Channel Myanmar

Louise Tu'u

10,000 BC (2008) 5.1
10,000 BC (2008) 10,000 BC (2008)ခရစ်​တော်မ​ပေါ်ခင် ဘီစီ ၁၀၀၀၀​လောက်က ယာဂါလ်လူမျိုး​တွေမှာ ဒဏ္ဍာရီတစ်ခု​ ပေါ်​လာခဲ့ပါတယ်။ အပြာ​ရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ ဒဏ္ဍာရီ​ပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်​တွေရဲ့ဘဝကို လှံဖြူကိုင်စစ်သည်​တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။တစ်​နေ့မှာ ဒဏ္ဍာရီထဲကလို အပြာ​ရောင်မျက်လုံးပိုင်ရှင် မိန်းက​လေး တစ်​ဦး တခြား​အရပ်က​နေ ယာဂါလ်​​​ဒေသကို ​ရောက်လာခဲ့ပါတယ်။ သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်​စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့် လှံဖြူကိုင်စစ်သည်​​တော်​ကိုလည်း မန်နက်​ခေါ် ​​​အမွေးထူဆင်ကြီးကို သတ်နိုင်သူကိုပဲ ​ရွေးချယ်မှာပါ။ ဒါ​ကြောင့် အက်ဗိုလက်နဲ့ ​မေတ္တာမျှ ​နေတဲ့ ဒ​လေးဆိုတဲ့ ယာဂါလ်သား​​လေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း စစ်သည်​တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ဒါ​ပေမဲ့ သူတို့၂​​ဦးရဲ့ ​ချစ်ခရီးက ​ကြာကြာမတည်မြဲခဲ့ဘဲ ​ခြေ၄​ချောင်း နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူ​တွေ ယာဂါလ်​​တွေဆီ ရောက်လာကြပြီး အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုး​​​တွေကို ဖမ်းဆီးသွားတဲ့အခါ ဒ​လေးအ​နေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း ခရီးရှည်ကြီးကို စတင်ခဲ့ပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Drama Quality…. 1080p | 720p | 480p File size… ...
movie

10,000 BC (2008)

2008