Channel Myanmar

Logan Crawford

Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
The Irishman (2019) 8.7
The Irishman (2019) ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie

The Irishman (2019)

2019
4K HEVC
Not Okay (2022) 6.1
Not Okay (2022) Not okay (2022) Zoey Deutch နောက်ထပ် ဇာတ်ကားသစ်လေး လာပါပြီ။ ဒီတစ်ခါတော့ Comedy, Drama အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ ...အတန်ရှည်လိုချင်လွန်းရင် မကောင်းကြောင်း သက်သေပြသွားတဲ့ ကားဖြစ်ပါတယ်။မဂ္ဂဇင်းတစ်ခုမှာ ဖိုတိုအယ်ဒီတာအဖြစ် အလုပ်လုပ်နေတဲ့ ဒန်နီဆန်းဒါးစ်ဟာ အင်မတန် စာရေးဆရာဖြစ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ မတော်တရော် အရေးအသားတွေကြောင့် သူ့သူဌေးက သူ့ကို ဆောင်းပါးဌာနကို ပြောင်းခွင့်မပေးပါဘူး။လွယ်ကူရိုးရှင်းတဲ့ဘဝကို မကျေနပ်ဘဲ နာမည်ကြီးချင်သလို သူ့ခရက်ရှ် ကောလင်းဆီက အတန်ရှင်းလိုချင်တဲ့ ဒန်နီဟာ ပဲရစ်ကို စာရေးဆရာအပေါင်းဖော်တွေနဲ့ အားလပ်ရက်ခရီးထွက်ပါပြီဆိုပြီး လိမ်ဆင်ထွင်ပါတော့တယ်။ကံဆိုးချင်တော့ သူ ပဲရစ်ရောက်နေဟန်ဆောင်ပြီး အိမ်မှာ အိပ်နေချိန်မှာပဲ ပဲရစ်ရဲ့ အထင်ကရနေရာတွေကို ဗုံးဖောက်ခံရပါတော့တယ်။ဒီလိုနဲ့ ဒန်နီဟာ သူ့ကို သီသီလေးလွတ်လာတယ်ထင်ပြီး ဝိုင်းကရုဏာသက်ကြတဲ့ လူတွေကို ဆက်လိမ်ရင်း အဂ္ဂမဟာ influencer ကြီးဖြစ်သွားပါတော့တယ်။ဒါပေမဲ့ သူ့လိမ်ဆင်တွေ ဘယ်လိုပေါ်သွားမလဲဆိုတာကတော့ …(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ...
movie

Not Okay (2022)

2022
The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

The First Purge (2018) 5.3
The First Purge (2018) ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်ပေးထားသူတွေကတော့ ကိုမျိုးသန့်နဲ့မေမြတ်သူပါ) File ...
movie

The First Purge (2018)

2018