Channel Myanmar

Linda Hart

A Perfect World(1993) 7.5
A Perfect World(1993) A Perfect World(1993)IMDb....7.5,,,,Rotten...79%အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်....သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်... အလွယ်တစ်ကူလွတ်မြောက်သွားတယ်..... ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်... ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်.... သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်....ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်... ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်.... လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်.... သူတို့လွတ်မြောက်မလား ......ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ... ခံစားကြည့်လိုက်ပါဦး........သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre :  Crime, Drama, Thriller Subtitle ...
movie

A Perfect World(1993)

1993
The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie

The Insider(1999)

1999
Get Shorty (1995) 6.9
Get Shorty (1995) Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie

Get Shorty (1995)