Channel Myanmar

Lou Diamond Phillips

Justice League: Crisis on Infinite Earths Part One (2024)
Justice League: Crisis on Infinite Earths Part One (2024) DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။File size…(3 GB)/(1.7 GB)/(866 Mb) Quality….Webrip 4K/1080p/720p Format…mp4 Duration….01:33:00 Genre...Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & ...
movie

Justice League: Crisis on Infinite Earths Part One (2024)

4K HEVC
Young Guns (1988) 6.8
Young Guns (1988) Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie

Young Guns (1988)

1988
The Big Hit (1998) 6.0
The Big Hit (1998) The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း ...
movie

The Big Hit (1998)

Easter Sunday(2022) 5.3
Easter Sunday(2022)  Easter Sunday Netflix နဲ့ Comedy Central တို့ရဲ့နာမည်ကျော် Comedian ကြီး Joe Koy ရဲ့ဟာသရုပ်ရှင်လာပါပြီ။Joe Koy ဟာ Joe Valencia ဆိုတဲ့ရုန်းကန်နေတဲ့ Comedian နေရာသရုပ်ဆောင်ထားပါတယ်။Joe ဟာသူ့သားဖြစ်သူကိုကောင်းကောင်းမွန်မွန်ပျိုးထောင်နိုင်ဖို့ ရုန်းကန်ရင်း တစ်ဖက်မှာလည်း မိသားစုကိုအချိန်ပေးနိုင်ဖို့ လုံးပန်းနေရပါတယ်။ကက်သလစ်ဘာသာ၀င်ဖိလစ်ပိုင်လူမျိူးတွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ အီစတာအတွက် မိသားစုရှိရာမြို့ကိုပြန်လာတဲ့အခါ Asian မိသားစုထုံးစံအတိုင်း အမျိုးတွေအများကြီးနဲ့ ‌ဗြောက်သောက်တွေဖြစ်လာပုံကို ဟာသမြောက်စွာကြည့်ရှု့ရမှာပါ။ နာမည်ကျော် Comedian ကြီးJoe Koy အပြင် Jimmy O Yang,Lou Diamond Phillips တို့လို နာမည်ကြီး Asian သရုပ်ဆောင်တွေလည်းပါ၀င်ပါတယ်။File size…(2.05GB)/(1013MB)/(532MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Easter Sunday(2022)

Constantine: The House of Mystery (2022)
Constantine: The House of Mystery (2022) Constantine: The House of Mystery (2022)==============================DC Fanတိုင်း ကိုစံသိန်းရယ်လို့ ချစ်စနိုး​ခေါ်ကြတဲ့ John Constantine ရဲ့ Animation ဇာတ်လမ်းတစ်ပုဒ် ထွက်လာပါပြီ၊ ဇာတ်အိမ်က​တော့ Justice Dark : Apokolips Warအပြီးကို တည်ထားတာပါ၊ Runtime က​ မိနစ်၃၀ ​လောက်ပဲရှိလို့ ဇာတ်လမ်းတိုလို့ပြောလို့ရပါတယ်၊ ကမ္ဘာပျက်စစ်ပွဲကြီး အပြီး စစ်လည်းနိုင်သလို Justice League Member​ တွေနဲ့ ကမ္ဘာကြီး ကိုယ်တိုင် ​ဆုံးရှုံးမှု​တွေ အများကြီးကြုံ​လိုက်ရပါတယ်၊ ကမ္ဘာကြီးလည်း ပျက်စီးမှုဒဏ် ​​ကြောင့် အဆုံးသတ်လုဆဲဖြစ်လာပါပြီ။ဒါ​ကြောင့် ဂျွန်ကွန်စတန်တင်းက ဖလက်ရှ်ရဲ့အလျင်နဲ့ ဖလက်ရှ်ပွိုင့်ဖန်တီးပြီး ဒီဖြစ်စဉ်​တွေလုံးဝမဖြစ်ခဲ့သလို အတိတ်ကိုပြင်ဆင်ဖို့ အကြံထုတ်ခဲ့ပါတယ်၊ ဒါ​ပေမဲ့ အဲဒီလို ပြင်ဆင်စဉ်မှာ ရုတ်တရက် ပ​ဟေဠိဆန်ဆန် စံအိမ်ကြီးထဲကို ​ရောက်သွားပါတယ်၊ အိမ်ထဲမှာ​ ဂျွန်ချစ်ရတဲ့ ဇီနဲ့ ​​သေပြီးသားသူ့မိတ်​ဆွေ​တွေ ရှိ​နေတာပါ၊ ဒါ​ပေမဲ့ သူတို့က လူစင်စစ်​မဟုတ်ဘဲ မ​ကောင်းဆိုးဝါး​​ ဖြစ်​နေပြီး ဂျွန်ကို ဝိုင်းသတ်လိုက်ကြပါတယ်။ဒါ​ပေမဲ့ ဂျွန်က ​သေသွားတယ်လို့မရှိဘဲ ဒီအိမ်ထဲမှာပဲ အချိန်စက်ဝန်း​ကျော့​နေ သလို ...
movie

Constantine: The House of Mystery (2022)

2022
Che: Part Two (2008) 6.9
Che: Part Two (2008) Che: Part Two (2008)__________IMDb - 6.9/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie

Che: Part Two (2008)

Courage Under Fire(1996) 6.6
Courage Under Fire(1996) Courage Under Fire(1996) IMDB.....6.6,,,,,,,Rotten......85 Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။ ဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ ဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအာ း သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး ...
movie

Courage Under Fire(1996)

1996
The 33 (2015) 6.9
The 33 (2015) CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီပေါင်းများစွာက ...
movie

The 33 (2015)

2015