Channel Myanmar

Linda Ko

Never Been Chris’d (2023) 5.4
Never Been Chris’d (2023) Never Been Chris'd (2023) =====================နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူး‌လေးပုံဖော်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတို‌ဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်‌လမ်းလေးစတင်ပါတော့တယ်။ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ ...
movie

Never Been Chris’d (2023)

2023
Guiding Emily (2023)
Guiding Emily (2023) Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.8 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Drama, romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Guiding Emily (2023)

Married by Mistake (2023) 5.7
Married by Mistake (2023) Married by Mistake (2023)IMDb - 5.8ပူပူနွေးနွေး MBAဘွဲ့ရထားတဲ့ ရိုင်လီတစ်ယောက် ငယ်ငယ်တည်းက မျှော်မှန်းခဲ့ရာအလုပ်ကို လက်မတင်လေး ဆုံးရှုံးလိုက်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ နိတ်လို့ခေါ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့အတူ မူးကွဲနေအောင်သောက်မိရာက မနက်လင်းတော့ ဘုရားတရပါပြီ။ ဝတ်လစ်စလစ်နဲ့ တစ်ကုတင်တည်းအတူ တက်အိပ်နေကြတဲ့အဖြစ်ကို တွေ့‌လိုက်ရတာပါ။ လက်သန်းကြွယ်မှာလည်း လက်စွပ်ကိုယ်စီနဲ့ပါပဲ။ ဆိုတော့ မည်သို့မည်ပုံဖြစ်သွားသည် မသိသော်ငြားလည်း နိတ်နဲ့ ခေါင်းချင်းရိုက်တိုင်ပင်ကြတော့ အကြံတစ်ခုထွက်လာပါတယ်။ စီးပွားရေးဘွဲ့လက်မှတ်ကြီးကိုင်ပြီး အလုပ်မရှိလို့ အနာဂတ်ပျောက်နေတဲ့ ရိုင်လီကတစ်ဖက်၊ မိသားစုစီးပွားရေးလုပ်ငန်းမှာ အရှုံးပေါပြီး ဒေဝါလီခံရလုနီးနီးဖြစ်နေတဲ့ နိတ်ကတစ်ဖက်မို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် လက်ထပ်လျက်သား ဆက်နေပြီး နိတ်တို့စီးပွားရေးလုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။Romanceနဲ့ Comedy ပေါင်းထားပြီး ခေတ်ဆန်တဲ့ စကားအသုံးအနှုန်းတွေ ပါတာကြောင့် ဇာတ်လေးကြီးတွေ ကြည့်ရတာ ငြီးငွေ့လာသူတွေအဖို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 642MB ...
movie

Married by Mistake (2023)

2023
To All the Boys: Always and Forever (2021) 6.3
To All the Boys: Always and Forever (2021) To all the boys : Always and Forever (2021)လာရာဂျိန်းဟာ ချစ်သူနဲ့ စတန်ဖိုဒ့်တက္ကသိုလ်မှာအတူတူတက်ရင်း အနာဂါတ်အတွက် အိပ်မက်တွေအများကြီးမက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ဦးပါ။ဒါပေမဲ့ လာရာဟာ အားကစားသမားတစ်ဦးဖြစ်တဲ့ ချစ်သူ ပီတာနဲ့ စတန်ဖို့ဒ်တက္ကသိုလ်အတူတက်ဖို့ စိတ်ကူးထားပေမယ့် ဘဝဟာ စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဒါ့အပြင် လေ့လာရေးခရီးသွားရင်း နယူးယော့ခ်မြို့ကိုချစ်မိသွားတဲ့ လာရာတစ်ယောက် နောက်ဆုံးမှာတော့ နယူးယော့ခ်တက္ကသိုလ်ဟာ သူတက်ချင်တဲ့တက္ကသိုလ်ဖြစ်တာကို နားလည်သွားခဲ့ပါတယ်။ချစ်သူနဲ့အတူတူ အနာဂါတ်ခရီးကိုဖြတ်သန်းချင်ပေမယ့်ဘဝခရီးအတွက် ရွေးချယ်ဖို့ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်မှာတော့လာရာတစ်ယောက် သူ့ရည်ရွယ်ချက်ကိုလည်း လက်မလွှတ်ချင်ခဲ့ပါဘူး။ဒီဇာတ်လမ်းလေးထဲမှာတော့ အချစ်နဲ့ အနာဂါတ်ဘဝရည်ရွယ်ချက်တွေကြား ဒွိဟဖြစ်နေတဲ့ဆယ်ကျော်သက်တစ်ယောက်..ချစ်သူနဲ့နီးစပ်ဖို့ကိုပဲရွေးချယ်မလားသူဖြစ်ချင်တဲ့လမ်းကိုပဲ ဆက်လျှောက်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင်အထက်တန်းကျောင်းသားတွေရဲ့လူငယ်ဘဝနဲ့ အနာဂါတ်အတွက်ရွေးချယ်မှုတွေကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်File size… 1.7GB and 750MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Lwin Aung Encoder ..... August
movie

To All the Boys: Always and Forever (2021)

2021
To All the Boys: P.S. I Still Love You (2020) 6.3
To All the Boys: P.S. I Still Love You (2020) (Unicode)အခု မိတ်ဆက်ပေးမှာကတော့ 2018 က ထွက်ခဲ့တဲ့ To All the Boys I've Loved Before ဆိုတဲ့ အမေရိကန်အချစ်ဇာတ်ကားလေးရဲ့ နောက်ဆက်တွဲအနေနဲ့2020 မှာ ထပ်မံရိုက်ကူး ထုတ်လွှတ်လာတဲ့ To All the Boys: P.S. I Still Love You ဆိုတဲ့ ဇာတ်ကားလေးပါပထမကားမှာတုန်းကလိုပဲ လူငယ်ကြိုက် အချစ်ကားလေးဟာ ပရိသတ်ကို စိတ်မပျက်ရမယ့် ကြည်နူးစရာ အချစ်ဇာတ်ဝင်ခန်းလေးတွေနဲ့ ထပ်မံ ဖမ်းစားနိုင်ခဲ့ပြန်ပါတယ်လာရာဂျင်းနဲ့ ပီတာကတ်ဗင်စကီနဲ့ ပထမဆုံးဒိတ်လေးနဲ့ ဇာတ်လမ်းလေးကို စတင်ထားပြီး ရင်ခုန်ကြည်နူးစရာ ချစ်သူဘဝလေးကို ပုံဖော်ပြထားပါတယ်အဲလိုအချိန်မှာပဲ လာရာဂျင်းရဲ့ နောက်ထပ် ရည်းစားစောင်တစ်စောင်ကို လက်ခံရရှိခဲ့တဲ့ အလယ်တန်းတုန်းက ဂျွန်အမ်ဘရို့စ်ဆီက ပြန်စာတစ်စောင်လက်ခံရရှိလိုက်တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ....ဂျွန်အမ်ဘရို့စ်ဟာ လာရာဂျင်းနဲ့အတူ ...
movie

To All the Boys: P.S. I Still Love You (2020)

2020
Descendants 3 (2019) 7.0
Descendants 3 (2019) High School Musical လို သီချင်းတွေဝေဝေဆာဆာနဲ့ဇာတ်ကားမျိုးကိုနှစ်သက်ရင် ဒီဇာတ်ကားကိုနှစ်သက်မယ်ဆိုတာ အာမခံပါရစေ ဇာတ်လမ်းလေးကတော့ ဒီကားလေးရဲ့ prequels ၂ကားကိုကြည့်ဖူးရင်သိကြမှာပါ မယ်က ဗီလိန်မယ်လီဖီးဆန့်ရဲ့သမီးတော်ပါ ဘန်ကတော့ beauty ဘဲလ် and the beast ရဲ့သားတော်ပါ သူတို့နှစ်ယောက်က မတူညီတဲ့နေရာနှစ်ခုက ပေါက်ဖွားလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့်တွေ့ဆုံချစ်ကြိုက်ပြီး အခုဇာတ်ကားမှာဆိုရင် လက်ထပ်မင်္ဂလာပွဲတောင်ကျင်းပတော့မှာဖြစ်ပါတယ် အဲ့ဒါကိုမကျေနပ်နိုင်သူကတော့ Sleeping Beauty အော်ရိုရာရဲ့သမီးတော်ပါပဲ ပင်ကိုတော်ဝင်သွေးပါသူဖြစ်ပေမယ့် မနာလိုမုန်းတီးစိတ်တွေဖုံးလွှမ်းပြီး ဗီလိန်တစ်ယောက်ဖြစ်သွားတဲ့အခါမှာတော့... မယ်တို့သူငယ်ချင်းတွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဘာသာပြန်ပြီး အညွှန်းရေးပေးထားသူကတော့ May Myat Thu ဖြစ်ပါတယ်
movie

Descendants 3 (2019)

2019