Channel Myanmar

Lili Rich

The Bricklayer (2023) 5.5
The Bricklayer (2023)  Dark Knight ရုပ်ရှင်ထဲက ဟာဗေးဒန့်အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Aaron Eckhart ရဲ့ အက်ရှင်ကားအသစ်ပါ။မင်းသမီးကတော့ Vampire Diaries ဖန်တွေရဲ့အချစ်တောNina Dobrev ပဲ ဖြစ်ပါတယ်။စုံထောက်အက်ရှင်အမျိုးအစားမို့ အပန်းဖြေ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီးစီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။ စီအိုင်အေက သတင်းပေါက်ကြားပြီးသူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကိုလွှတ်လိုက်ပါတော့တယ်။ အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကိုကြည့်ရမှာပါ.... File size…2.00 GB / 914 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. ...
movie

The Bricklayer (2023)

The Protégé (2021) The Protege 6.6
The Protégé (2021) The Protege IMDb Rating (6.6) / Rotten Tomatoes (60%)နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q.. မားသားဖက်ခါကြီး Samuel L. Jackson နဲ့ မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​ ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ်။ကြေးစားလူသတ်သမား မူဒီဟာ ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို ​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ... အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်... တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်... ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ... နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ...။မင်းသမီးလည်းမိုက် မင်းသားတွေကလည်း ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့ ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့ အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Pyi T Nyein နဲ့ Chit Tee တို့မှ တင်ဆက်ထားပါတယ်။)File size…(1.8 GB) / (1 GB) / (500 MB)Quality…WEB-DL 1080p / 720p ...
movie

The Protégé (2021) The Protege

Jolt (2021) 5.4
Jolt (2021) Jolt (2021)==========IMDb Rating - 5.4/10ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်းပြထားပါတယ်။လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသထိန်းရရှာပါတယ်။ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူအဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့်ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှအဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီးပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ...
movie

Jolt (2021)

2021
Till Death 6.2
Till Death Till Death (2021) Megan Fox ရဲ့ ဇာတ်ကားသစ် ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင် အမ်မာ အနေနဲ့ ပါဝင်ထားတာမို့ အတော်မိုက်ပါကြောင်း အမ်မာဆိုတာ သူ့ကိုအထက်စီးကပဲဆက်ဆံလေ့ရှိပြီး လွှမ်းမိုးချုပ်ကိုင်လွန်းတဲ့ ယောကျ်ားဖြစ်သူမာ့ခ်ရဲ့လက်ကနေ လွတ်မြောက်ချင်နေသူတစ်ယောက်  ပြောရရင် မာ့ခ်ရဲ့လက်အောက်ဝန်ထမ်း တွမ်နဲ့နောက်မီးပါလင်းနေတာပေါ့ဒီလိုနဲ့ အမ်မာတစ်ယောက် မာ့ခ်နဲ့ ၁၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မတိုင်ခင်ညမှာ တွမ်နဲ့လမ်းခွဲခဲ့ပြီး နှစ်ပတ်လည်နေ့မှာ သူတို့မင်္ဂလာဦးတုန်းကတည်းခဲ့ဖူးတဲ့ ရေကန်ဘေးကအပန်းဖြေအိမ်လေးဆီ သွားကြပါလေရောနှစ်ပတ်လည်ညမှာ ပန်းတွေ ဖယောင်းတိုင်တွေနဲ့ ရိုလို့မှမဆုံးသေး နောက်တစ်နေ့မနက်မှာ အသက်ကုန်နေတဲ့​ယောကျ်ားဖြစ်သူရဲ့အလောင်းကြီးနဲ့ လက်ထိပ်ခတ်လျက်သား အမ်မာတစ်ယောက်နိုးထလာရပါတော့တယ်ဇာတ်ကားနာမည် Till Death ဆိုတဲ့အတိုင်းပဲသေအတူရှင်မကွဲပေါ့နော်။ အရိုတစ်လိုင်းတော့မဟုတ်ဘူး Mystery Horror ပါတဲ့။ ဘယ်လိုတွေအမှုပတ်မယ်ဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးReview by MTA Translated by MTA, JoJoVa Encoded by AugustFile size…1.8 GB and 960MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) .
movie

Till Death

2021
Infinite(2021) 7.0
Infinite(2021) Infinite(2021) အညွှန်း**********************သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန်သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေတက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ ...
movie

Infinite(2021)

HEVC 1080p 5.1