Channel Myanmar

Lior Ashkenazi

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
7 Days in Entebbe (2018) 5.8
7 Days in Entebbe (2018) ဒီဇာတ်ကားလေးကတော့လူတိုင်းသိကြတဲ့ ယနေ့အထိပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံကြားကမပြေလည်မှုကြောင့်ဖြစ်ပေါ်လာတဲ့၁၉၇၆ခုနှစ်မှလေယာဉ်ပြန်ပေးဆွဲမှုတစ်ခုကိုရိုက်ကူးပြထားသည့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်သလို rating နည်းပေမယ့်စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉၇၆ခုနှစ်တွင် Tel Aviv မှ Paris သို့သွားမည့် Air France လေကြောင်းလိုင်းမှလေယာဉ်တစ်စီးကို ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဖွဲ့မှပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဓားစာခံပေါင်း ၂၃၉ယောက်ထိန်းချုပ်ဖမ်းဆီးခံခဲ့ရပြီး အဆိုပါဖြစ်ရပ်တွင်ယူဂန်ဒါနိုင်ငံရဲ့အာဏာရှင် Amen ပါပါဝင်နေပါတယ်။အဆိုပါခေတ်ကာလ အစ္စရေးနဲ့ပါလက်စတိုင်းကြားဆက်ဆံရေးတင်းမာမှုတွေ၊ နိုင်ငံတကာဆက်ဆံရေးတွေ၊ အစ္စရေးနဲ့ပါလက်စတိုင်းပြဿနာကိုအခြားသောနိုင်ငံတွေရဲ့သဘောထားတွေ၊ နိုင်ငံရေးပေါ်လစီတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန် Crime/History ဇာတ်ကားတစ်ကားဖြစ်တာကြောင့်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre : Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

7 Days in Entebbe (2018)

2018