Channel Myanmar

Liev Schreiber

The Omen (2006) 5.5
The Omen (2006) ဒီကားလေး အကြောင်းကတော့ ညွှန်းစရာသိပ်မရှိသလိုပဲ။ကြည့်ကြည့်လိုက် ကောင်းမှန်းသိသွားလိမ့်မယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။   IMDB Rating ကတော့ 5.6 ပဲရရှိထားတယ်ဆိုပေမယ့် Horror ကားအေးအေး ကောင်းကောင်းလေးတွေ ကြိုက်သူတွေအတွက် နှစ်သက်စရာဖြစ်မှာပါ။   ဇာတ်လမ်းအကျဉ်းကတော့ သံအမတ်တစ်ယောက်ဖြစ်တဲ့ Robert Thorn တစ်ယောက် သူ့မိန်းမကလေး ဆုံးသွားတာကို စိတ်ထိခိုက်မှာစိုးလို့ တခြားအချိန်တူတူမှာမွေးတဲ့ ကလေးတစ်ယောက်ကိုမွေးစားလိုက်ပါတယ်။   အဲဒီကလေး ငါးနှစ်ပြည့်မွေးနေ့မှာ ကလေးထိန်း ကိုယ့်ကိုကိုယ်သတ်သေသွားရာကစပြီး ကလေးနဲ့ပတ်သက်လို့ ထူးခြားတာတွေတစ်ခုခြင်းကိုလိုက်စုံစမ်းရင်း ကလေးအကြောင်းကိုသိသွားတဲ့အခါမှာတော့....   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.5.1.x264 . NVEE Translated by d3mon Encoded by Thanhtike Zaw
5.5
IMDB: 5.5/10 52,313 votes
movie

The Omen (2006)

2006
Blu-Ray 720p
Ransom(1996) 6.6
Ransom(1996) Ransom(1996) IMDb...6.6,,,Rotten...76% ဒီကားကိုကြည့်နေတဲ့ ခင်ဗျားဟာ  ဇာတ်လမ်းစပြီး မိနစ်(၂၀)လောက်မှာ တစ်ကားလုံးခြုံငုံသုံးသပ်မိသွားပြီ. ..ဘာလို့ဆို စစချင်း အဓိက သရုပ်ဆောင်ဖြစ်တဲ့ မဲလ်ဂစ်ဆင်ရဲ့ အကြောင်းကိုစပြတယ်.. သူဟာ လူချမ်းသာတစ်ဦးဖြစ်တယ် ချစ်စရာဇနီးလေးနဲ့ လိမ္မာတဲ့သားလေးတစ်ယောက်ရှိတယ်.. သိပ်မကြာဘူး သူ့ရဲ့သားကိုပြန်ပေးဆွဲတယ်..ပြန်ပေးဆွဲသူက ဒေါ်လာ သန်း(၂၀)နဲ့ကလေးကို လာရွေးဖို့ပြောတယ်... ကလေးကိုပြန်ရွေးဖို့ ရဲတွေနဲ့အလုပ်ရှုတ်ကြတယ်. ..ဒီမှာတင်ခင်ဗျားဟာ သမရိုးကျကားလို့ ဒီကားကို သုံးသပ်မိလိမ့်မယ်.. ..အဲ့အတွေးဟာ နောက်ပိုင်းမှားယွင်းကြောင်းတဖြည်းဖြည်းပြသွားလိမ့်မယ်.. .ဒါရိုက်တာဟာ ခင်ဗျားမမျှော်လင့်တဲ့ ဖြစ်ရပ်တွေ ခင်ဗျားမမြင်မိ မတွေးမိ တဲ့ ရှုထောင့်တွေကို တစ်စစီဆွဲထုတ်ပြလိမ့်မယ်.. . ဖခင်တစ်ယောက်ရဲ့နေရာမှာ ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုလုပ်မလဲ..မဲလ်ဂစ်ဆင်ရဲ့လုပ်ရပ်တွေဟာ ဖြစ်သင့်လား .. .ဒါမှမဟုတ် ခင်ဗျားတို့ကရော သူ့လုပ်ရပ်ကိုထောက်ခံမှာလား. .. ကျွန်တော်တို့ လူငယ်တွေကြား ပြောတတ်တဲ့စကားလေးရှိတယ် ဒီကိစ္စက မင်းထင်သလောက်မရိုးရှင်းဘူးကွဆိုတဲ့စကားကို ဒီမှာလည်း ယူသုံးရမယ်ထင်တယ် . ..ဒီကားကလည်း ခင်ဗျားတို့ထင်သလောက်မရိုးရှင်းဘူးဗျ.... File Size : (900 MB) and (338 MB) Quality : Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded ...
6.6
IMDB: 6.6/10 107,441 votes
movie

Ransom(1996)

1996
Blu-Ray720p
Isle of Dogs (2018) 8.1
Isle of Dogs (2018) ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ် ဒါပေမယ့် ဒီကားဟာ IMDB 8 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင် လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ် အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ် ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ် နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ် အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ် ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး ...
8.1
IMDB: 8.1/10 46,954 votes
movie

Isle of Dogs (2018)

2018
Blu-Ray 720p
The Sum of All Fears(2002) 6.4
The Sum of All Fears(2002) The Sum of All Fears(2002) IMDb......6.4 ဒီကားမှာပါဝင်သရုပ်ဆောင်ထားတာက Ben Affleck, Morgan FreeYman, တို့ဆိုပေမယ့် imdb အနေအထားအရ အားမရချင်သလိုဖြစ်မိတော့ စိတ်မပါသလိုကြည့်မိတယ်.... သို့သော် ကျွန်တော့် အထင်အနဲ့အမြင် ဟာ ၁၀ မိနစ်တောင်မခံပါဘူး ..ကားက စကထဲက စိတ်ဝင်စားစရာတွေဆွဲခေါ်သွားတယ်... .ဒီကားထဲမှာ morgan freeman က စီအိုင်အေဒါရိုက်တာ...Ben Affleck က သမိုင်းပညာရှင်.... တစ်နေ့ ရုရှားသမ္မတ ရုတ်တရက်ဆုံးသွားတော့ သမ္မတသစ်တက်လာတယ်.... အမေရိကန်သမ္မတက ရုရှားသမ္မတသစ်တက်တယ်ဆိုတော့ သမ္မတသစ်ရဲ့အခြေအနေကို သိလိုတယ်...ဒါကြောင့် စီအိုင်အေဒါရိုက်တာက ရုရှားကိုသွားတယ် ...သွားတဲ့နေရာမှာ ရုရှားခရီးစဉ်အဆင်ပြေစေဖို့ နောက်တက်မယ့် ရုရှာ သမ္မတအကြောင်းရေးသားတာမှန်နေတဲ့ စာရေးဆရာ Ben Affleckကိုခေါ်သွားတယ်.. ...သူတို့ခရီးစဉ်ကပြန်လာပြီး သိပ်မကြာဘူး အမေရိကန်မှာ မမျှော်လင့်ဘဲ နျူကလီးယားဗုံး တစ်လုံးမြို့တစ်မြို့မှာပေါက်သွားတယ်.... ..ကိုင်းဆက်ပြောရင် spoilerဖြစ်သွားမို့စိုးလို့ ခံစားကြည့်လိုက်ပါဦးလို့...သေချာတယ်ခင်ဗျားတို့ ဒီကားကြည့်ပြီးရင် IMDb...6.4ကို နည်းလိုက်တာလို့ ရေရွတ်မိမှာသေချာတယ်... File Size…(850MB) and (402MB) Quality…BluRay 720p Format…mp4 Duration…01:30:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by ...
6.4
IMDB: 6.4/10 91,902 votes
movie

The Sum of All Fears(2002)

2002
My Little Pony: The Movie (2017) 6.3
My Little Pony: The Movie (2017) အခုမိတ်​ဆက်​​ပေးမယ့်​ ဇာတ်​ကား​လေးက​တော့ ၂၀၁၇ ထွက်​ My little pony ဆိုတဲ့ကား​တွန်းကား​လေးပါ ဒီကား​လေးက​တော့ ကာတွန်းကား​တွေရဲ့ ထုံးစံအတိုင်း ​ပေါ့​ပေါ့ပါးပါးမြူးမြူးကြွကြွ​လေး ရိုက်​ကူးထားတာပါ မြင်းတိုင်းပြည်​မှာ နတ်​မြင်းပျံမင်းသမီး​လေး ၄ ​ယောက်​ရှိပါတယ်​ သူတို့ထဲ ကမှ တွိုင်းလိုက်​က​တော့ ခင်​မင်​မှုရဲ့ မင်းသမီး​လေးပါ သူဟါ တခြားမင်းသမီး​တွေ​လောက်​ သူ့ကိုယ်​သူ ​မှော်​အစွမ်းမရှိဘူးလို့ ထင်​​နေပါတယ်​ တစ်​​နေ့​တော့ သူတို့တိုင်းပြည်​မှာ ပွဲ​တော်​​လေးတစ်​ခုစီစဉ်​​နေတုန်းမှာ မုန်​တိုင်းသခင်​ကြီးရဲ့ ကျုး​ကျော်​မှုကို ခံရပြီး မင်းသမီး ၃ ပါးလုံး ဖမ်းခံရပါတယ် ​ တွိုင်းလိုက်​က​တော့ သူ့သူငယ်​ချင်း​တွေရဲ့ အကူအညီနဲ့ လွတ်​​မြောက်​သွားပြီး သူတို့တိုင်းပြည်​ကို ကယ်​တင်​ဖို့ သူ့တာဝန်​ဖြစ်​လာပါ​တော့တယ်​ ဒီအချိန်​မှာ သူတစ်​​ယောက်​တည်းအင်​အားနဲ့ မဟုတ်​ဘဲ သူငယ်​ချင်း​တွေနဲ့အတူ တက်​ညီလက်​ညီကြိုးစားကြပုံကို ချစ်စဖွယ် သီချင်း​လေး​တွေနဲ့ ​​​ဝေ​ဝေဆာဆာ ရိုက်​ကူး​ပေးထားတာပါ ​နောက်​ဆုံး​တော့ သူငယ်​ချင်းတစ်​စု ဘာ​တွေကြုံပြီး တိုင်းပြည်​ကို ဘယ်​လိုကယ်​တင်​ကြလဲ ဆိုတာ ကြည့်​ရှုအား​ပေးကြပါဦး   File ...
6.3
IMDB: 6.3/10 3,210 votes
movie

My Little Pony: The Movie (2017)

2017

Genres