Channel Myanmar

Liu Yan-Bin

The Banquet (2006) 6.4
The Banquet (2006) မင်းသမီးကျန်းကျိရိပါဝင်ထားတဲ့ ခမ်းနားတဲ့အချစ်ဇာတ်ကားလေးပါပဲ...အချစ်ဇာတ်ကားဆိုပေမယ့် သိုင်းကစားပြီး Crouching Tiger, Hidden Dragon လို ဇာတ်လမ်းကိုပုံဖော်ထားပါတယ်...ရိုက်ကူးထားတဲ့ပုံစံတွေ သိပ်ကိုခမ်းနားပါတယ်..ကြည့်ကြည့်ပါ။မင်းသား Daniel Wu တို့ မင်းသမီး Xun Zhou တို့လဲ ပါပါသေးတယ်..အချိန်ကတော့ တရုတ်ပြည်ဖရိုဖရဲဖြစ်နေတဲ့ "မင်းဆက်ငါးဆက်..နိုင်ငံဆယ်နိုင်ငံ" ၉ ရာစုခေတ်ကာလကိုအခြေခံထားပါတယ်..နိုင်ငံငယ်တွေ ရောထွေးနေတဲ့အပြင် ဘုရင် မှူးမတ်တွေ အချင်းချင်းပြန်သတ်ကြပြီး အာဏာလုနေကြတာနဲ့တစ်နိုင်ငံလုံး သွေးချောင်းစီးနေချိန်ပေါ့...ဒီအချိန်မှာ ဘုရင်ကို ညီတော်မောင်ကသတ်ပြီး ဘုရင်ထလုပ်ရော...ပြီးတော့ သေသွားတဲ့ဘုရင်ရဲ့မိဖုရားခေါင်ကြီး ဝမ်ကို ထပ်ယူဖို့ကြံပြန်ရော..ဖြစ်ချင်တော့ မိဘုရားခေါင်ကြီးဝမ်ကလဲ သေသွားတဲ့ဘုရင်ကိုယူသာယူထားတာ...သူနဲ့ချစ်ကြိုက်နေတာက ဘုရင့်သား အိမ်ရှေ့မင်းသား...ဒီတော့ မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့မင်းသားနဲ့ ခုမှ ဘုရင်ထလုပ်တဲ့ဦးရီးတော်တို့ကြား ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ...။အချစ်နဲ့စစ်ဆိုတာ နှစ်ခုလုံးကြေကွဲစရာချည်းပါပဲ။ File size…(2.2 GB)/ (1.1 GB) / (500 MB) Quality…BluRay 1080p /720p/480p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Omi
movie

The Banquet (2006)