Channel Myanmar

Linnea Quigley

Night of the Demons (1988) 6.1
Night of the Demons (1988) Night of the Demons (1988) ==================== IMDb Rating – 6.1/10၁၉၈၈ ခုနှစ်တုန်းက Trilogy အလိုက် ထွက်ရှိခဲ့တဲ့ သရဲကားလေး တစ်ကား တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟောလိုဝင်းညလေးတစ် ညမှာ အတွဲနှစ်တွဲရယ်၊ သူငယ်ချင်း ၃ ယောက်ရယ်၊ နှာဘူးပြီး ပါလာ တဲ့ကောင်တစ်ကောင်ရယ်တို့က အူကြောင်ကြောင်မ ၂ ယောက်လုပ် တဲ့ ပါတီပွဲကို သွားကြရာကနေ ဇာတ်လမ်းစပါတယ်။သူတို့ ပါတီဆိုတာ တခြားနေရာမဟုတ်ပဲ ရှေးခေတ်အဆက်ဆက်က တည်းက လူသေအလောင်းများကို အလှဆင် မြုပ်နှံသဂြိုလ်ပေးခဲ့တဲ့ ရှေးဟောင်းအိမ်ပျက်ကြီးတစ်ခု ဖြစ်ပြီး ဖုန်းဆိုးမြေတစ်ခုလို နေရာကြီး ပေါ့လေ။ အဲဒါကို အုပ်စုလိုက် မှန်တစ်ချပ်ကို အသုံးပြုပြီး သရဲခေါ်ကြ ရာကနေ မကောင်းဆိုးဝါး စွမ်းအင်တစ်ခုကို သွားနိုးလိုက်သလို ဖြစ်ပြီး ကြောက်မက်ဖွယ်အရာတွေ နိုးထလာတဲ့အခါမှာတော့….။ ၁၉၈၀ ကာ လကျော် သရဲကားတွေဆိုတော့ ကိုယ်လုံးတီးတချို့နဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့် ရှုရန်မသင့်တော်ဘူးဆိုတာကိုလည်း သတိပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(1.5 GB) ...
movie

Night of the Demons (1988)

1988
Night of the Demons (2009) 5.5
Night of the Demons (2009)  Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့  ညအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲသူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီးပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာအပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ်ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.94GB / 1.1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Night of the Demons (2009)

Take Your Bible and Get the Fuck Out of Here/ Prends Ta Bible Et Tire-Toi (2023) 5.6

Take Your Bible and Get the Fuck Out of Here/ Prends Ta Bible Et Tire-Toi (2023)

Innocent Blood (1992)
Innocent Blood (1992)  IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် ...
movie

Innocent Blood (1992)

Phantoms (1998) 5.4
Phantoms (1998) Phantoms (1998)မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ...လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl ...
movie

Phantoms (1998)

1998
Girls Gone Dead (2012) 4.5
Girls Gone Dead (2012) Girls Gone Dead (2012)=================(18+ Warning ......သွေးသံတရဲရဲတွေ၊ အဖော်အချွတ်တွေ၊ ညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ ပါဝင်သည့်အတွက် အသက် ၁၈ နှစ်ပြည့်ပြိးမှသာ ကြည့်ရန်နှင့် မိသားစုနှင့်အတူ ကြည့်ရန် မသင့်ပါ။)၂၀၁၂ ခုနှစ်က ထွက်ရှိထားတဲ့ Thriller ကားလေးကို တင်ဆက် ပေးလိုက်ပါတယ်။ သွေးသံတရဲရဲနဲ့ လူသတ်မယ်၊ မိန်းကလေး လှလှလေးတွေရဲ့ အလှအပကို မြင်ရမယ် အဲလို သမာရိုးကျ လူသတ်ကားမျိုးကို ကြိုက်နှစ်သက်တွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ဇာတ်လမ်းအကျဥ◌်းလေးပြောပြရရင် သူငယ်ချင်း ၆ ယောက်ဟာ ‌ နွေရာသီအားလပ်ရက် ကောလိပ်ပိတ်ရက်မှာ ခရီးတစ်ခုကို ထွက်ခဲ့ ကြပါတယ်။ ရေဘက္ကာဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေဖြစ်သူထံမှ ခွင့်ပြုချက်တောင်းပြီး အဆိုပါခရီးစဥ်မှာ လိုက်ပါလာခဲ့ပါတယ်။ သူငယ်ချင်းတစ်စုဟာ အိမ်တစ်အိမ်မှာတည်းခိုရင်း ပျော်ကြပါးကြနဲ့ အပန်းဖြေနေရင်း လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေတာ ကိုတော့ မသိခဲ့ကြပါဘူး။မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်ယောက်ဟာ အလယ်ခေတ်က စစ်ပွဲတွေမှာ ကိုင်ဆောင်တဲ့ တူနဲ့ ပုဆိန်တွေကို အသုံးပြုပြီး အဆိုပါ ကောင်မ‌လေးများကို အမဲလိုက်သလို လိုက်လံသတ်ဖြတ်ပါတော့တယ်။ ဒါကြောင့် ရေဘက္ကာတို့ သူငယ်ချင်းတစ်စု အသက်ရှင်နိုင်ပါ့မလား။ အသက်ရှင်ဖို့ ...
movie

Girls Gone Dead (2012)

2012
A Nightmare on Elm Street 4: The Dream Master (1988) 5.7
A Nightmare on Elm Street 4: The Dream Master (1988) A Nightmare on Elm Street 4: The Dream Master (1988) IMDB - 5.7/10, Meta - 56%ဒီကားကတော့ Freddy ရဲ့ လေးကားမြောက်ဖြစ်ပါတယ်။ Part 3 ဇာတ်ကားမှာ အပြစ်ဖြေ မြှုပ်နှံ သင်္ဂြိုလ်ခြင်းခံလိုက်ရလို့ Freddy ရဲ့ဝိညာဉ်ကွယ်ပျောက်ခဲ့ပေမယ့် Kerstin ရဲ့အိပ်မက်စွမ်းအားနဲ့ စွဲလမ်းမှုတွေကြောင့် Freddy တစ်ယောက် Elm လမ်းပေါ် ပြန်ရောက်လာခဲ့ပါတယ်။Part 3 ဇာတ်ကားက ရှင်သန်ကျန်ရစ်သူ ကလေးသုံးယောက်ကို တစ်ယောက်ချင်း လိုက်ရှင်းနေစဉ်မှာ Kerstin တစ်ယောက် မကာကွယ် မကူညီနိုင်ခဲ့ပါဘူး။ နောက်ဆုံး သူ့အလှည့်ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့စွမ်းအားနဲ့ မတော်တဆ Alice ဆိုတဲ့ ကောင်မလေးကို အိပ်မက်ထဲ ဆွဲသွင်းလိုက်မိရာကစပြီး Freddy တစ်ယောက် ဘာမှမဆိုင်တဲ့ ကလေးအသစ်တွေရဲ့ သွေးနံ့ကို ယစ်မူးသွားခဲ့ပါပြီ။Alice ...
movie

A Nightmare on Elm Street 4: The Dream Master (1988)

1988
Clownado (2019) 6.8
Clownado (2019) ဒီတစ်ခါဇာတ်ကား​လေးက​တော့ သည်းထိတ်ရင်ဖိုလူသတ်ကားပုံစံ​လေးပါဆပ်ကပ်တစ်ခုရဲ့​ခေါင်း​ဆောင်ရိုနီကသူ့ရဲ့မိန်းမဆာဗန်နာကို ​ယောကျ်ားတစ်​ယောက်နဲ့​ဖောက်ပြန်​နေတာ​တွေ့သွားခဲ့တယ်ရိုနီကအဲ့​ကောင်ကိုသတ်ပစ်လိုက်တယ်ဒါကိုမ​ကျေနပ်တဲ့ဆာဗန်နာက​အောက်လမ်းအစီအမံတွေနဲ့ ရိုနီတို့အုပ်စုကိုလုပ်လိုက်တဲ့အခါသူမမထင်မှတ်ထားတဲ့အရာ​တွေဖြစ်လာ​​​ရော​လေရိုနီတို့အဖွဲ့ဟာမုန်တိုင်း​တွေထန်​လေဆင်နှာ​မောင်း​တွေတိုက်ပြီးသူတို့သွားလိုရာ​နေရာကို ​လေဆင်နှာ​မောင်းပုံစုံလုပ်ပြီး​​မြေပြင်​ပေါ်​ရောက်လာကြတာ​ပေါ့သူတို့က စိတ္တဇလူသတ်သမားဆန်ဆန်လူ​တွေကိုလိုက်သတ်ကြတာ​ပေါ့ရိုနီက သူ့ကိုသစ္စာ​ဖောက်ခဲ့တဲ့ဆာဗန်နာကိုလိုက်ရှာပြီးသတ်​တော့တာ​ပေါ့အဲ့အဖြစ်အပျက်ထဲမှာ ဒုက္ခ​တွေ့​နေရတဲ့လူတစ်စုလည်းပါတာ​ပေါ့သူတို့အဲ့ဒီထူးထူးဆန်းဆန်း​လေဆင်နှာ​မောင်းကိုရပ်သွား​အောင်ဘယ်လို​တွေလုပ်မလဲသူတို့ဒီလိုစိတ်ပျက်စရာအ​​ခြေအ​​နေက​နေဘယ်လိုရုန်းထွက်ကြမလဲသွေးတန်းရဲရဲသတ်ဖြတ်တဲ့အခန်း​တွေကိုအားပါးတရကြည့်ရှု့ရမှာပါ File Size : ( 937 MB , 301 MB )Quality : WEB-DL 720pRunning Time : 1 hr 39minFormat : Mp4Genre : Comedy , HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Hsu LeiEncoded by Moe Myint ...
movie

Clownado (2019)

The Guyver (1991) 5.0
The Guyver (1991) The Guyver (1991)_____IMDb - 5.0/10  ဒီကားလေးကတော့ ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ SuperHero ကားလေးတစ်ကားဖြစ်ပါတယ်.... သိပ္ပံပညာရှင်တစ်ယောက်ဟာ Guyver လို့ခေါ်တဲ ဂြိုလ်သားပစ္စည်းတစ်ခုကို ဂြိုလ်သားတွေလက်ထဲမရောက်အောင် ယူပြီးထွက်ပြေးနေရာကနေ ဂြိုလ်သားတွေဖမ်းမိတာကိုခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်.. ဒါပေမယ့် သူဟာ အဲဒီ Guyver ဆိုတဲပစ္စည်းကို ဂြိုလ်သားတွေမမြင်အောင်ဖွက်ထားခဲ့ပါတယ်... အဲဒီ ဂြိုလ်သားပစ္စည်းကို လူငယ်လေးတစ်ယောက်ကရလိုက်တဲအချိန်မှာတော့ အစွမ်းထက်တဲစွမ်းအင်တွေကိုရလိုက်ပါတော့တယ်... ဂြိုလ်သားတွေဟာ Guyver ကိုပြန်ရဖို့အတွက် ဒီလူငယ်လေးနောက်ကိုလိုက်လံဖမ်းဆီးကြပါတော့တယ်... ဒီကားလေးဟာ Super Hero ဇာတ်လမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးဆိုလည်း မမှားပါဘူး... အခုခေတ်မှာ Super Hero ဇာတ်လမ်းတွဲတွေများလာပေမယ့်လည်း ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ ဒီကားလေးကတော့ Old But Gold ဆိုတဲ့ ကားလေးတစ်ကားထဲမှာပါတယ်လို့ပဲပြောလိုက်ပါရစေ..    Quality ...... DVDrip Format ...... mp4 Duration ........ 01:28:00 Size ..... 664 MB Translator ..... Ohmmar Khin Encoder ...... Moe Myint Lwin
movie

The Guyver (1991)

1991