Channel Myanmar

Louise Fletcher

Cassadaga (2011) 5.5
Cassadaga (2011)  လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre …..  Horror , ...
movie

Cassadaga (2011)

Exorcist II: The Heretic (1977)
Exorcist II: The Heretic (1977) 1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီးဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီးဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာကုသမှုခံယူနေဆဲဖြစ်ပါတယ်။ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကိုအသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာဒီကားထဲမှာ အဖြေကို ရမှာပါ။ ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့် Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။  File size…  3.65 GB /  1.14 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Exorcist II: The Heretic (1977)

1977
Firestarter (1984) 6
Firestarter (1984) Firestarter (1984)King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ...
movie

Firestarter (1984)

1984
2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996
[18+] Cruel Intentions (1999) 6.8
[18+] Cruel Intentions (1999) Cruel Intentions (1999)~ IMDb - 6.8/10, Rotten Tomatoes - 54% ~1782 ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ဝတ္ထုတိုတစ်ပုဒ်ကို မှီငြိမ်းရိုက်ခဲ့တဲ့ ဒီဇာတ်ကားဟာ အစကတော့ Low Budget ရုပ်ရှင်တစ်ကားအနေနဲ့သာ ထုတ်ဖို့ရည်ရွယ်ခဲ့ကြပေမဲ့ ရုံဝင်ငွေ အမြတ်တွေ အတော်ရပြီး အကြီးအကျယ်ပေါက်ခဲ့သလို Cult Classic ရုပ်ရှင်တစ်ကားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီထဲမှာ ပါတဲ့သူတွေကတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်းနှီးနေပြီးသားဖြစ်မယ့်သူတွေချည်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောရအောင်ဗျာ...ဆီဘက်ရှန်နဲ့ ကတ်သရင်းဆိုတာ အဖေမတူအမေကွဲ ငြိတိတိ ချိတ်တိတ်တိတ် မောင်နှမတွေပေါ့။ နှစ်ယောက်လုံးက ခပ်ဟော့ဟော့နဲ့ စားဘဲကြီးစားစော်ကြီးတွေ အသီးသီးလုပ်နေကြတာပေါ့။ ဆီဘက်ရှန်ဘဝမှာ မအောင်မြင်သေးတဲ့ ပန်းတိုင်ကတော့ ကတ်သရင်းပါပဲ။ ကတ်သရင်းကလည်း ဆီဘက်ရှန် သူ့ကို လိုချင်မှန်းသိတော့ မထိတထိ ကလူသလို လူကိုမြူဆွယ် ကျီစယ်နေကျပါပဲ။ တစ်ရက်မှာတော့ အရမ်းရိုးသားဖြူစင် ဗိုင်းကောင်းကျောက်ဖိကောင်မလေးတစ်ယောက်ကို ဆီဘက်ရှန်တစ်ယောက် ...
movie

[18+] Cruel Intentions (1999)

1999
Once Upon a Time in America (1984) 8.4
Once Upon a Time in America (1984)  Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအ‌ကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်‌တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie

Once Upon a Time in America (1984)

One Flew Over the Cuckoo’s Nest (1975) 8.7
One Flew Over the Cuckoo’s Nest (1975) One Flew Over The Cuckoo's Nest (1975) ==================== IMDB Rating- 8.7/10 Rotten Tomatoes- 94% 1963ခုနှစ်ရဲ့ဆောင်းဦးမှာ R.P.McMurphyလို့ခေါ်တဲ့ လူတစ်ယောက်က စိတ်ကျန်းမာရေးဆေးရုံကို ရောက်လာတယ်။ McMurphyက ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့သူပါ။ သူ့လိုလူအတွက် ထောင်ထဲသွားတာက ဘာမှ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကြာလာတော့အလုပ်ကြမ်းလုပ်ရတာ‌ေတွ ငြီးငွေ့လာတယ်။ ဒါကြောင့်က 15နှစ်သမီးကို rapeလုပ်ပြီး တရားစွဲခံရတဲ့နောက်မှာ ထောင်ထဲကို မသွားချင်တဲ့အတွက် စိတ်ရောဂါရှင်ယောင်ဆောင်ခဲ့တယ်။ အဲ့လိုနဲ့ ဒီဆေးရုံကို ရောက်လာတယ်။ သူက ဆေးရုံမှာဆိုရင် ပိုပြီး လွတ်လပ်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် လူနာတွေအပေါ် အာဏာ မတရားသုံးတဲ့ သူနာပြု Ratchedကြောင့် မလွတ်လပ်တဲ့အပြင် ပိုပြီး တင်းကျပ်လာတယ်။ ထောင်မှာလုပ်လို့ရခဲ့တဲ့ ကိစ္စတွေတောင် လုပ်လို့မရဖြစ်လာတယ်။ ဒါကြောင့် သူက ဦးဆောင်ပြီး ကလန်ကဆန်စလုပ်လာတယ်။ ပြဿနာရှာတယ် အမျိုးမျိုးပေါ့။ တစ်ရက် ...
movie

One Flew Over the Cuckoo’s Nest (1975)

1975
HEVC 1080p 5.1
The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

[18+] Two Moon Junction (1988) 5.1
[18+] Two Moon Junction (1988) Two Moon Junction (1988)    တောင်ပိုင်းရဲ့ ဂုဏ်ရှိန်ကြီးပါတဲ့ မိသားစုတစ်ခုက Aprilဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့ကတော့ ဘွဲ့ရပြီး မကြာခင် ဆောင်တော့မယ့် သူ့မင်္ဂလာဆောင်ရက်ကလေး မတိုင်ခင်မှာ ပေါ်ပေါက်လာပါတယ်။ အကြောင်းကတော့ ထရပ်ကားတစ်စီးပေါ်မှာ ခွေးတစ်ကောင်နဲ့ပဲ အမြဲအတူရှိနေတတ်တဲ့ လေလွင့်လူတစ်ယောက် သူ့ဘဝထဲဝင်လာခြင်းပါပဲ။ ဆရာကြီးပီမိုးနင်း မိန်းမစိတ်ကျမ်းထဲထည့်ရေးဖူးသလို မိန်းမစိတ်ဟာ ဆန်းပါတယ်။ သူုပြခဲ့တဲ့ ဥပမာဆိုရင်တော့.. "မိန်းမတစ်ယောက်ဟာ ပုံပျက်ပန်းပျက်ရုပ်ဆိုးပြီး ဗလကောင်းနေတဲ့ လူတစ်ယောက်ကို လှမ်းအမြင်မှာ အလိုလိုချစ်သွားပြီး အနီးကပ်မှ သူ့ယောကျာ်း မျက်နှာဒဏ်ရာရလာတာမှန်း သိရတော့ စိတ်မပါတော့တာမျိုုးပါ"။ အရာရာရွှေအတိကျပြီးခဲ့တဲ့ အနာဂတ်ရယ် ဆန္ဒအလိုလိုက်မှုတွေရယ် ကြားမှာ ဂုဏ်သရေရှိပညာတတ် Aprilဆိုတဲ့ကောင်မလေးတစ်ယောက် ကလေကချေ အရိုင်းအစိုင်းတစ်ကောင်ကို ဆက်ဆံတဲ့ပုံတွေကတော့ တကယ့်ကို နားလည်ရခက်ခက်ပါပဲ။ မိန်းမဆိုတဲ့ ကျမ်းကြီးကို လူအတော်များများကတော့ အနှေးနဲ့အမြန်လေ့လာရမှာပါပဲ...ဒီဇာတ်လမ်းကတော့ နားလည်ရခက်မယ့်မိန်းမစိတ်အကြောင်း လေ့လာရာမှာ တစ်ထောင့်တစ်နေရာက အထောက်အကူုဖြစ်စေမှာပါ ထုံးစံအတိုင်း ပညာယူရင်း မင်းသမီးချောလေး SHEIRLYN FENNရဲ့  တစ်ကြောင်းမျဉ်းအလှတရားပေါင်းများစွာကို တဝကြီးတွေ့ရမှာပါ...    ၁၈+အခန်းပေါင်းများစွာပါသဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ....     File Size : (900 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre ...
movie

[18+] Two Moon Junction (1988)

1988