Channel Myanmar

Liu Tao

Love in Disguise (2010) 5.6
Love in Disguise (2010) Love in Disguise (2010)ဂူဂူး (Liu Yifei) ပရိတ်သတ်တွေရဲ့ ပြသနာကတော့ အသည်းကျော်လေးဟာ ကားရိုက်နည်းတာပါပဲ... ဒီတော့လဲ အရင်ကရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကိုပဲ တသသပြန်ကြည့်နေရတာပေါ့... ခုတခါတော့ ၂၀၁၀ တုန်းက မင်းသား Leehom Wang နဲ့ရိုက်ကူးထားတဲ့ Romance Comedy ဖန်စီဇာတ်ကားလေး Love in Disguise ကို ကြည်တောက်ရှင်း Quality လေးနဲ့တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ...အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် တုမင်းဟန် ဟာ တစ်ရက်တော့ ကောင်မလေးတစ်ယောက်ရဲ့ တေးသံသာကို ကြားလိုက်ရချိန်မှာ အာရုံသစ်တွေ၊ အမြင်သစ်တွေကို စတင်ခံစားခဲ့ရပြီး ကောင်မလေးကိုလည်း မေ့မရနိုင်အောင် ဖြစ်သွားခဲ့တယ်။ ဒါနဲ့ပဲသူဟာ ကောင်မလေးတက်တဲ့ ဂီတကျောင်းကို လိုက်စုံစမ်းရင်း သူ့ကိုယ်သူလည်း နာမည်ကျော်မှန်းမသိအောင်၊ ကောင်မလေးနဲ့လည်း နီးစပ်အောင် ရုပ်ဖျက်ပြီး ကျောင်းတက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ဂီတနယ်ပယ်မှာ အောင်မြင်ပြီးသားဖြစ်တဲ့ တုမင်းဟန်ဟာ ကောင်မလေးနဲ့ နီးစပ်ဖို့အရေး ပေးဆပ်လိုက်ရတဲ့ ကျော်ကြားမှုတွေ၊ ...
movie

Love in Disguise (2010)

Midnight Diner 2014 4.9
Midnight Diner 2014 Midnight Diner 2014 ညအလင်းဆိုင်ငယ်လေးတခုမှာလူပေါင်းစုံလာရောက်စားသောက်ရာကနေ ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာပါတယ် ညပိုင်းအလုပ်တက်ရမယ့်သူတွေ၊ အိမ်မှာအဖော်မရှိတဲ့တယောက်တည်းသမားတွေ ၊ညဘက် အစားစားလေ့ရှိသူတွေ၊ အချိန်ပိုဆင်းရသူတွေ စသဖြင့်အကြောင်းမျိုးစုံနဲ့ဒီဆိုင်ကိုရောက်လာကြသူတွေဟာ ပထမဆုံးတခေါက်ဆိုင်မှာဝင်ထိုင်ရင်း အမြဲတမ်းထိုင်ဖြစ်သွားသူတွေလည်းအပုံ တချို့လည်းဖြတ်သွားလို့ဝင်ထိုင်ရင်းနောက်တခေါက်ပြန်ရောက်မလာခဲ့ကြဘူး ဆိုင်မှာထိုင်နေကြဖြစ်သွားသူတွေကတော့ သူတို့ရဲ့အမှတ်ရစရာဇာတ်လမ်းလေးတွေကို ဆိုင်မှာချန်ထားခဲ့တာပေါ့ ဖောက်သည်အချင်းချင်းခင်မင်ရာကနေအဆင့်တက်သွားသူတွေလည်းမနည်း ဒီဇာတ်ကားဟာ လူတဦးတယောက်ထဲရဲ့ဇာတ်လမ်းမဟုတ်ပဲ ဆိုင်လေးဆီလာနေကြဖောက်သည်တွေရဲ့ ဇာတ်လမ်းတိုလေးတွေပါ။ဘယ်လိုပဲပြောပြော ညအလင်းဆိုင်ဆိုတာကတော့ လူသားအားလုံးအတွက် ခဏနားခိုစရာနေရာလေးတခုအဖြစ်အမြဲရှိနေမှာပါ ။ဆိုင်ရှင်ဦးလေးကြီးကလည်းစေတနာအပြည့်နဲ့ လာရောက်စားသုံးသူတွေကို ဧည့်ခံနေဦးမှာပါ ။ဦးလေးကြီးရဲ့ဟင်းပွဲပြင်ဆင်မှုလက်ရာတွေနဲ့ဇာတ်ကားရဲ့ နေက်ခံတီးလုံးတွေကတော့ ပိတ်ရက်ညလိုမျိုးမှာ နားကျပ်တပ်ပြီးကြည့်ရင် အလိုက်ဆုံးပေါ့ ..... Translated by : Nay Chi Encoded by : YK File Size :1.1GB and 561MB Quality : 1080p blueray and 720p
movie

Midnight Diner 2014

2014
The Foreigner (2017) 7.2
The Foreigner (2017) The Foreigner (2017) IMDb - 7.0/10________Rotten - 65%၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ အက်ရှင်ကားအသစ်ကိုတင်ပေးထားပါတယ်။မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရပါလိမ့်မယ်။ဇာတ်လမ်းမှာ ဂျက်ကီဟာ အင်္ဂလန် နိုင်ငံသား သာမာန်စီးပွားရေးသမားတစ်ဦးပါပဲ။ဒါပေမယ့် သူ့ရဲ့နောက်ဆုံးကျန်တဲ့ သမီးလေးဟာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ နောက်မှာ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ အသည်းအသန် လိုက်စုံစမ်းပါတော့တယ်။တရားခံတွေဟာ အိုင်ယာလန် ခွဲထွက်ရေးအဖွဲ့တစ်ခုကလို့ သိရတဲ့နောက်မှာ အဲဒီအဖွဲ့ဝင်ဟောင်း ဘဝကနေ ဒုဝန်ကြီးဖြစ်လာတဲ့ မစ္စတာ ဟန်နက်ဆီဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်......ဂျက်ကီတစ်ယောက် အင်အားစုကြီးတစ်ခုကို ထိပ်တိုက်သွားရင်ဆိုင်မိလို့ ဒုက္ခရောက်မလား...လူကောင်းတစ်ယောက်ကို အစွန်းရောက်သွားစေခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုလုံး ဒုက္ခရောက်ရတော့မလားဆိုတာ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူက ကိုနီယိုပါ)    File Size : (952 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar ...
movie

The Foreigner (2017)

2017