Channel Myanmar

Luc Bernard

The Summit of the Gods(2021) 7.6
The Summit of the Gods(2021) The Summit of the Gods(2021) အညွှန်း**********************************IMDb...7.6Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီးကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။ လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါ။ဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာတောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။သူတို့ရောက်သွားခဲ့လားဆိုတာဘယ်သူမှမသိနိုင်ခဲ့ပေမယ့် မယ်လိုရီရဲ့ကင်မရာကိုရှာတွေ့ခဲ့ရင်တော့အဖြေရနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ကြာပြီးနောက်မှာ ဂျာနယ်လစ်ဓာတ်ပုံသမားတစ်ယောက်ဟာဧဝရတ်တောင်ကိုဂျပန်အဖွဲ့တွေနဲ့ လိုက်တက်ပြီးဓာတ်ပုံလိုက်ရိုက်ရင်းနဲ့တစ်ချိန်ကတောင်တက်အကျော်အမော်တစ်ဦးဖြစ်ခဲ့သူ ဟဘူဂျိုဂျီမှာ အဲ့ကင်မရာရှိမှန်းသိသွားတဲ့အခါမှာတော့မယ်လိုရီပုစ္ဆာကိုအဖြေရှာရင်းဆောင်းပါးရဖို့အတွက်လူမြင်ကွင်းကနေပုန်းကွယ်နေတဲ့ ဟဘူကိုလိုက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ဇာတ်လမ်းဟာ ကင်မရာကိုလိုက်ရှာချင်တာတင်မဟုတ်ပဲဟဘူရဲ့စိတ်ဝင်စားဖွယ်တောင်တက်‌စွန့်စားခန်းတို့ကို နောက်ကြောင်းပြန်ကောက်ကာဇာတ်ကြောင်းပြောရင်းနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားပါတယ်။ လူတွေဘာလို့တောင်တက်ကြတာလဲ၊ဘာလို့သက်စွန့်ဆံဖျားကြိုးစားပြီး အန္တရာယ်အရမ်းများတဲ့အရာကိုစိန်ခေါ်ရတာလဲဆိုတဲ့မေးခွန်းတွေကိုတစ်စိတ်တစ်ပိုင်းအဖြေထုတ်လှစ်ဟပြသွားနိုင်တဲ့ အနှစ်သာရပြည့်ဝတဲ့animationကားတစ်ကားပါ။ ဇာတ်လမ်းပြီးသွားသည့်တိုင်အောင် အချိန်ကုန်မှန်းမသိလိုက်စေပဲတောင်တက်သမားတွေရဲ့စိတ်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းတွေကို ရင်ဖိုဖွယ်ကြည့်ရှုခံစားရမှာပါ။အညွှန်းထက် ဇာတ်လမ်းကအများကြီးပိုကောင်းနေတာကို ကြည့်ပြီးရင်သိသွားမှာပါ။ဇာတ်ညွှန်းနဲ့ဘာသာပြန်သူကတော့Moe Lay ပဲဖြစ်ပါတယ်...File Size :(1.7GB) (886MB) and (289MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Animation  , Drama , Thriller Subtitle ...
movie

The Summit of the Gods(2021)

Léon: The Professional (1994) 8.5
Léon: The Professional (1994) Léon: The Professional (1994) IMDb - 8.5/10_____Rotten - 73%    Unicode   1994ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်... Star Wars, Black Swan, Thor အစရှိတဲ့ဇာတ်ကားတွေထဲက မင်းသမီးချော Natali Portman ကို ဆယ်ကျော်သက် ဂျွတ်ဆတ်ဆတ် အထာလေးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်... ဇာတ်လမ်းပုံစံကတော့ Leon ကအရမ်းကျွမ်းကျင်ပြီး သွေးအေးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပါ။ တစ်နေ့မှာ မူးယစ်ဆေးကိစ္စနဲ့ပတ်သက်ပြီး မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့ အိမ်နီးချင်း ဆယ်ကျော်သက်ကောင်မလေး Mathilda ကို အမှတ်မထင် ကယ်တင်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ လက်တုံ့ပြန်ချင်တဲ့ Mathilda လေးက Leonဆီက လူသတ်ပညာကို သင်ယူပါတော့တယ်... လူငယ်ပီပီ ပွင့်လင်းပြီး တဇွတ်ထိုးနိုင်တဲ့ Mathilda လေးကြောင့် Leon ရဲ့အေးစက်နေတဲ့ နှလုံးသားက နွေးထွေးတဲ့ချစ်ခြင်းကိုခံစားမိလာချိန်မှာတော့.. ဦးလေးကြီးနဲ ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့စုံတွဲ ခပ်ကြမ်းကြမ်း အက်ရှင်တွေသာမက သူတို့နှစ်ယောက်ကြားက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားကိုပါ ကြည့်ရှုခံစားရမှာပါ... ရသမျိုးစုံကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အပြင် ဇာတ်လမ်းပြီးသွားချိန်ထိ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ အသေအချာပါပဲ....   ===================   Zawgyi   1994ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်... Star Wars, Black Swan, Thor အစရှိတဲ့ဇာတ်ကားတွေထဲက မင်းသမီးချော ...
movie


1994