Channel Myanmar

Lucy Hale

Which Brings Me to You (2024) 5.6
Which Brings Me to You (2024)  အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ်ဇာတ်လမ်းလေးတွေရှိကြမှာပါ...။အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင်ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင်မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်းစိုးထိတ်သွားရလေ့ရှိတယ်တဲ့။ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ်သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းကအရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီးတစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့...။တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာစိတ်ကူးမိကြပါသတဲ့။သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းကတစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့....အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှသဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ...။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Which Brings Me to You (2024)

Inside Man (2023) 5.5
Inside Man (2023) Inside Man (2023) ==============ဒီကားလေးကတော့ ကျွန်တော်တို့ငယ်ငယ်တုန်းက ကြည့်ပြီးခွီခဲ့ရတဲ့ ' The Girl Next Door ' ကားထဲက Matthew Kidman တစ်ဖြစ်လဲ Emile Hirsch ပါဝင် သရုပ်ဆောင်ထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးဖြစ်ပြီး ဖြစ်ရပ် မှန်ဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့ ရဲတစ်ယောက် အလုပ်မှာ တော်ပေမယ့် အိမ်ထောင်ရေးဘက် အာရုံမစိုက်နိုင်တော့ တစ်ရက်သား မိန်းမ ကိုပန်းလေးပေးရင်း ဇကောဝိုင်းလှည့်ဖို့ အိမ်ကိုစောစောပြန်လာတဲ့အခါမှာ မိန်းမဖြစ်သူက တခြားယောင်္ကျားတစ်ယောက်နဲ့ ဇကောဝိုင်းလှည့်ခါနီး အခြေ အနေနဲ့ သွားတိုးပါတော့တယ်။ စိတ်မထိန်းနိုင်ပဲ ခြံကျော်ကောင်လေးကို စုတ် ပြတ်သတ်သွားအောင် ဘော်ဘီ ထိုးလိုက်မိချိန်မှာတော့ ချစ်သူကမုန်းဖဲကရှုံး ဆိုသလိုမျိုး မိန်းမဖြစ်သူနဲ့လည်း ဝေး၊ အလုပ်ကနေလည်း ရာထူးချခံရဖြစ် သွားပါတော့တယ်။ဘော်ဘီတစ်ယောက် စိတ်ညစ်ညစ်နဲ့ အသည်းကွဲလူမိုက်လေးလုပ်နေတုန်း လူဆိုးနှစ်ယောက်ကြားက ရန်ပွဲကိုမဆီမဆိုင် ဝင်ပါမိသွားပြီး၊ ဖြစ်ချင်တော့ သူဝင်ကယ်လိုက်တဲ့ လူဆိုးက ရဲတွေဘက်ကတောင် မနိုင်လို့လွှတ်ပေးထား ရတဲ့ အကောင်ကြီးကြီးဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အားယားနေတဲ့ဘော်ဘီ တစ်ယောက် နောက်ကြောင်းကိုလိုက်ရင်းနဲ့ မိန်းမလေးရဲ့ အထင်ကြီးမှုလေး ပြန်ရပြီး အဆင်ပြေ၊ ...
movie

Inside Man (2023)

2023
Puppy Love (2023) 6.4
Puppy Love (2023) Puppy Love (2023) =============== IMDb Rating - 6.4/10အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ...
movie

Puppy Love (2023)

2023
4K HEVC
Tinkerbell : Secret of the Wings (2012) 7.0
Tinkerbell : Secret of the Wings (2012) Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie

Tinkerbell : Secret of the Wings (2012)

2012
Borrego (2022) 5.1
Borrego (2022) Borrego (2022)=============ဘိုရီဂိုဆိုတဲ့ သဲကန္တာရနယ်မြေထဲမှာ ပန်းပင်တစ်မျိုးအကြောင်းကွင်းဆင်းလေ့လာဖို့ အယ်လီဆိုတဲ့ ရုက္ခဗေဒပညာရှင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အယ်လီလေးက ကန္တာရထဲမှာပန်းပင်လေးတွေအကြောင်းမှတ်တမ်းလေ့လာရင်း တစ်ညမှာတော့ မထင်မှတ် ထားတာတွေဖြစ်လာခဲ့ပါတယ်။ သူနဲ့မလှမ်းမကမ်းတစ်နေရာမှာ ဘယ်ကမှန်းမသိတဲ့လေယာဥ်ပျံ တစ်စီးက ပျက်ကျလာခဲ့ပါတယ်။ ဒါနဲ့သူလည်း ပျက်ကျသွားတဲ့လေယာဥ်ပျံဆီအကူအညီပေးဖို့ သွားလိုက်ရာက ပျက်ကျတဲ့လေယာဥ်ကမူးယစ်ဆေးမှောင်ခိုသယ်လာတဲ့လေယာဥ်ဖြစ်နေတော့ အကူအညီလိုအပ်မယ့်လူကသူကိုယ်တိုင်ဖြစ်လာရပါတော့တယ်။ ပိုင်းလော့ဖြစ်သူကလည်း မသေသေးတော့ အယ်လီတစ်ယောက်အန္တရာယ်တောထဲဝင်မိသလိုဖြစ်သွားရပါတော့တယ်။ နယ်မြေကလည်းစိမ်းနေသေးတဲ့အယ်လီ ဒီလိုအန္တရာယ်ကြီးကနေဘယ်လိုရုန်းထွက်မလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကြည့်ရမယ့် ၂၀၂၂ ထွက်အသစ်စက်စက် Triller ကားသစ်လေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size -(1.67 GB) / (979 MB) / (466 MB) Quality – WebDL -(1080p) /  (720p) / (480p) Duration - 1hr 42min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee Encoder – San Win Maung
movie

Borrego (2022)

2022
The Hating Game(2021) 7.0
The Hating Game(2021) The Hating Game(2021)အညွှန်း***************************IMDb....7.0အသစ်စက်စက်ထွက်ရှိထားတဲ့ Romace Comedyအချစ်ကားလေးပါ။ အနုပညာရသမြောက်တဲ့စာအုပ်တွေထုတ်တဲ့ ဂေးမင်းပုံနှိပ်တိုက်ဟာ ဒေဝါလီခံရတာကြောင့်လူပြိန်းကြိုက်ပေါချာချာဝတ္ထုတွေထုတ်တဲ့ ဘတ်စ်လီပုံနှိပ်တိုက်နဲ့ ပူးပေါင်းလက်တွဲလိုက်ရပါတယ်။ဒီအခါမှာတော့ ဂေးမင်းပုံနှိပ်တိုက်ကလူစီတစ်ယောက် သူ့မျက်နှာချင်းဆိုင်စားပွဲမှာထိုင်တဲ့ဘတ်စ်လီဘက်ကပါလာတဲ့ ဂျော့ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့အလန်းစားဘဲလေး (Austin Stowell)ကိုအင်မတန်မျက်မုန်းကျိုးမိနေပါတော့တယ်။ ဂျော့ကလည်း လူစီကို ကြည့်မရပါဘူး။သူတို့နှစ်ယောက်ဟာ‌ နေ့တိုင်းရုံးမှာတကျက်ကျက်ပါ။ တစ်ယောက်ကို တစ်ယောက် ကွက်ကျော်နင်းဖို့လစ်တာနဲ့တွယ်ဖို့ ချောင်းနေတဲ့ ဒီ(၂)ယောက်ဟာ ဒါရိုက်တာ ရာထူးကို လုဖို့ ကြိုးစားလာတဲ့အချိန်မှာတော့မင်းသားကလည်း လန်းသလို မင်းသမီးကလည်း အလှပဂေး Sexy type လေးမို့နင်းကန် ခံစားသင့်ပါကြောင်း..Rom-comဖြစ်ပေမယ့် ပေါ့ရွတ်ရွတ်ဖြစ်မနေပဲ ဇာတ်အိမ်ရှိတဲ့အတွက်ကြည့်ရှုခံစားလို့ရတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ File Size : (1.94GB)(961 MB) and (363 MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…01:42:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay ...
movie

The Hating Game(2021)

Scream 4 (2011) 6.1
Scream 4 (2011) Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie

Scream 4 (2011)

2011
A Nice Girl Like You(2020) 5.5
A Nice Girl Like You(2020) A Nice Girl Like You(2020)ဒီဇတ်ကားလေးကတော့ comedy , romance ဇာတ်ကားလေးပါ ၊ ဇာတ်လမ်းအကျဉ်းလေးကတော့ တယောသမားလေး လူစီ ။လူစီက မင်္ဂလာဆောင်တွေမှာအဖွဲ့လိုက်တီးရတဲ့ ဖျော်ဖြေးရေးအဖွဲ့မှာ တယောထိုးရတဲ့အပိုင်းကိုတာဝန်ယူထားရတယ် ။လူစီမှာအကျင့်လေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ စာရင်းမှတ်တာ ။တစ်နေ့တာလုပ်ဆောင်ရမယ့် စာရင်းတွေ ။ဈေးဝယ်စာရင်းတွေ အဲ့လိုမျိုးလေးတွေကိုမှတ်တတ်တဲ့အကျင့်ရှိတယ် ။တစ်နေ့ တော့ သူ့ကောင်လေး ဂျဖ် အိပ်နေတုန်းမှာ မထင်မှတ်ပဲ ဈေးဝယ်စာရင်းထဲက ပစ္စည်းတစ်ခုကိုရွတ်လိုက်မိတယ် ။အဲ့တော့ ဂျဖ်က မင်းငါ့အပေါ်မှာ အာရုံစူးစိုက်မှုစတာတွေနဲ့ ရန်ဖြစ်ကြတော့တယ်...ဒီလိုနဲ့အချင်းချင်းပြဿနာတွေဖြစ်ရင်းထုံးစံအတိုင်း ပြတ်ကြတယ်ပေါ့ဗျာ....အဲ့ဒီနောက် လူစီဆိုတဲ့ကောင်မလေးဟာ ဒီလိုြဖစ်တာတွေကိုဆန်းစစ်ပြီးတော့အချက်(၁၂)ချက်နဲ့ ဘဝအသစ်စမယ်ဆိုပြီး စီစဉ်ပါတော့တယ်...အဲ့အချက်တွေက ဘယ်အချက်တွေဖြစ်မလဲ...…. ရယ်လည်းရယ်ရသလို ပညာပေးခန်းလေးတွေလည်းပါတာမို့ခံစားကြည့်ကြပါဉီး.. (လိင်ပိုင်းဆိုင်ရာ စကားလုံးအသုံးအနှုန်းတွေ ဖောဖောသီသီ ပါဝင်တဲ့အတွက် မိသားစုနဲ့ အတူကြည့်ရှုဖို့မသင့်လျှော်ပါဘူး)ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and (319 ...
movie

A Nice Girl Like You(2020)

Fantasy Island (2020) 4.7
Fantasy Island (2020) စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှလူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကိုဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစအားလုံးသော ဆန္ဒတွေကို ...
movie

Fantasy Island (2020)

2020
A.X.L (2018) 5.1
A.X.L (2018) အဆိုတော်ချောချောလေး Becky G ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က A.X.L (2018) ပါ။Science fiction/action ဇာတ်လမ်းကောင်းလေးတွေသဘောကျနှစ်ခြိုက်တဲ့Channel Myanmar ပရိသတ်ကြီးအတွက်တော့ စိတ်ကြိုက်ဖြစ်မှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးပါဦးမယ်။A.X.Lဆိုတာက စစ်တပ်သုံးဖို့ အထူးတီထွင်ထုတ်လုပ်ထားတဲ့ ခွေးစက်ရုပ်ပါ။A.X.L ဆိုတဲ့နာမည်လေးရဲ့ အဓိပ္ပါယ်ကိုပြောပြရရင်A = Attack(အတိုက်ခိုက်စွမ်းရည်) ,X = Exploration (ရှာဖွေစွမ်းရည်) ,L = Logistics (စဉ်းစားဆင်ခြင်တတ်တဲ့စွမ်းရည်)ဒီလိုအရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့ စက်ရုပ်ခွေးဖြစ်ပါတယ်...စစ်တပ်ဟာအနာဂါတ်အတွက် စစ်မြေပြင်မှာအသုံးချဖို့အတွက် လူသားတွေအပေါ်သစ္စာအရှိဆုံးသတ္တဝါတွေထဲမှ ခွေးရဲ့ပုံစံကိုရွေးပြီးတော့စက်ရုပ်ခွေးဖန်တီးခဲ့ပါတယ်...ဒါပေမယ့် စစ်တပ်ကိုမပို့မီ အချိန်မှာA.X.L က ဓာတ်ခွဲခန်းထဲကနေ ထွက်ပြေးလာခဲ့ပြီးဆိုင်ကယ်စီးကျွမ်ကျင်သူဟေးလ်နဲ့ ကွင်းပြင်ထဲမှာဆုံမိပါတော့တယ်။ကြမ်းတမ်းသန်မာတဲ့စက်ရုပ်ခွေးဖြစ်သူ A.X.L နဲ့ လူသားဖြစ်သူဟေးလ်တစ်ယောက် ဘယ်လိုရှေ့ဆက်ဖြစ်ကြမလဲ?ဘာတွေဆက်ဖြစ်ကြမလဲ?စတဲ့မေးခွန်းတွေ အကြင်နာတရားနဲ့ စိတ်လှုပ်ရှားစရာကိုဒွန်တွဲဖော်ပြတင်ဆက်ထားတဲ့ကားကောင်းလေးပါ။Spoilerပါမှာစိုးလို့ အနည်းငယ်သာဖော်ပြလိုက်ပါတယ်။File Size : (1.8 GB) and (918 MB) and (278 MB)Quality : BluRay 1080p 5.1 CH ...
movie

A.X.L (2018)

2018
Truth or Dare (2018) 4.8
Truth or Dare (2018) သည်းထိတ်ရင်ဖိုကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၈ ဧပြီ လထဲထွက်ထားတဲ့ Truth or Dare ? ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်မြန်မာနိုင်ငံက ကလေးတွေကစားကြတဲ့ တူတူပုန်းတမ်းလို အနောက်တိုင်းကကလေးတွေ ကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးကို Truth or Dare ? လို့ခေါ်ပါသတဲ့…တစ်ယောက်က Truth or Dare ? လို့မေးလိုက်ရင်အမေးခံရတဲ့ တစ်ယောက်က Truth ကိုရွေးလိုက်မယ်ဆိုရင် သူဟာ မေးတဲ့မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေရပါသတဲ့….Dare ကိုရွေးလိုက်မယ်ဆိုရင်တော့ မေးတဲ့သူစိန်ခေါ်တာ(ခိုင်းတာ)ကို မငြင်းဆန်ဘဲ လုပ်ရတဲ့ ဂိမ်းပါ ဒီပုံစံနဲ့ အလှည့်ကျဆော့ကြတာပေါ့..ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသားသူငယ်ချင်းတစ်စုဟာ သူတို့ရဲ့နောက်ဆုံး နွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်း ကုန်လွန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်….မက္ကဆီကိုရောက်တော့ သူတို့ဟာ လူငယ်တွေပီပီ ကမ်းခြေတွေ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတို့လိုပဲ လူစိမ်းလူငယ်တစ်ယောက်နဲ့သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုလူစိမ်းရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ ...
movie

Truth or Dare (2018)

2018