Channel Myanmar

Lucie Pohl

TÁR (2022) 8
TÁR (2022) Tar (2022)ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | ...
movie

TÁR (2022)

[21+]A Thought of Ecstasy (2017) 6.0
[21+]A Thought of Ecstasy (2017) [21+]A Thought of Ecstasy (2017) အညွှန်း***********************************ဇာတ်လမ်းလေးကတော့ ဖရန့်ခ်ဆိုတဲ့သူတစ်ယောက်ဟာ သူ့အနားကထွက်ခွာသွားတဲ့သူချစ်ရတဲ့မိန်းမကိုလိုက်ရှာနေတယ်၊ထွက်သွားတဲ့အကြောင်းအရာကိုမသိ၊ ဘယ်နေရာကိုထွက်သွားမှန်းမသိ၊ဘယ်နေရာကိုလိုက်ရှာရမှန်းမသိဖြစ်နေတယ်၊ သူ့အတွက်မျှော်လင့်ချက်ဆိုလို့ bestsellerဆုရထားတဲ့စာအုပ်တစ်အုပ်ပဲရှိတယ်၊ ဘာကြောင့်လဲဆိုတော့ စာအုပ်ထဲကအကြောင်းအရာတွေဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုရေးထားသလားလို့ထင်ရလောက်အောင်အရမ်းမှန်နေတယ်၊ ဒီတော့ ဒီစာအုပ်ဟာသူချစ်တဲ့မာရီကိုယ်တိုင်ရေးထားတယ်လို့သူက တစ်ထစ်ချကိုယုံကြည်နေတယ်၊အဲ့ဒါကြောင့်ဖရန့်ခ်ဟာ စာအုပ်ထဲမှာပါတဲ့နေရာတွေကိုလိုက်ရှာရင်းနဲ့တကယ်ပဲ မာရီကိုတွေ့သွားမလားဆိုတာ ကြည့်ရှုပေးပါဦး...[+21]  ခပ်ကြမ်းကြမ်းအခန်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး File Size : (1.84 GB) (587MB) and (253MB) Quality : Blu-Ray  1080p, 720p Format…mp4 Duration…01:30:00 Genre : Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by TML Encoded by Min Wai
movie

[21+]A Thought of Ecstasy (2017)

Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations.   ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie

Fantastic Beasts and Where to Find Them (2016)

2016
Sam (2015) 5.2
Sam (2015)  အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ​ အချစ်​ဟာသဇာတ်​မြူး​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးချင်​ပါတယ်​ ဒါနဲ့စကားမစပ်​ယူတို့ယောကျာ်း​တွေထဲက ယောကျာ်းဘဝက​နေမိန်းမဘဝ​ပြောင်​းချင်​တဲ့သူဘယ်​နှ​ယောက်​ရှိလဲ​လို့​မေးလဲ​မေးချင်​တယ်​​မေးလဲ​မေးပလိုက်​ပြီ​...ဒီဇာတ်​ကား​လေးထဲမှာ ဆမ်​က မိန်​းမလိုက်​စားသူလူရှုပ်​လူ​ပွေတစ်​​ယောက်​ပါ တစ်​​နေ့သူ့ရဲ့အချစ်​ဆုံး​ဘော်​ဒါကြီး​ဒေါ့ ရဲ့​စေ့စပ်​ထားတဲ့​စေ့စပ်​ပွဲကပြန်​ မူးမူးရူးရူးနဲ့ဆိုင်​တစ်​ဆိုင်​ထဲဝင်​သွားခဲ့ပါတယ်​ ​စျေးဆိုင်​ရှင်​ကြီးနဲ့ဘာညာသာဒကာ​လျှောက်​​ပြောရင်​းမိန်​းမ​တွေရဲ့မ​ကောင်​း​ကြောင်​းဘယ်​လိုဘယ်​သင်​းရင်​ဖွင်​့ပါ​တော့တယ် ​စျေးဆိုင်​ရှင်​ကြီးကလည်​း​သူ့ကိုဖြေသိမ်​့ရင်​း ထူးဆန်​းတဲ့အရာတစ်​ခု​သောက်​ခိုင်​းခဲ့ပါတယ်​ ​နောက်​တ​စ်​​နေ့မနက်​အိပ်​ယာထတဲ့အချိန်​မှ​ာ​​တော့​ဒေါ့ဟာအရမ်​းကိ​ု​ချော​မောလှပတဲ့မိန်​းမ​ချော​လေးတစ်​​ယောက်​အဖြစ်​သို့​ပြောင်​းလဲသွားခဲ့ပါတယ်​ ​​ကြံရာမရတဲ့အဆုံးမှာ​တော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်​ပြီးမိန်​းမတစ်​​ယောက်​အဖြစ်​ဟန်​​ဆောင်​​နေသွားရပုံကိုဟာသဆန်​ဆန်​​လေးကြည်​့ရှုရမှာဖြစ်​ပါတယ်​ ယူတို့လည်​းသိပ်​ပြီးအားကျရင်​ဇာတ်​ကား​လေးကြည်​့ပြီးနည်​းနာယူကြပါလို့.... အ​ရေအကြီးဆုံးတစ်​ချက်​က​တော့မိန်​းမ​ချော​လေးကိုငမ်​းမှာဆိုလည်​းတကယ်​​တော့သူဟာဆမ်​ဆိုတဲ့ယောကျာ်းအစစ်​ကြီးပါဆိုတဲ့အသိတရား​လေးဝင်​ကြပါဦးလို့့  :) Qty - 720p BlurayDuration - 1hr 40minGern - Comedy / DramaReview - Pyae Xein SettEncoder - Kyaw Ye Aung
movie

Sam (2015)

2015