Channel Myanmar

Lu Qi

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )

Farewell My Concubine (1993) 8.1
Farewell My Concubine (1993) Farewell My Concubine (1993) "မောင်းမငယ် နေလေရစ်"1993ဩဂုတ်မှာ နယူးယောက်တိုင်းသတင်းစာထဲ " တရုတ်က သူ့‌မြေကရုပ်ရှင်ကို သူ့ဘာသာ ပြန်ပိတ်ဆို့လိုက်ပြီး ကိန်းရုပ်ရှင်ပွဲတော်ကတော့ အဲဒီရုပ်ရှင်ကို အမြင့်ဆုံးဆု ပေးလိုက်တယ်"ဆိုတဲ့ ‌ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ 46ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Palme d'Or ရခဲ့တဲ့ Farewell My Concubine ပါပဲ။ဇာတ်လမ်းရဲ့ဦးအစဟာ ၁၉၂၄။၁၉၁၂မှာ ပုရီကို နန်းချပြီးနောက်ပိုင်း ဘုရင်ခေတ်ကနေ သမ္မတနိုင်ငံခေတ်ကိုကူးတဲ့ မတည်မငြိမ်ကာလတွေ ထဲမှာပေါ့။တရုတ်ပြည်မှာ အဲဒီနောက်ပိုင်းကာလတွေဟာ အပျက်ပျက် ကာလတွေချည်းပါပဲ။ ၁၉၁၆ကနေ ၁၉၂၈အတွင်းဖြစ်တဲ့ ငတ်မွတ်သေကြေမှုများခဲ့တဲ့ စစ်နယ်ရှင်ကာလအတွင်းက ခုနှစ်တစ်ခု။ အဲဒီကာလမှာ ပခြုပ်သည်မတစ်ယောက်ဟာ သူရဲ့ လူမမယ်သားကို ပေကျင်းအော်ပရာ လေ့ကျင့်ရေးကျောင်းတစ်ခုကို လာရောင်းခဲ့တယ်။ သူရောင်းခဲ့တဲ့ကလေးက လတ်စလီချောင်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ပဲစေ့လေး ခေါ် တျဲ့ရီ ။ ပေကျင်းအော်ပရာရော ခေတ်ပျက်တွေရောက ဒီရုပ်ရှင်ရဲ့ သက်မဲ့ဇာတ်ဆောင်တွေဆိုတော့ ...
movie

Farewell My Concubine (1993)

1993