Channel Myanmar

Lubna Azabal

Incendies 8.2
Incendies   နော်ဝယ်မာဝမ်ဆိုတဲ့အရှေ့အလယ်ပိုင်းသူ က သူမသေဆုံးခင် သေတမ်းစာရေးခဲ့ပါတယ်သူ့သေတမ်းစာကို သူ့အလုပ်ရှင်ရှေ့နေကြီးဆီမှာပဲယုံကြည်စွာအပ်နှံခဲ့ပါတယ် သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးက သူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ် သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ် ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက် စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီး အဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူ စီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့ စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှ အဖေနဲ့နောက်ထပ်အစ်ကိုလုပ်သူကို ရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ် သို့သော်လဲ သင်္ချာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိ အဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့က အမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီး သူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေ သိလာရတဲ့အခါမှာတော့.. IMDb 8.2/10ရထားတဲ့ ဒီကားလေးက အေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေ အကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့ အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ် အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးက အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ CM Translator  Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်  
8.2
IMDB: 8.2/10 113,819 votes
movie

Incendies

2010
Blu-Ray 1080p
Mary Magdalene(2018) 6.0
Mary Magdalene(2018) Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာ​လေးကို ​ကျောခိုင်းပြီး ​Jesusရဲ့​နောက်​ကို လိုက်​ခဲ့ပြီး ရှင်​သန်​ခြင်းရဲ့အခြားနည်းလမ်းကိုရှာ​ဖွေခဲ့ပါတယ်​... အဲ့လိုလိုက်​ခဲ့တာက အခြားသူ​တွေ၊Saint Peter အပါအဝင်အ​​ခြားတမန်​​တော်​​တွေ ပဋိပက္ခ​တွေဖြစ်​စေခဲ့ပါတယ်​... ​နောက်​ပိုင်းမှာ​တော့ Mary ဟာ Jesus လိုပဲ လက်​ဝါးကပ်​တိုင်​မှာပဲ အဆုံးစီရင်​​စေခဲ့ပါတယ်​.... ဒီကား​လေးက​တော့ Jesus​ရဲ့ တမန်​​တော်​​တွေထဲက တစ်​ပါးဖြစ်​တဲ့ Mary အ​ကြောင်းကို အ​ခြေခံပြီး ရိုက်​ကူးထားတဲ့ ခရစ်​ယာန်​ ဘာသာ​ရေးကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​... Garth Davis က ရိုက်​ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သ​ရုပ်​​ဆောင်​​တွေက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်​.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
6.0
IMDB: 6.0/10 1,853 votes
movie

Mary Magdalene(2018)

2018
Blu-Ray 720p

Genres