Channel Myanmar

Lloyd Adams

Hunt to Kill (2010) 5.1
Hunt to Kill (2010)  တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာအလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34%သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုးတစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာကအဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကိုလိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှားရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင်ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သားအဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်းဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle ...
movie

Hunt to Kill (2010)