The Hunger Games: Mockingjay – Part 1 (2014) 6.6
The Hunger Games: Mockingjay – Part 1 (2014) The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie

The Hunger Games: Mockingjay – Part 1 (2014)

2014
4K HEVC
The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
Killerman(2019) 5.7
Killerman(2019) Killerman(2019)============= Liam Hemsworthပါဝင်ထားတဲ့ Killermanဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ရတနာကုန်သည်တဖြစ်လည်း ငွေကြေးခဝါချသူလည်းဖြစ်တဲ့ မိုးဒိုင်းမွန်းဟာ သူ့သူငယ်ချင်းစကန့်နဲ့ပေါင်းပြီး ကြေးကြီးတဲ့အလုပ်ကိုလက်ခံထားပါတယ်။ အလုပ်အပ်သူက စကန့်ရဲ့ဦးလေး။အလုပ်မပြီးသေးခင် စကန့်ဦးလေးက ပိုက်ဆံကိုခဏသိမ်းထားပြီး အလုပ်ကိုလည်းဆိုင်းထားဖို့ပြောလာတယ်။အဲဒါကိုစကန့်က လက်ထဲမှာရှိနေတဲ့ သူ့ဦးလေးပိုက်ဆံနဲ့ ဆေးကုန်ကူးဖို့လုပ်တယ်။အရောင်းအဝယ်လုပ်နေတုန်းရဲတွေလာဖမ်းလို့ထွက်ပြေးကြရင်း ကားမတော်တဆမှုဖြစ်ပြီး မိုးကအတိတ်မေ့သွားပါတော့တယ်။အဲဒီကနေစလို့ အရာရာဟာလွဲကုန်ပါတော့တယ်။ File size…1.87GB / 680MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Killerman(2019)

Cut Bank(2014) 6.2
Cut Bank(2014) Cut Bank(2014)============Cut Bank ရုပ်ရှင်လေးကတော့ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင်Liam Hemsworth၊ John Malkovich၊ Billy Bob Thornton အစရှိတဲ့နာမည်ရှိပြီးသား သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင်ဇာတ်လမ်းလေးကလည်း သည်းထိတ်ရင်ဖိုစရာလည်းကောင်းတော့ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာပါ။ဒီဇာတ်လမ်း‌လေးမှာ အဓိကဇာတ်ကောင်က နေရပ်ကို စွန့်ဖို့ လုပ်ရင်းအသက်ဘေးနဲ့ ကြုံလာရပါတယ်။ ဇာတ်ရှိန်ရလာတာနဲ့အမျှ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ plot twist တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သင်က suspense၊thriller ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ဖို့ တိုက်တွန်းပါတယ်။ ဝါရင့် ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု၊ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းမှုတို့က သင့်အတွက် ကြည့်ရကျိုးနပ်စေမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.80GB / 592MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle ...
movie

Cut Bank(2014)

Poker Face (2022) 5.3
Poker Face (2022)  ဒီရုပ်ရှင်ကတော့ မင်းသားကြီး ရပ်ဆဲခရိုး ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ လီယံဟမ်းဆွာ့လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ အမျိုးအစားကတော့ Mystery, Thriller အမျိုးအစားပါပဲ။ဂျိတ်၊ ပေါလ်၊ အဲလက်၊ ဒရူး စတဲ့ သူငယ်ချင်းတွေဟာ ငယ်စဉ်ကတည်းက ပိုကာဖဲကစားနည်းမျိုးစုံကို ဝါသနာပါတဲ့လူတွေပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျိတ်ဟာ ကမ္ဘာ့ပထမဆုံး ပိုကာအင်တာနက်စနစ်ကို တီထွင်ခဲ့တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဂျိတ်ဟာ သူရဲ့မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကို ပြန်ဖိတ်ခေါ်ပြီး ပိုကာတစ်ပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပိုကာညဟာ သာမန်မဟုတ်ဘဲ အလှည့်အပြောင်းတွေ ပဟေဠိတွေဖြစ်လာတဲ့အခါ...File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. ...
movie

Poker Face (2022)

The Dressmaker (2015) 7.0
The Dressmaker (2015) The Dressmaker (2015)================= IMDb Rating - 7.0/10လူနေကြဲပါးလှတဲ့ တောမြို့လေးတစ်မြို့မှာ ကလေးမလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ကို သတ်လိုက်တယ်လို့ စွပ်စွဲခံရပြီး တစ်ရပ်တစ်ကျေးအပို့ခံခဲ့ရတယ်။ နောက်၂၅နှစ်အကြာမှာ သူနာမည်ကြီး အဝတ်ချုပ်သမဖြစ်ပြီးနောက် အဲဒီမြို့ကလေးဆီပြန်ရောက်လာခဲ့တယ်။ သူလုပ်ခဲ့လား သူမလုပ်ခဲ့လားတော့ သူလည်းသေချာမသိသလို ဘယ်သူမှလည်း သေချာမသိကြပါဘူး။ ဒါပေမဲ့ လူတွေရဲ့လှံဟာမြေနိမ့်တဲ့အရပ်ကိုပဲ စိုက်တတ်တဲ့ သဘာဝအတိုင်း သူ့ကိုပယ်ကြဉ်ထားခဲ့ကြတယ်။သူကတော့ သူတတ်တဲ့အတတ်နဲ့ ဒီလူတွေနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားကြည့် ခဲ့တာပေါ့။ ဒါမေမဲ့လည်း အားလုံးပြောကြသလို သူတကယ်ပဲ ကျိန်စာမိနေလား မသိရအောင် သူ့ဘေးကလူတွေပဲ ထိခိုက်လာတဲ့နောက်......ခင်မောင်ရင်ပြောဖူးတဲ့စကားရှိတယ်။ " ဘ၀ကိုယ်တိုင်ကိုက အမှားတွေနဲ့ ပြည့်နေတာပဲမို့လား။ စမ်းတဝါးဝါးလျှောက်ရင်း အမှားတွေကြုံရင်း ပြန်ပြင်ဆင်ရင်းနေရတာကိုက ဘ၀ပါပဲ။ ဒီလိုပဲ ကျုပ်လည်း အမှားတွေကို လုပ်တယ်။ ဒါကြောင့်ပဲ ကျုပ်ရှင်သန်နေတာပေါ့။ အမှားတွေလုပ်နေတယ် ဆိုတာ ရှင်သန်နေလို့ပဲကိုး"တဲ့။လူတွေဟာ အမြဲအမှားတွေလုပ်နေကြ ပြန်ပြင်ဆင်နေကြတာပါပဲ။ မြေနိမ့်လို့ အခွင့် အရေးမရခဲ့သူတို့ကတော့ ပြင်ရခက်ကြတယ်။ ဒီလောကထဲရောက်လာကတည်းက မှားဖို့ ပြင်ကြဖို့ ရောက်လာတာလို့ ဆိုကြတယ်မို့လား။ အဲ့တော့လက်မလျှော့တမ်း ပြင်ကြဆင်ကြတာပေါ့။ ခင်ဗျားမှာလည်း အမှားတွေရှိဖူးတယ်ဆို ဒီရုပ်ရှင်ဟာ ခင်ဗျားကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။တစ်ချိန်က ပန်းချီတစ်ချပ်နဲ့ ကမ္ဘာကိုကိုင်လှုပ်ဖူးတဲ့ မမကိတ်ဝင်းစလက်က အဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားသလို ...
movie

The Dressmaker (2015)

2015
The Expendables 2 (2012) 6.6
The Expendables 2 (2012) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.6/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie

The Expendables 2 (2012)

2012
HEVC 1080p 5.1
Paranoia (2013) 7.8
Paranoia (2013) ဒီကားလေးကတော့ တကယ့် Thrillerဇာတ်ကောင်းလေးပါ. ဇာတ်ကွက်အပြောင်းအလဲတွေနဲ့ ပရိသတ်ကို အဆုံးသတ်ထိဆက်ကြည့်စေချင်မယ့် ဇာတ်ကားလေးဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ ငယ်င‌ယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့ အဒမ်ကတ်စီဒီဟာ နာမည်ကြီး နည်းပညာကုမ္ပဏီဖြစ်တဲ့ ဝိုက်စ်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ ပရောဂျက်ကို တင်ပြခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်. အဒမ်သာ လူငယ်ပီပီ မိုက်ရုးရဲဆန်စွာနဲ့ ပရောဂျက်လုပ်ဖို့ ကုမ္ပဏီကပေးထားတဲ့ ထောက်ပံ့ငွေကို သုံးပြီး သူငယ်ချငိးတွေနဲ့ ပျော်ပါးသောက်စားပစ်ခဲ့ပ့ါတယ်. အဲ့ကိစ္စကို ဝိုက်စ်ဖက်ဒ်က သိတဲ့အခါမှာ သူ့ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲမယ် ငြိမ်းခြောက်ပြီး သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ အိုက်ကွန်ကုမ္ပဏီရဲ့နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူဖို့ အတင်းအကြပ်ခိုင်းခဲ့ပါတယ်. အဒမ်ဟာ အိုက်ကွန်ကုမ္ပဏီရဲ့လူယုံဖြစ်လာတဲ့အခါမှာတော့ ကုမ္ပဏီနှစ်ဦးရဲ့လှည့်ကွက်တွေကို နားလည်ပြီး သူဟာဓားစာခံဖြစ်မှန်းမသိပဲ ဖြစ်နေခဲ့တာကိုပါနလည်ခဲ့ပါတယ်. အဒမ်ဟာ ကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်မှုကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်အားထုတ်သွားတယ်. ကုမ္ပဏီကြီးတွေရဲ့ပြိုင်ဆိုင်မှုက ဘယ်လောက်ထိနက်နဲတယ်ဆိုတာကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါရစေဗျာ...   File Size -  1gb Quality - bluray 1080p Subtitle -  burmese Translator - YK Encoder - XCode
movie

Paranoia (2013)

2013
Arkansas (2020)
Arkansas (2020) Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီးဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊မြင်လည်းမမြင်ဖူးပါဘူး။နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါသူတို့အကျပ်ရိုက်သွားပါတယ်။ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်းဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့....ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 404 MB) Quality : BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Arkansas (2020)

Independence Day: Resurgence(2016) 5.2
Independence Day: Resurgence(2016) Independence Day: Resurgence(2016)ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလိုမစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် ...ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက်သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည်ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး SCRN ပဲဖြစ်ပါတယ်။)File Size : (2.13GB)(857MB) and (313 ...
movie

Independence Day: Resurgence(2016)

2016
Isn’t It Romantic (2019) 6.1
Isn’t It Romantic (2019) ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက်အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ..ရှုပ်များသွားသလား မသိဘူး။ငယ်ဘဝမှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့်အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ...စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာသူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက်တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့..နာတာလီလေးတစ်ယောက် လက်တွေ့ဘဝထဲပြန်ထွက်လာမလား..သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘဝမှာ ပျော်မလားဆိုတာတော့ကြည့်လိုက်ကြပါဦးလို့Translated by Sane Khet Encoded by sithu
movie

Isn’t It Romantic (2019)

2019
The Last Song (2010) 5.9
The Last Song (2010) ကဲ ရိုမန်တစ်​ဆန်​ဆန်​ကား​လေး​တွေကြည့်​ချင်​သူ​တွေအတွက်​ ဇာတ်​ကား​ကောင်း​လေးလာပါပြီThe last song ဇာတ်​ကား​လေးဟာ 2010ခုနှစ်​ကထွက်​ရှိထားတဲ့ romance ရုပ်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 5.9/10ရရှိထားပါတယ်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အဆို​တော်​ မိုင်​လီဆိုင်းရပ်​စ်​နဲ့ချစ်​သူမင်းသား​ချော Liam Hemsworthတို့ဖြစ်​ပါတယ်​...Liam ကိုအရမ်းချစ်​တဲ့မိုင်​လီတစ်​​ယောက်​ ဘယ်​လိုအသက်​ပါပါသရုပ်​​ဆောင်​သွားမလဲဆိုတာ စိတ်​၀င်​စားစိတ်​၀င်​စားစရာပါဇာတ်​လမ်းအကျဉ်းက​တော့ဆယ်​​ကျော်​သက်​​ကောင်​မ​လေး Ronnie ဟာ မိခင်​ဖြစ်​သူနဲ့သာ​နေရတဲ့​ကောင်​မ​လေးဖြစ်​ပါတယ်​....​​နွေရာသီ​အားလပ်​ရက်​​ရောက်​တဲ့အခါ မိခင်​ဖြစ်​သူက Ronnie နဲ့​မောင်​ဖြစ်​သူကို ကွဲကွာ​နေတဲ့ဖခင်​ဆီ ပို့လိုက်​ပါ​တော့တယ်​...ဖခင်ကိုအြ​​မင်မ​ကြည်​တဲ့ Ronnie ကို ဖခင်​ဖြစ်​သူမှ ၂​ယောက်​စလုံးဝါသနာပါတဲ့သီချင်း​တွေနဲ့ Ronnie တစ်​​ယောက်​ စိတ်ေ​ပြသွားအောင်​ဆွဲ​ဆောင်​ပါ​တော့တယ်​.....Ronnie လည်း မြို့ခံနယ်​သား​လေး တစ်​​ယောက်​နဲ့ချစ်​ကြိုက်​မိပါ​တော့တယ်​....Ronnie ဖခင်​နဲ့ပြန်​​ပြေလည်​သွားမလား....အချစ်​​ရေးက​ရော​ဖြောင့်​ဖြူးမှာလားဆိုတာ ကြည့်​ရှုလိုက်​ပါဦး​နော်​ File Size : (900 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 47min Format : Mp4 Genre :Drama, Music, Romance Subtitle : Myanmar ...
movie

The Last Song (2010)

2010
Triangle (2009) 6.9
Triangle (2009) Triangle (2009) IMDb - 6.9/10_______Rotten - 80%    တစ်ကိုယ်တည်း ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jess တစ်ယောက် သူငယ်ချင်း တစ်ချို့နဲ့ ပင်လယ်ပြင် ရွက်လွှင့်ခရီးမှာ ရွက်လှေမှောက်ပြီး ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောရောက်သွားပြီး တစ်ယောက်ယောက်က သူတို့ကို လိုက်လံသတ်ဖြတ်ချင်းကိုခံရတဲ့အခါ ဘလာဘလာဘလာ..... ဒီအတိုင်းဆိုရင်တော့ သာမန် လူသတ်ကားတစ်ကားလို့ပဲ ထင်မိကြမှာပါလေ ဒါပေမယ့် လုံးဝမဟုတ်ပါဘူး ကြည့်ဖူးသမျှ လူသတ်ကားတွေလိုမဟုတ်ပဲ လုံးဝကွဲထွက်သွားတဲ့ ဇာတ်အိမ်မျိုးပါ (ဥပမာ ကိုယ့်သူငယ်ချင်းတွေကိုပဲ ကြိမ်ဖန်များစွာ သတ်နေရတဲ့ဖြစ်ရပ်မျိုး) ငရဲ ကို လက်တွေ့ကြကြဖော်ညွှန်းထားတဲ့ ပုံစံမျိုးလို့ပြောလို့ရပါတယ် ကြည့်ပြီးသွားရင်တောင်မှ အတွေးစအရှည်ကြီးတွေ တန်းလန်းကျန်ခဲ့မဲ့ ဇာတ်ကားမျိုးပါ လုံးဝ လက်မလွှတ်သင့်တဲ့ကားပါ ဒီဇာတ်ကားကတော့ October 2009 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb rating ကတော့ 6.9 ရရှိထားပါတယ်အညွှန်းရေးပြီး ဘာသာပြန်ပေးတာကတော့ ကျွန်တော် Htaung At ပါ (P.S. ဒါတောင်မပြောပဲချန်ထားတဲ့ မြှပ်ကွက်တွေအများကြီးရှိသေးတယ်)File Size - 708 MB Translator - Htaung At Encoder - Kyaw Ye ...
movie

Triangle (2009)

2009