Channel Myanmar

Louis Garrel

The Three Musketeers Part II : Milady (2023) 6.5
The Three Musketeers Part II : Milady (2023) The Three Musketeers Part II : Milady ( 2023 )ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလို ရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။ သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့ မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D'Artagnan ပါပဲ။ ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကို ကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေက တခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများက The Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three ...
movie

The Three Musketeers Part II : Milady (2023)

2023
The Three Musketeers: D’Artagnan (2023) 7
The Three Musketeers: D’Artagnan (2023) The Three Musketeers: D'Artagnan (2023)~ IMDb - 6.9/10, Rotten Tomatoes - 96% ~ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent ...
movie

The Three Musketeers: D’Artagnan (2023)

2023
4K HEVC
Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

The Innocent (2022) 6.7
The Innocent (2022) The Innocent (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် ...
movie

The Innocent (2022)

2022
Jealousy (2013) 6.4
Jealousy (2013) Jealousy (2013) =============== IMDb Rating - 6.4/10လူးဝစ်ဆိုတဲ့ ကောင်လေးက သူ့ဇနီးနဲ့ သူ့သမီးလေးကို ထားခဲ့ပြီး အပြင်မှာ ကလော်ဒီယာဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေခဲ့ ပါတယ်။လူးဝစ်က ပြဇာတ်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကလော်ဒီယာကလည်း အရင်က ပြဇာတ်သရုပ်တစ်ယောက်ဖြစ်ပြီး လက်ရှိအလုပ်လက်မဲ့တစ်ယောက်ပါ။ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဖြစ်ကြလဲ......သူတို့ နှစ်ယောက်နဲ့ ဆက်ဆံရေးကရော ရေရှည်တည်မြဲမှာလားဆိုတာကို ကြည့်ရှုရမယ့်အပြင် .  လူးဝစ်နဲ့သမီးလေး ဆက်ဆံရေးကရော ရေရှည် ခိုင်မြဲမှာလား ဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ဒီဇာတ်လမ်းက ပြင်သစ်အဖြူအမည်းရုပ်ရှင်ကားဟောင်းဖြစ်ပြီး ပြစ်သစ်လူနေမှုဘဝနဲ့ မိသားစုတစ်စုရဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်လို့  Drama ကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ကားလေးလို့ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.96 GB) / (675 MB) / (348 MB) Quality............Web-Rip 1080p / 720p / 360p Duration.........1Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Parris Encoder..........SWM
movie

Jealousy (2013)

2013
Rifkin’s Festival (2020) 6.2
Rifkin’s Festival (2020) Rifkin's Festival (2020)================= IMDb Rating - 6.2/10 Directed By Woody Allenကျွန်တော့်အကြိုက်ဆုံး အယ်လန်ရဲ့ ရုပ်ရှင်ဟာ Midnight In Parisပါပဲ။Midnight in Parisက ဇာတ်ကောင်ဟာ အနုပညာကို ခံစားတတ်ပေမဲ့ သူ့ကိုယ်ပိုင် မာစတာပိစ်ကို မရေးနိုင်သေးတဲ့ ရေးချင်နေတဲ့လူပါပဲ။ Rifkin's Festivalရဲ့ ဇာတ်ကောင် RIFKINဟာလည်း ဒီလိုလူပါပဲ။ဒီရုပ်ရှင်ဟာ Midnight in Parisရဲ့ အဆက်မဟုတ်ပေမဲ့ နှစ်ကားလုံးက ဇာတ်ကောင်နှစ်ကောင်လုံးက အယ်လန်ကိုယ်တိုင်ရဲ့ သူ့ကိုယ်သူပြန်တူးဖော် ထားတဲ့ ဇာတ်ကောင်တွေလို့ ယူဆလို့ရတယ်။ နောက် Rifkinဟာ Midnight in Parisရဲ့ အဖြေလို့ ဆိုလို့ရပါတယ်။Midnight in Parisမှာ ပါရီရဲ့အတိတ်ကာလကို အချိန်ခရီးသွားသလို ဟန်သုံးထားပြီး နာမည်ကျော်ပန်းချီဆရာတွေ စာရေးဆရာတွေ ဂီတဆရာတွေကို တမ်းတပြသွားခဲ့တယ်။ RIFKINမှာတော့ နာမည်ကျော်ဒါရိုက်တာတွေရဲ့ နာမည်ကြီးဇာတ်၀င်ခန်းတွေကို တစ်ဖြတ်တစ်ဖြတ် ဆိုသလို ထည့်သွားပြီး Homage to Cinema လုပ်သွားတယ်။Ingmar Bergmanရဲ့ 7th Sealအပြင် François Truffautတို့ Jean-Luc Godardတို့လို တန်းမြင့်ပြင်သစ်ဒါရိုက်တာတွေရဲ့ ရုပ်ရှင်တွေအပြင် ဟောလိဝုဒ်ရဲ့ အကောင်းဆုံးလို့ ဆိုခဲ့ကြဖူးတဲ့ Orson Wellesရဲ့ Citizen Kaneထဲက ဇာတ်၀င်ခန်းတွေကိုပါ ပြန်ယူသုံးပြီး Homage To ...
movie

Rifkin’s Festival (2020)

2020
A Faithful Man(2018) 6.5
A Faithful Man(2018) A Faithful Man(2018)(unicode)IMDb...6.5 မာရီယန်းဆိုတဲ့ မိန်းမချောလေးမှာ ပေါလ်နဲ့ အဘဲလ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်.... အချစ်ဆုံးဆိုသူငယ်ချင်းတွေဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်အလွန်ရင်းနှီးစွာနေလေ့ရှိသလို တွဲခဲ့တဲ့ ကာလကလည်း ကြာလွန်းလှတယ်... ဒီလိုကာလရှည်တွေဟာ တခြားသူငယ်ချင်းတွေအတွက်မဆန်းပေမယ့် သူတို့အတွက်တော့ သူငယ်ချင်းစည်းကျော်ပြီး ချစ်ခဲ့မိကြတယ်.. မာရီယန်းဟာ မနက်ကိုပေါလ်နဲ့တွဲရင် ညဘက်ကို အဘဲလ်နဲ့တွဲတယ်.... ယောင်္ကျာလေး (၂)ယောက်ရဲ့ ခပ်ဆိတ်နေမှုဟာ မာရီယန်းအတွက် အခွင့်ကောင်းလို့ပဲဆိုရမလားမသိ.... သူကလည်း (၂)ယောက်လုံးကိုချစ်နေတော့ ခက်သားပင်.... ကိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... မာရီယန်းနေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီး Laetitia Marie Laure Casta ဆိုတာ တစ်ချိန်က Victoria’s Secret Angel လေးတစ်ပါးဆိုတော့ သူ့ရဲ့အကြည့် သူ့ရဲ့ အပြုံးမှာတင် ခင်ဗျားတို့အားလုံး ရင်သပ်ရှုမောရမယ်ဆိုတာ ပြောကြားရင်း.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....(zawgyi)IMDb...6.5 မာရီယန်းဆိုတဲ့ မိန်းမချောလေးမှာ ပေါလ်နဲ့ အဘဲလ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်.... အချစ်ဆုံးဆိုသူငယ်ချင်းတွေဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက်အလွန်ရင်းနှီးစွာနေလေ့ရှိသလို တွဲခဲ့တဲ့ ကာလကလည်း ကြာလွန်းလှတယ်... ဒီလိုကာလရှည်တွေဟာ တခြားသူငယ်ချင်းတွေအတွက်မဆန်းပေမယ့် သူတို့အတွက်တော့ သူငယ်ချင်းစည်းကျော်ပြီး ချစ်ခဲ့မိကြတယ်.. မာရီယန်းဟာ မနက်ကိုပေါလ်နဲ့တွဲရင် ညဘက်ကို အဘဲလ်နဲ့တွဲတယ်.... ယောင်္ကျာလေး (၂)ယောက်ရဲ့ ခပ်ဆိတ်နေမှုဟာ မာရီယန်းအတွက် အခွင့်ကောင်းလို့ပဲဆိုရမလားမသိ.... သူကလည်း (၂)ယောက်လုံးကိုချစ်နေတော့ ခက်သားပင်.... ကိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး... မာရီယန်းနေရာက သရုပ်ဆောင်ထားတဲ့ ...
movie

A Faithful Man(2018)

Little Women (2019) 8.0
Little Women (2019) unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie

Little Women (2019)

(18+)The Dreamers(2003) 7.2
(18+)The Dreamers(2003) (18+)The Dreamers(2003)(Dark Side မှ တင်ဆက်သည်.....)(unicode)ဒီ movieလေးကတော့ IMDb 7.2/10 Rotten Tomatoes 60 Google user 85% ကြီးများတောင် ရထားတဲ့ Drama/Romance ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.ဒီကားလေးက ၁၉၆၀ ၀န်းကျင်က ပြင်သစ်မှာဖြစ်တဲ့ ရုပ်ရှင်နဲ့ပက်သက်တဲ့ အရေးခင်းအပေါ် အခြေခံထားတာပဲ ဖြစ်ပါတယ်.. .ဇာတ်လမ်းအကျဉ်းကတော့ မက်သရူးဆိုတဲ့ အမေရိကန်ကျောင်းသားလေးဟာ ပြင်သစ်မှာ ရုပ်ရှင်အကြောင်းလာရောက် လေ့လာရင်း ဝါသနာတူတွေဖြစ်တဲ့ ပြင်သစ် စာရေးဆရာရဲ့ သားသမီးတွေဖြစ်တဲ့ သီအိုနဲ့အစ်ဆာဘယ်လီဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ ခင်မင်သွားပါတယ်.အဲ့နောက်မှာတော့ မက်သရူးဟာ သူတို့ မောင်နှမ‌နှစ်ယောက်ကြားက ဆက်ဆံမှုတွေ, ရုပ်ရှင်‌အပေါ် ရုးသွပ်မှုတွေကို မြင်ပြီး သံယောဇဉ်တွယ်မိသွားပါတယ်. ထို့အပြင် မက်သရူးဟာ ညီမဖြစ်သူ အစ်ဆာဘယ်လီနဲ့ ချစ်ကြိုက်မိသွားတဲ့ အခါ ဘယ်လိုတွေ ဆက်ဖြစ်လာတယ်. သူတို့ သုံးဦးရဲ့ ရုပ်ရှင်နဲ့အနုပညာရှင်တွေ အပေါ် ရူးသွပ်မှုတွေ ပေါင်းစည်းသွားတဲ့ ...
movie

(18+)The Dreamers(2003)

At Eternity’s Gate (2019) 7.0
At Eternity’s Gate (2019) အချိန်​မှားပြီးမွေးဖွားခဲ့တဲ့........... ခေတ်​အဆက်​ဆက်​...တည်​မြဲနေဦးမယ့်............ပန်းချီကားတို့ရဲ့ ဖန်​တီးရှင်​...ဗင်းဆင့်​ဗန်​ဂိုး............ဗန်​ဂိုးဟာ ဒတ်​ခ်ျ​လူမျိုးပန်းချီဆရာတစ်​ယောက်​ပါ......သူ့ရဲ့စိတ်​ခံစားချက်​ကို အရောင်​များနဲ့ဖော်​ပြတတ်​သူဖြစ်​ပြီး......သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်​ဆန္ဒကို ကြက်​သီးထဖွယ်​တွေ့မြင်​ရတတ်​ပါတယ်​.......သူဟာပန်းချီကို အလွန်​ရူးသွပ်​သူတစ်​ယောက်​ဖြစ်​ပြီးအသက်​ ၂၇နှစ်​မှစတင်​ပြီး ပန်းချီဆွဲခဲ့တာပါ.....လောကမှ နာမည်​အကျော်​ကြားဆုံးနဲ့ ကံအဆိုးဆုံးပန်းချီဆရာတစ်​ယောက်​ဆိုရင်​လည်း မမှားပါဘူးဘာလို့လဲဆိုတော့ သူဟာ အချိန်​မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ......သူ့ခေတ်​က ပန်းချီပညာရှင်​အများစုက သူ့ကို အသိအမှတ်​မပြုခဲ့ကြပေမယ့်​ခေတ်​သစ်​ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်​ကိုအသိအမှတ်​မပြုဘဲ မနေနိုင်​ကြပါဘူး သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီးနှစ်​၃၀ဆယ်​ခန့်​ကြာမှ စတင်​နာမည်​ကျော်​ကြားလာခဲ့တာဖြစ်​ပါတယ်​ဘဝတစ်​လျှောက်​လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်​တိုင်​အောင်​သူ့ကို ဘယ်​သူကမှ အသိအမှတ်​မပြုခဲ့ပါဘူးဒါပေမယ့်​ ၁၀နှစ်​လုံးလုံး ပန်းချီဆွဲတဲ့အလုပ်​ကို စိတ်​ဓာတ်​ကြံ့ခိုင်​စွာနဲ့ဇောက်​ချလုပ်​ခဲ့ပါတယ်​ အသက်​ ၃၇နှစ်​မှာသေဆုံးခဲ့ပြီး .........ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်​တာ ကာလတစ်​လျှောက်​မှာပန်းချီကားချပ်​ပေါင်း ၁၆၀၀ခန့်​ရေးဆွဲခဲ့ပါတယ်​ပန်းချီကားတိုင်းဟာ သူပြောပြချင်​တဲ့ အကြောင်းအရာတွေသူဖော်​ပြချင်​တဲ့ စိတ်​ခံစားမှုအခြေအနေတွေ ပြည့်​နှက်​နေပါတယ်​သူအသက်​ရှင်​စဉ်​ကာလတစ်​လျှောက်​မှာ ပန်းချီကားက ၁ချပ်​ပဲရောင်းခဲ့ရပါတယ်​ ...
movie

At Eternity’s Gate (2019)

2018