Channel Myanmar

Lori Singer

The Man with One Red Shoe (1985)
The Man with One Red Shoe (1985)  မင်းသားကြီး တွမ် ဟန့်ခ်ရဲ့ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူဖြစ်တဲ့ ကူးပါးဟာ သူ့ရဲ့အထက်အရာရှိဖြစ်တဲ့ညွှန်ကြားရေးမှူး ရို့စ်ကိုဖြုတ်ချပြီး သူ့ရဲ့နေရာကိုယူနိုင်ဖို့အတွက် ရို့စ်က လာဘ်စားပြီးမူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာပါဝင်နေသလိုမျိုးအကွက်ဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးကြတဲ့အခါမှာတော့ ရို့စ်ကသူ့ဘက်ကနေ ပြန်ချေပနိုင်ဖို့အတွက် အချိန်တောင်းခဲ့ပြီး ကော်မတီကလည်း ၄၈ နာရီပေးခဲ့လိုက်ပါတယ်။ ရို့စ်ကလည်း သူ့ရဲ့လူယုံကြီး ဘရောင်းကိုအိမ်ကိုခေါ်ပြီး ရှင်းပြဖို့လုပ်တဲ့အချိန်မှာ ကူးပါးက သူ့အိမ်တစ်အိမ်လုံးမှာ အသံဖမ်းစက်တွေတပ်ထားတာကိုသိထားတာမလို့ ကူးပါးကိုအကွက်ဆင်ပြီးပြန်ဖမ်းဖို့အတွက် ကော်မတီကြားနာမှုမှာ သူ့ဘက်ကနေထွက်ဆို ပေးမဲ့လူကို လေဆိပ်မှာသွားတွေ့ပါဆိုပြီး ဘရောင်းကို တကယ်မရှိတဲ့လူတစ်ယောက်ကို သွားတွေ့ခိုင်းလိုက်ပါတယ်။ ဘရောင်းလည်းလေဆိပ်မှာ လူရှာရင်း ဖိနပ်အနီရောင်တစ်ဖက်စီးထားတဲ့ ရစ်ချက်ကိုရွေးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကူးပါးလွှတ်ထားတဲ့ လူတွေကလည်း ရစ်ချက်နောက်ကိုတကောက်ကောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းကတယောကိုပဲ ထိုးလာခဲ့ပြီး သူလျိုလုပ်ဖို့နေနေသာသာ ကားတောင်မမောင်းတတ်တဲ့ ရစ်ချက်တစ်ယောက် အလကားနေရင်း စီအိုင်အေ ဒုတိယညွှန်ကြားရေးမှူးရဲ့ လူတွေလိုက်တာကိုခံရရင်း ဘယ်လိုအလွဲတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကြတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 ...
movie

The Man with One Red Shoe (1985)

When Will I Be Loved (2004) 4.4
When Will I Be Loved (2004) When Will I Be Loved (2004) - 18+ =====================(၂၀၀၄)ခုနှစ်ကထွက်ရှိခဲ့တဲ့ လူစုကြည့်ရမယ့်ဇာတ်ကားလေးလာပါပြီ။ ငွေသာလျှင် ဘုရားသခင် ငွေရဖို့ဘာမဆိုလုပ်မယ်ဆိုတဲ့ Ford၊ ဥစ္စာပေါ ရုပ်ချောလက်ညှိုးညွှန်ရေဖြစ်နေတဲ့ အချစ်ငတ်နေသူ Vera၊ ချစ်သူဖြစ်သူ Ford ရဲ့ တန်ဖိုးထားခြင်းမခံရပဲ အချစ်ငတ်နေရသူ Veraလေး အချစ်ကို လိုက်ရှာနေလိုက်တာ ကျားမမရွေးတဂျိန်းဂျိန်းလေးနဲ့ပေါ့။ ငွေရဖို့ဆိုဘာမဆို လုပ်မယ့် Ford ကလည်း ဒေါ်လာတစ်သိန်းလေးအလွယ်လေးပိုက်ဖို့အတွက် ချစ်သူ Vera လေးကို Court ဆိုတဲ့မြက်နုကြိုက်တဲ့ဘိုးတော်နဲ့တွေ့ပေးဖို့ ကြံလာတော့။ ယောကျ်ားသားတွေလည်တယ်ဆိုတာ မိန်းမတွေအိပ်သလောက်ပဲ ရှိတဲ့အကြောင်းရိုက်ပြထားတဲ့ မဂျိန်းတဂျိန်းအခန်းများနဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.7 GB) / (674 MB) / (420 MB) Quality – Web-DL 1080p / 720p / 480p Duration - 1Hr 21mins Subtitle – Myanmar Hardsub Format ...
movie

When Will I Be Loved (2004)

2004
Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie

Experimenter (2015)

2015