Channel Myanmar

Lonny Ross

Watching the Detectives (2007) 6.2
Watching the Detectives (2007) Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip ...
movie

Watching the Detectives (2007)

College Road Trip(2008) 4.3
College Road Trip(2008) College Road Trip (2008)ရုပ်ကြီးမြင်တာနဲ့တင် ရယ်နေရတဲ့ ဟာသမင်းသားကြီး Martin Lawrence သရုပ်ဆောင်ထားတဲ့နောက်ထပ် College Road Trip  ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..........ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်..အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma’s Houseတို့ကိုတော့ သိမယ်ထင်ပါတယ်..အခုတစ်ခါတစ်မှာတော့ ဒီမင်းသားကြီးဟာ သားသမီးအပေါ်အရမ်းချစ်တတ်ပြီး အရွယ်ရောက်သည့်အထိ ကလေးတစ်ယောက်လို သမီးအပေါ်သဘောထားတဲ့ စိတ်ပူတတ်လွန်းတဲ့ ဖခင်တစ်ယောက်နေရာမှာသရုပ်ဆောင်ထားပါတယ်...သူ့ရဲ့ သမီးကြီးဟာ ကော်လိပ်တစ်ခုတက်ရဖို့အခွင့်အရေးရလာတယ်..ဒီကောလိပ်က သူတို့အိမ်နဲ့ဆို မိုင်(၇၀၀) ခန့်ဝေးပါတယ်....ဒါ့ကြောင့်စိတ်ပူတတ်တဲ့ ဖခင်ဟာသူ့သမီးကိုကျောင်းအထိ ကားနဲ့လိုက်ပို့ဖို့ဖြစ်လာတယ်...လမ်းခရီးအမှာအလွဲတွေနဲ့ ရယ်ရတာတွေတွေ့ရမယ့်အပြင်ဖခင်နဲ့သားသမီးအကြားဆက်ဆံရေးလေးတွေကို ကောင်းမွန်စေဖို့ ပညာသားပါပါလေးတွေပြသသွားတဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့....File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:23:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

College Road Trip(2008)

2008