Channel Myanmar

Lorraine Bruce

King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Eden Lake (2008) 6.7
Eden Lake (2008) Eden Lake (2008)~ IMDb - 6.7/10, Rotten Tomatoes - 80% ~ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ ...
movie

Eden Lake (2008)

2008