Channel Myanmar

Lochlyn Munro

12 Rounds 3: Lockdown (2015) 5.1
12 Rounds 3: Lockdown (2015) မတော်တဆမှုတစ်ခုကြောင့် တာဝန်ကနေခေတ္တအနားယူလိုက်ရတဲ့ စုံထောက် ဂျွန် ရှောဟာ ရဲဌာနမှာ တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှာ အရင်ကတွဲဖက်အဖြစ်လုပ်ခဲ့ဖူးတဲ့ စုံထောက် ဘာ့ခ်ရဲ့ မသမာတဲ့ အလုပ်တွေကို မထင်မှတ်ပဲ သိရှိသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက် ဘယ်လိုမျိုး ဆက်ပြီး ရင်ဆိုင်ကြမလဲ.... မသမာတာတွေကိုလုပ်နေတဲ့ ဘာ့ခ်ကရော ဘာအကြောင်းကြောင့် ဒါမျိုးတွေလုပ်နေရသလဲဆိုတာနဲ့ ဂျွန်အနေနဲ့က ဘယ်လိုမတော်တဆမှုမျိုးဖြစ်ထားလို့ တာဝန်ကနေပါ အနားယူထားရသလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အကြမ်းစားတွေနဲ့ ဒီကားမှာ ဖော်ပြထားပါတယ်.ဇာတ်လမ်းကြာချိန် ၁ နာရီခွဲလောက်တောက်လျှောက်ကို အက်ရှင်ကြမ်းကြမ်းတွေ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကနေမထပဲ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်.ရှေ့ကထွက်ခဲ့တဲ့ 12 Rounds 1 နဲ့ 12 Rounds 2 တို့လိုမျိုး ဒီကားမှာလဲ WWE Superstar တစ်ယောက်ဖြစ်တဲ့ Jon Moxley က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းတွေထဲကတစ်ကားဖြစ်ပါတယ်. File size…(1.8 GB)/(915 ...
movie

12 Rounds 3: Lockdown (2015)

Curious Caterer: Dying for Chocolate (2022) 6.4
Curious Caterer: Dying for Chocolate (2022)  Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Curious Caterer: Dying for Chocolate (2022)

When Time Got Louder (2022) 7.3
When Time Got Louder (2022)  ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီးမိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့်ငယ်ဘဝပုံပြင်ကားလေးပါ...။အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကိုအားပြုပြီးဇာတ်အိမ်တည်ထားပါတယ်....မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်းသာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်ကအပျောက်မခံ ကြည့်ရှုထားရသူလေးပါ...။ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီးမိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာအမြဲစောင့်ရှောက်ခဲ့သူပေါ့...။ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်...။အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီးမိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ....ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကိုမြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ...  File size…1.33 GB / 561 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

When Time Got Louder (2022)

Curious Caterer: Fatal Vows (2023)
Curious Caterer: Fatal Vows (2023)  ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ်စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Curious Caterer: Fatal Vows (2023)

Broil (2020)
Broil (2020) ၂၀၂၀ ခုနှစ်ထဲ ထွက်ထားတဲ့ Fantasy, Horror, Thriller အမျိုးအစားထဲ ပါတဲ့ဒီဇာတ်ကားလေးက လူတကာက လက်ခံထားတဲ့ ထူးဆန်းလွန်းတဲ့စင်ကလဲမိသားစုရဲ့ အကြောင်းအရာဆိုတာထက် မိသားစုတွင်း ပြဿနာတွေကြား ကြားညှပ်မိသလိုလိုဖြစ်သွားတဲ့ ဇာတ်ကောင်တချို့ ၊ ပြီးတော့ မမျှော်လင့်ထားတဲ့လှည့်ကွက်လိုမျိုးတွေနဲ့ မထင်မှတ်နိုင်လောက်တဲ့ ရာဇဝင်တွေ၊မှော်ဆန်ဆန် အဖြစ်အပျက်တွေကိုအချိတ်အဆက်မိအောင်လည်း ပြထားတယ်။အော်ဂလီဆန်စရာ အဖြစ်လေးတချို့ပါပေမယ့် သွေးထွက်သံယိုအခန်းတွေပါတာမျိုးလည်း မဟုတ်ပြန်ဘူး။အဲ့ဒါကိုက ထူးဆန်းနေတာမျိုးဆိုတော့ ထူးဆန်းတာတွေသဘောကျတတ်တဲ့သူတွေအနေနဲ့ အမြန်သာဒေါင်းပြီး ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…  994 MB /  489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Vowel
movie

Broil (2020)

2020
Totally Killer (2023) 6.8
Totally Killer (2023) Totally Killer (2023)~ IMDb - 6.8/10, Rotten Tomatoes - 85% ~ဒီကားလေးက‌တော့ ဒီရက်ပိုင်းမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ ‌ဟာသဟော်ရာအမျိုးအစားလေးပါ။ Scream တို့၊ "Happy Death Day"တို့ကြည့်ရတဲ့ Vibe မျိုးပြန်ခံစားကြည့်ချင်ရင် ဒီကားက သေချာပေါက်အလွတ်မခံသင့်တဲ့ကားပါပဲ။ Castတွေအနေနဲ့ ဆိုရင်လည်း "Chilling Adventures of Sabrina" ရဲ့ Kiernan Shipka, "Marvel's Cloak & Dagger" ရဲ့ Olivia Holt တို့က အဓိက Cast တွေအနေနဲ့ပါ၀င်ပြီး Randall Park နဲ့ Lochlyn Munro တို့လို ထင်ရှားတဲ့သူတွေလည်း ပါ၀င်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဗာနွန်ဆိုတဲ့မြို့ငယ်လေးက (၁၉၈၇)ခုနှစ် ဟောလိုး၀င်းရာသီမှာ ၁၆နှစ်အရွယ် ကောင်မလေးသုံးယောက် အသတ်ခံရလိုက်ပြီးနောက်ပိုင်း ကျီးလန့်စာစားနေနေရပါတယ်။ အဲဒါပြီးနောက်မှာတော့ လူသတ်သမားကငြိမ်နေပေမဲ့ ...
movie

Totally Killer (2023)

2023
4K HEVC
Disquiet (2023)
Disquiet (2023) ဇာတ်လမ်းရဲ့အစမှာတော့ ဆမ်ကသာမာန်ဘဝမှာပဲရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့အိမ်ထောင်ရှင်တစ်ယောက်ပေါ့ ၊ တနေ့ကျတော့ဆမ်ဟာ car accident အကြီးအကျယ်ဖြစ်ရာကနေဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံမှာသတိရပြီးနိုးလာတော့ ဘေးပတ်လည်မှာဘယ်သူမှမရှိတော့တဲ့အပြင်ဖုန်းလိုင်းတွေလည်းမမိတော့ပါဘူး၊ ဆမ်လည်းလူတွေ့လိုတွေ့ငှါးလိုက်ရှာတဲ့အခါ ဘာမှန်းမသိတဲ့အဘိုးကြီးတစ်ယောက်တိုက်ခိုက်တာစခံရပါတော့တယ်၊ အဲ့လိုနဲ့ဆမ်လည်းဆေးရုံကမူမမှန်တာသိသွားတော့ထွက်ပြေးဖို့ကြိုးစားရပါပြီ၊ ဆမ်ကဆေးရုံထဲမှာပိတ်မိနေတာသူတစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတော့သူလဲအားတက်ပြီးထွက်ပေါက်အတူတူကြိုးစားရှာကြပါတယ်၊ ထွက်ပြေးဖို့ကြိုးစားတာကလည်းအဲ့လောက်မလွယ်ကူခဲ့ပါဘူး၊ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ၊ ဖုန်းလိုင်းတွေမရ၊ဆေးရုံဘေးပတ်လည်မှာလည်းအမှောင်ထုတွေပြည့်နှက်နေတဲ့အပြင် ဆမ်တို့ကိုတားဆီးဖို့ဆိုပြီးစောင့်နေတဲ့လက်ရဲဇက်ရဲလူလိုလိုမကောင်းဆိုးဝါးလိုလိုတွေကအနောက်ကနေလိုက်နေတာဆိုတော့ ဆမ်တို့အဖွဲ့အသက်ရှင်လျက်အဲ့ဆေးရုံကြီးကနေထွက်နိုင်ပါ့မလား၊ အဲ့ထဲမှာပဲထာဝရနေသွားရမလား ပဟေဠိတွေနဲ့ ရင်ဖိုဖိုကြည့်ရမှာပဲဖြစ်ပါတယ် ။ File size…(930 MB)/(520 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Disquiet (2023)

Buddy Games: Spring Awakening (2023)
Buddy Games: Spring Awakening (2023) Buddy Games: Spring Awakening (2023)ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ Buddy Games ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်။ဒီ ဇာတ်ကားထဲမှာဆိုရင်တော့ Supernatural ထဲက ဒင်းန်ဝင်ချက်စတာကြီး Jensen Ackles အပြင်ကို Once Upon A Time ရဲ့ စနိုးဝှိုက်မင်းသမီးနဲ့ မိုက်ကယ်ဘေးရဲ့ Transformers ဇာတ်ကား တွေထဲပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ဂျော့ဒူဟာမယ်လည်းပါတဲ့အပြင် တခြားနာမည်ကြီး မင်းသား မင်းသမီးတွေ ရောကျော်ပါဝင်ထားလို့ ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ်။ပထမကားလိုပဲ ငယ်ပေါင်းချစ်သူငယ်ချင်း ခြောက်ယောက်ကို အခြေခံပြီးရိုက်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဆောင်သူငယ်ချင်းခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒယ်ဖီသေသွားပြီးနောက်ပိုင်း ဒယ်ဖီ့ကို ဂုဏ်ပြုပေးဖို့အတွက် ဒယ်ဖီ့ရဲ့ ပြာအိုးကို ဘယ်နေရာသွားကြဲမလဲဆိုတာကို ဆုံးဖြတ်ရာကနေစတင်ခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်သိုက်က ဒယ်ဖီ့ရဲ့ အသုဘအခမ်းအနားမှာ ဘယ်လိုသောင်းကျန်းခဲ့၊ ပြာအိုးကို နေရာချဖို့ကိစ္စကို ဆုံးဖြတ်ရင်းနဲ့ ဘယ်လို ...
movie

Buddy Games: Spring Awakening (2023)

2023
Curious Caterer: Grilling Season (2023) 6.4
Curious Caterer: Grilling Season (2023) Curious Caterer: Grilling Season (2023) ============================= IMDb Rating - 6.4/10ကလေးတစ်ယောက်အမေ ဂိုဒီတယောက် သူငယ်ချင်း ဖြစ်သူ၏ စနိုက်ကြော် ခံလိုက်ရပြီး စနိုက်မ သူငယ်ချင်း မွေးနေ့မှာ အကျွေးအမွေးတာဝန်ခံအဖြစ် လုပ်ဖို့ကြုံလာ ပါတယ်။ကံဆိုးချင်တော့ အဲ့ဒီနေ့ညပဲ ထိုသူငယ်ချင်းမ အသတ်ခံ ရတဲ့ကိစ္စမှာ အကင်စက်လည်းပေါက်ကွဲသွားတာမို့ လုပ်ငန်း နာမည်ပျက်ကိန်းဆိုက်လာတာကြောင့် စုံထောက်အဆင် လေးရဲ့ အကူညီကိုယူပြီး မွေးနေ့ပွဲတက်သူတွေထဲကနေ တရားခံကြိုးစားရှာဖွေကြပုံကိုမြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။စုံထောက်မှုခင်းကားလဲ ကြည့်ချင်တယ် ဦးနှောက် ခြောက်ခံပြီးလဲ မစဉ်းစားချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး မှုခင်းကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (590 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery Translator.......Chit Min Thu Encoder..........SWM
movie

Curious Caterer: Grilling Season (2023)

2023
Detective Knight: Independence (2023) 4.3
Detective Knight: Independence (2023) Detective Knight: Independence (2023) ============================Detective Knight တွေရဲ့အဆက်ဖြစ်တဲ့ မင်းသားကြီး ဘရုစ်ဝိန်းရဲ့ ဇာတ်ကားလေးထပ်မံထွက်ရှိလာပါပြီ။ဇာတ်လမ်းလေးကတော့ဘရုစ်ဝိန်းကဥပေဒေဘက်တော် သားဖြစ်ပြီး ဘဏ်ဓားပြတိုက်မှုမှာ တရားခံကိုမလိုအပ်ပဲ ပစ်သတ်မှုကြောင့် အပြင်မှာ တာဝန်မထမ်းဆောင်ရမှာဘဲ၊ ရုံးတွင်းမှာပဲစာရွက်စာတမ်းကိစ္စတွေကိုလုပ်နေရတယ်ပေါ့။ တစ်နေ့မှာ ဆေးရုံကမှုခင်းစစ်ဆေးရေးမှုးရဲ့ ရဲဝတ်စုံရယ်၊ သေနတ်ရယ်၊ တံဆိပ်ရယ်အကုန်လုံးအခိုးခံလိုက်ရတယ်။ဒီအမှုကို အထက်အရာရှိက ဘရုစ်ဝိန်းကိုပဲဖြေရှင်းဖို့တာဝန် ပေးလိုက်ပါတယ်။ ခိုးသွားတဲ့သူက ရဲဝတ်စုံကိုအသုံးချပြီး မကောင်းတာတွေလုပ်နေတဲ့အခါမှတော့ ဘရုစ်ဝိန်းတစ်ယောက် ဘယ်လိုတွေဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေး ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.87 GB) / (670 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Tin Myo Lwin Encoder..........SWM
movie

Detective Knight: Independence (2023)

2023
Detective Knight: Redemption (2022) 4.9
Detective Knight: Redemption (2022) Detective Knight: Redemption (2022) ===========================Detective Knight ရဲ့ Trilogy ထဲက Detective Knight : Redemption လေးတင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်လည်း နီးပြီဆိုတော့ Bruce Willis ခရစ္စမတ်မှာ ဘယ်လိုသောင်း ကြမ်းမလဲဆိုတာ ကြည့်လိုက်ပါတော့နော်။စုံထောက်နိုက် (Bruce Willis) ကတော့ Redemption မှာ တရား ရင်ဆိုင်ဖို့ ထောင်မှာစောင့်ဆိုင်းနေရတာပါ။ ထောင်ထဲမှာ ဖာသာ ကွန်လန်၊ ဆေးသမားကိုဒီရို့ဒ်နဲ့သိကျွမ်းခဲ့ပြီး လွတ်မြောက်ရေးတရား တွေ ဆွေးနွေးခဲ့ကြတာပေါ့။မကြာခင် နယူးယော့ခ်မှာ ဘဏ်ဓါးပြတိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတာကြောင့် ပြည်သူတွေလည်းကြောက်နေ ကြပါပြီ။ ရဲဌာနနဲ့မြို့တော်ဝန်လည်းခေါင်းကိုက်နေပြီမို့ အတွဲညီခဲ့တဲ့ စုံထောက်နိုက်နဲ့စုံထောက်ဖစ်တို့ကို အကူအညီတောင်းဖို့ ဖြစ်လာပါ တော့တယ်။ခရစ္စမတ်နေ့ကြီးမှာ ဆန်တာဝတ်စုံတွေဝတ်ပြီး ဘဏ်ဖောက်နေကြတဲ့ အရူးတစ်သိုက်ရဲ့ နောက်ကြောင်းနဲ့ စုံထောက်နိုက်ရဲ့ဖြေရှင်းပုံတွေကို ခပ်မိုက်မိုက်ရိုက်ပြထားတာမို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက် ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.0 GB) / (500 MB) / (280 MB) Quality............WEB-DL 1080p, 720p, 480p Duration.........1h ...
movie

Detective Knight: Redemption (2022)

2022
Detective Knight: Rogue (2022) 3.8
Detective Knight: Rogue (2022) Detective Knight: Rogue (2022) ======================Halloween ရာသီမှာ ဇာတ်လမ်းတွေနဲ့ Chill ကြမယ့် ရုပ်ရှင်ပရိသတ်တွေ အတွက် မင်းသားကြီး Bruce Willis ရဲ့ စုံထောက်ရုပ်ရှင်အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။လော့အိန်ဂျယ်လိစ် မြို့မှာ ပိုက်ဆံတွေတင်လာတဲ့ ထရပ်ကားကို အဖွဲ့တစ်ဖွဲ့က ဓားပြဝင်တိုက်ပါ‌တော့တယ်။ စုံထောက် နိုက်တ်နဲ့ သူ့တွဲဖက် ဖစ်ဇ် တို့လည်း ဓားပြတွေကို ဖမ်းဆီးဖို့ ကြိုးစားရင်း၊ ဖစ်ဇ်တစ်ယောက် သေနတ်အပစ်ခံရပြီး အရေးပေါ်ကိုရောက်သွားပါတော့တယ်။နိုက်တ်လည်း အဆိုပါအဖွဲ့ကို လိုက်ဖမ်းဖို့ ရေကုန်ရေခမ်းကြိုးစားပါတော့တယ်။ သို့သော် ထိုအဖွဲ့က မြို့တွေ တစ်မြို့ပြီး တစ်မြို့သွားပြီး ဓားပြတိုက်နေသလို ခြေရာလက်ရာဖျောက်တဲ့နေရာမှာလည်း သေသပ်တာမို့ ဖမ်းလို့မမိဖြစ်နေပါ တော့တယ်။  နိုက်တ်လည်း ထိုအဖွဲ့ကို နယူးယော့ခ်မြို့မှာ ခြေရာခံမိရင်း အတိတ်က ပတ်သက်ခဲ့ဖူးတဲ့ သတင်းပေး ဝင်းနာ ဆိုတဲ့လူနဲ့ ပြန်လည်တွေ့ဆုံရာကနေ ဘယ်လိုမျိုး အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ နိုက်တ်အနေနဲ့ သရုပ်ဆောင်ထားတာကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Bruce Willis ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.68 ...
movie

Detective Knight: Rogue (2022)

2022
The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
Dracula 2000 (2000) 4.9
Dracula 2000 (2000) Dracula 2000 (2000)မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေစုဆောင်း ရောင်းဝယ်ပါတယ်။ နတ်ရွှေသိုးအရေခွံလိုမျိုး ဘာသာရေးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းထဲမှာ သိမ်းထားပါတယ်။ တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်တဲ့ ဆိုလီနာက အပြင်က သူ့လူနဲ့ပေါင်းပြီး လျှို့ဝှက်ခန်းကိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးဖို့လုပ်ကြပါတယ်။ သူတို့လိုချင်တာက ရွှေငွေတွေဖြစ်ပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ ပွက်လောရိုက်ကြပါတယ်။ဒီလိုနဲ့ အခန်းတစ်ခုထဲကိုရောက်တော့ ငွေခေါင်းတလားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ အပြည့်ပိတ်ထားပြီး ဖွင့်စရာနည်းလမ်းရှာမတွေ့တဲ့ အဲဒီအခေါင်းထဲမှာ အဖိုးကြီးရဲ့ ရွှေငွေမှန်သမျှကိုထည့်ထားလိမ့်မယ်လို့ ထင်ပြီး သူခိုးတစ်သိုက်က အခေါင်းကို ဖျောင်ပြီး လေယာဉ်ပေါ်တင်သွားကြပါတယ်။အခေါင်းကိုဖွင့်ဖို့ကြိုးစားတဲ့သူရဲ့သွေးတွေက အခေါင်းထဲကိုစီးဝင်သွားရင်းနဲ့ အထဲမှာရှိတဲ့ Dracula ကို ပြန်အသက်သွင်းမိသွားပါတယ်။ Dracula က သူခိုးတစ်သိုက်လုံးကို တိုက်ခိုက်လိုက်လို့ လေယာဉ်လည်းပျက်ကျသွားပါတယ်။တစ်ဖက်မှာတော့ အဖိုးကြီး မက်သရူးက ငွေခေါင်းတလားခိုးခံလိုက်ရတာကိုသိတာနဲ့ အသက်ဝင်လာမယ့် Dracula ကိုလိုက်ရှင်းဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ သူကတကယ်တော့ Dracula ဆီကသွေးတွေကိုယူပြီး သူ့ခန္ဓာကိုယ်ထဲထိုးသွင်းရင်းနဲ့ အသက်ရှည်အောင်နေလာခဲ့တဲ့သူပါ။ ...
movie

Dracula 2000 (2000)

2000
Kid Cannabis (2014) 6.4
Kid Cannabis (2014) Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie

Kid Cannabis (2014)

2014
In the Name of the King 2: Two Worlds (2011) 3.1
In the Name of the King 2: Two Worlds (2011) In the Name of the King 2: Two Worlds (2011)===================================ဂရန်ဂျာဟာလက်ရှိခေတ်မှာ စစ်ပြန်အငြိမ်းစားတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာအချိန်ပိုင်းသင်ပြီးအသက်မွေးပါတယ်။တစ်နေ့ သူ့အိမ်ထဲမှာရှိနေတုန်း ရှေးအဝတ်အစားနဲ့လူတစ်စု အချင်းချင်းလာရောက်တိုက်ခိုက်ကြပြီး အဲ့ဒီထဲကအမျိုးသမီးတစ်ယောက်ဟာ သူ့ကိုအလင်းပေါက်ကြီးတစ်ခုကနေ တစ်ဖက်ကိုခေါ်ဆောင်သွားပါတော့တယ်။အဲ့ဒီဘက်အခြမ်းဟာ အလယ်ခေတ်ကာလဖြစ်နေပြီး ဂရန်ဂျာသိလိုက်ရတာက ရှေးဟောကိန်းတစ်ခုအရလက်ရှိအချိန်မှာ အကျပ်အတည်းဆိုက်နေတဲ့ အက်ဘ်ဆိုတဲ့တိုင်းပြည်ရဲ့ ကယ်တင်ရှင်ဟာသူဖြစ်နေတယ်ဆိုတာကိုပါပဲ။ သူ မယုံကြည်လက်မခံပေမယ့် ဘယ်လိုမှမလွှဲသာတဲ့အဆုံးမှာ ဂရန်ဂျာတစ်ယောက်မီးစင်ကြည့်က ဖို့ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ဇာတ်ရှုပ်ထဲကိုဝင်ပါရပါတော့တယ်။အဲ့ဒါကတော့ ရှေးဟောကိန်းအရ သူဟာ တိုင်းပြည်ခံတပ်ရဲ့ပြင်ပတစ်နေရာမှာ စခန်းချနေထိုင်တဲ့ မြင့်မြတ်တဲ့မိခင်ဆိုတဲ့ စုန်းမအိုကြီးနဲ့ သူ့နောက်လိုက် အမှောင်ပုဂ္ဂိုလ်တွေကို သုတ်သင်ပေးရမှာပါ။ဒါပေမယ့် သူသိလိုက်ရတဲ့ အပေါ်ယံဇာတ်လမ်းနောက်ကွယ်မှာလှည့်ကွက်တွေအများကြီးရှိနေတယ်ဆိုတဲ့အကြောင်း မကြာခင်သိလာပါတော့တယ်။In the Name of the King: Two Worlds မှာတော့ Dolph Lundgren ကြီးက ဂရန်ဂျာအဖြစ်ပွဲကြမ်းထားပါတယ်။ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီးနန်းတွင်းဇာတ်ရှုပ်တွေ ...
movie

In the Name of the King 2: Two Worlds (2011)

2011
Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021
Sniper: Assassin’s End (2020) 7.3
Sniper: Assassin’s End (2020) စနိုက်ပါဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း ကြိုက်သူတွေအတွက် တင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် နိုင်ငံမှာ အခြားနိုင်ငံက ဝန်ကြီးတစ်ယောက် စနိုက်ပါနဲ့ အပစ်ခံလိုက်ရပါတယ်။ အဲဒီ ပစ်တဲ့သူဘယ်သူလဲဆိုတာ သဲလွန်စတွေအရ စုံစမ်းတော့ ဘက်ကက် ဆိုတဲ့ လက်ဖြောင့်တပ်သား တပ်ကြပ်ကြီး တစ်ယောက် ဖြစ်နေတာကိုတွေ့ရတာပါပဲ။ ဒါပေမယ့် ဘက်ကက်က ချောက်တွန်းခံရတာဖြစ်ပြီး သူ့ကို ဖမ်းထားတုန်းမှာပဲ နှုတ်ပိတ်ဖို့ကြိုးစားလာပါတယ်။ ဒီတော့ သူ့အဖေရယ်၊ ထောက်လှမ်းရေး အေးဂျင့်တစ်ယောက်ရယ် အကူအညီနဲ့ တရားခံအစစ်ကိုလိုက်ရှာပြီး အမှန်ကို ပေါ်လာအောင် ကြိုးစားရပါတော့တယ်။   File Size - 1GB Quality - Bluray 720P Subtitle - Burmese (Hardsub) Translator - Little Neo Encoder - Thit San Khant
movie

Sniper: Assassin’s End (2020)

2020
White Chicks(2004) 5.6
White Chicks(2004) White Chicks(2004)White Chick ဆိုတဲ့ ၂၀၀၄ ထွက် Crime, Comedy ဇာတ်ကားလေးနဲ့  ရယ်ကြရအောင်။ FBI အေးဂျင့် ညီအကို ၂ ယောက်ရှိတယ်...သူတို့ညီအကို ၂ ယောက်ဟာ ဒီအလုပ်ကိုတကယ်လည်း ၀ါသနာပါသလို အတတ်နိုင်ဆုံးအောင်မြင်အောင် ကြိုးစားလေ့ရှိတယ်... သို့ပေမယ့် အလွဲကြီးဆိုတဲ့စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်... ရှင်းလေရှုတ်လေဆိုတဲ့ညီအကို ၂ ယောက်ဆိုပါတော့... ဒါကြောင့်အလုပ်ကထွက်ရဖို့အကြောင်းဖန်လာတယ်... ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကိုပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်... ပြသနာတောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီရန်မခဘဲရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်... ကဲ သူတို့ ညီအကို ၂ယောက် အောင်မြင်မလား...ဘယ်လိုအလွဲတွေဖြစ်မလဲ.... ပြန်ပေးသမားတွေရန်ကရော လွတ်အောင်ရုန်းနိုင်ပါ့မလား... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့.... File Size : (859MB) and (375 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Comedy.Crime Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encoded by Phyo Pyae
movie

White Chicks(2004)

Assault on Wall Street (2013) 6.1
Assault on Wall Street (2013)  Assault On Wall Street ဇာတ်ကားကတော့ Director : Uwe Boll ရိုက်ကူးထားတဲ့ Action , Crime , Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 6.1/10 Rotten Tomatoes - 66%ဒီဇာတ်ကားထဲမှာဆိုရင် Action မင်းသားကြီး Dominic Purcell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။***အညွှန်း***New York မြို့သား Jim ဆိုသောသူရဲ့မိန်းမဖြစ်သူကကလေးမရနိုင်သည့်အပြင် ကုသရခက်ခဲသော ရောဂါပါရှိနေပါတယ်။ ထိုရောဂါကို ကုသရန် ဆေးတစ်လုံးကပင် $300လောက်ကျမည်ဖြစ်တာကြောင့် သူစုဆောင်းထားသမျှကို ပိုတိုးပွားလာအောင် စတော့ရှယ်ယာတွင် ရင်းနှီးမြုပ်နှံလိုက်ပါတယ်။ သို့သော် စတော့ရှယ်ယာတစ်ခုလုံးပျက်သွားတာကြောင့် ပိုက်ဆံတွေအကုန်ဆုံးရှုံးကုန်ပါတယ်။အလိမ်ခံရတယ်ဆိုတာသိတာကြောင့် ရှေ့နေ၊ရဲစခန်း၊စသည်တို့ကို သွားခဲ့သော်လည်း သူ့အတွက်ဘာမှမလုပ်ပေးခဲ့ပေ။ ထိုနေ့မှာပဲ သူ့မိန်းမဖြစ်သူက သူ့အတွက်နှင့် သူယောကျာ်းပိုက်ဆံတွေထပ်ကုန်ပြီး စိတ်သောကရောက်နေမှာ စိုးတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေလိုက်ပါတယ်။ အရာရာကို ဆုံးရှုံးခဲ့ရပြီးနောက် Jimတစ်ယောက် သူ့ရဲ့ဆုံးရှုံးမှု့တွေအတွက် ဘယ်သူတွေ ဘယ်လို ပြန်ပေးဆပ်စေမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 720p IMDb Rating... 6.1/10 Format…mp4 Duration….01:38:55 Type...Action,Crime,Thriller Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie

Assault on Wall Street (2013)

2013