Channel Myanmar

Luis Tosar

All the Names of God (2023)
All the Names of God (2023) အကြမ်းဖက်ဝါဒ (terrorism)တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ...
movie

All the Names of God (2023)

The Limits of Control (2009)
The Limits of Control (2009)  ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို "တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ" စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Thriller, Mystery, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie

The Limits of Control (2009)

Toro (2016) 5.9
Toro (2016)  Action၊ crime movieလေးကိုမှ ညီအစ်ကိုကြားသံယောဇဥ်တွေကိုပါမြင်တွေ့ရမယ့် စပိန်မူဗီလေးပါ...။တိုရိုဆိုတာကတော့ ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံးဖြစ်ပြီးမူးယစ်ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အားထားရတဲ့ ညာလက်ရုံးဖြစ်ပါတယ်...။တိုရိုတို့ညီအစ်ကိုသုံးယောက်ဟာ ဒုစရိုက်မှုတွေသာလုပ်နေရပေမယ့်အေးအတူပူအမျှဆိုတဲ့အတိုင်း ညီအစ်ကိုအချင်းချင်း ဖေးဖေးမမရှိကြသူတွေပါ...။တစ်ရက်မှာတော့ တိုရိုဟာဒီလိုဒုစရိုက်အမှုတွေပဲလုပ်နေရတာငြီးငွေ့လာတဲ့နောက် ဒီအလုပ်ကနားဖို့သူ့သူဌေးကိုပြောပါတယ်...။သူ့သူဌေးကလည်းလက်ခံလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ်အလုပ်တစ်ခုခိုင်းလိုက်ပါတော့တယ်....။ကံဆိုးချင်တော့ ဒီနောက်ဆုံးအလုပ်မှာမှ ရဲတွေနဲ့ပက်ပင်းတိုးလာတဲ့အခါ....။တိုရိုတို့ညီအစ်ကိုသုံးယောက် ရဲလက်ကထွက်ပြေးနိုင်ပါ့မလား....ထွက်ပြေးရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ John Wickဆန်ဆန်Transporterဆန်ဆန်အက်ရှင်ခန်းတွေနဲ့အတူ ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.23GB / 655MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Toro (2016)

Eye for an Eye (2019) 6.6
Eye for an Eye (2019)  IMDb Rating 6.6 ရရှိထားတဲ့ Eye for an Eye ဆိုတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒရာမာ ပြစ်မှု သည်းထိတ်ရင်ဖိုအစရှိတဲ့ ရသအမျိုးမျိုးအထွေအထွေကိုပေါင်းစပ်ရိုက်ကူးထားပြီး ကြည့်ရကျိုးနပ်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ပါဒင်ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ လှုပ်ရှားနေပုံတွေကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အဖေဖြစ်သူကတော့ ထောင်ကျနေရာကနေကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ဖို့ထောင်ထဲကထွက်လာခဲ့ပါတော့တယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ဖြစ်တဲ့သူက မကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့သူရောင်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ သေခဲ့ရတဲ့လူတွေမနည်းလို့ပါပဲ။မာရီယိုဆိုတဲ့ လူတစ်ယောက်ကလည်း သူ့ညီကိုမူးယစ်ဆေးကြောင့်ဆုံးရှုံးခဲ့ရဖူးပါတယ်။ဖြစ်ချင်တော့ မာရီယိုကမစ္စတာပါဒင်လာရောက်နေထိုင်တဲ့သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကသူနာပြုဖြစ်နေတဲ့အခါမှာတော့သူတို့နှစ်ယောက်တွေ့ကြပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.65GB / 728MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Eye for an Eye (2019)

On the Fringe (2022) 6.7
On the Fringe (2022) On the Fringe (2022)~ IMDb - 6.7/10, Rotten Tomatoes - 80% ~စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ...
movie

On the Fringe (2022)

2022
Sky High (2020) 5.6
Sky High (2020) Sky High (2020) ============= Genre - Action, Adventure, Crime IMDb Rating - 5.6/10ဘဝကို ရိုးသားစွာ ကြိုးစားနေသူတစ်ယောက်ဖြစ်တဲ့ အန်ဂဲလ်။ အမှတ်မထင် မရိုးမသား ဖိုးသခွား လုပ်နေတဲ့ ပိုလီနဲ့ ကောင်မလေး ကိစ္စအချင်းချင်း ဖြစ်ပွားရာကနေ တစ်စတစ်စ ဒုစရိုက်လောကထဲ ကို ခြေကျွံလာပါတယ်။ ပိုလီကတော့ ခြေစွမ်းကိုမြင်လို့ အန်ဂဲလ်ကို တဖြည်းဖြည်း ခေါ်ယူလာရင်း တဖြည်းဖြည်းနဲ့ သူ့ထက် လက်စောင်း ထက်လာတာကို မြင်ရမှာပါ။ တစ်ဖက်မှာလည်း အန်ဂဲလ်က အထက် တန်းကျောင်းတုန်းက ငယ်ချစ် ဆိုးလေးကို ခုတုံးလုပ်ရင်း သူ့အဖေ ဖြစ်တဲ့ ရိုဟီလီယိုကို ချည်းကပ် ဝင်ရောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ အန်ဂဲလ်တစ်ယောက် သူမုန်းတီးတဲ့ ဆင်ခြေဖုံးဘဝကို မေ့ပြစ် ဖို့ ကြိုးစားရင်း ဆရာဖြစ်ခဲ့ဖူးတဲ့ ရိုဟီလီယိုကို ကျော်ခွကာ တစ်ဖက် ကလည်း ရည်းစားပြိုင်ဖက် ပိုလီကို ကျော်ခွကာ ဘယ်လိုတွေ သူရောက် ချင်တဲ့ အထက်တန်းစားဘဝကို ရောက်အောင်လုပ်မလဲ ကြည့်ရမှာပါ။ ဆိုတော့ကား တစ်ခုရှိတာက လောဘတွေပါတဲ့ ဒီလို ...
movie

Sky High (2020)

2020
1898: Our Last Men in the Philippines(2016) 7.0
1898: Our Last Men in the Philippines(2016) 1898: Our Last Men in the Philippines(2016)*****************************************ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံးကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာ နယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်းအားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက် ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ်တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့် သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။File Size :(2.1GB) (899 MB) and (380 MB) Quality : Blu-Ray 1080p ,720p Format…mp4 Duration…01:45:00 Genre : War, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

1898: Our Last Men in the Philippines(2016)

Code Name: Emperor (2022) 5.8
Code Name: Emperor (2022) Code Name: Emperor (2022) ==================== IMDb Rating - 5.8/10ဂျူရန်က အင်တဲလိဂျန့်အေဂျင်စီမှာ အလုပ်လုပ်ကိုင်နေတဲ့သူ တစ်ယောက်ပါ။ အချက်အလက်ရှာဖွေစုဆောင်းရတဲ့ စပိုင် တစ်ယောက် စုံထောက်တစ်ယောက်လို့ ပြောလို့ရပါတယ်။ အခုသူတို့ကျတဲ့တာဝန်ကတော့ မကြာမီရွေးကောက်ခံရမယ့် နိုင်ငံရေးသမားတစ်ယောက်ရဲ့ နောက်ကြောင်းကို ဖော်ထုတ်ဖို့ပါ။တနည်းပြောရရင်တော့ အာဏာကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ချုပ်ကိုင်ချင်တဲ့အတွက် အမဲစက်ရှာတဲ့သဘောပါ။ အင်တဲလိဂျန့် အေးဂျင့်တစ်ယောက်အနေနဲ့ ဥပဒေလမ်းကြောင်းကနေ ကွယ်ဝှက်ပြီး ဘယ်လိုတွေ လုပ်ငန်းလုပ်ဆောင်ကြလဲဆိုတာ သိရမှာပါ။ စပိန် ဇာတ်ကားဖြစ်ပြီးတော့ ကြည့်ကောင်းတဲ့ Drama, Thriller အမျိုးအစားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.62 GB) / (688 MB) / (410 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Zaw Myo Thu Encoder..........SWM
movie

Code Name: Emperor (2022)

2022
Cell 211 (2009) 7.6
Cell 211 (2009) Cell 211 ဇာတ်လမ်းအညွှန်း********************၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား…တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Cell 211 (2009)

2009
The Vault(2021) 7.0
The Vault(2021) The Vault(2021)အညွှန်း*********************IMDb...7.0Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ....ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်....Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ.....အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်.....လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်....လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့...ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်...ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတွေကတော့ Khine Khine Wai & Ei Phyu Khin တို့ပဲဖြစ်ပါတယ်.... File Size : (2.2GB) and (0.9GB) Quality : HEVC 1080p 5.1,WEB-DL720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae   
movie

The Vault(2021)

HEVC 1080p 5.1
Mr. Nice 2010 6.4
Mr. Nice 2010 ဟောင်းဝဒ်မာ့ခ် ဆိုတဲ့ ကမ္ဘာကျော် ဗြိတိန် ဆေးခြောက်မှောင်ခိုသမားကြီးအကြောင်းကို ကြည့်ရအောင်။ ရယ်လည်းရယ်ရပါတယ်။ ဟောင်းဝဒ်ဟာ အတန်းထဲမှာ ဘာသာရပ်တိုင်း A ရတဲ့ လူတော်တစ်ယောက်။ ကျောင်းပြီးတော့လည်း အောက်စ်ဖို့မှာ ဆရာအလုပ်ရတယ်။ ဒါပေမယ့် ပီတီကိုစား အားရှိပြီး ပိုက်ဆံမလောက်တော့ ဆေးခြောက်မှောင်ခို လောကထဲ ဝင်မိရော။ လူက လူလည်ဆိုတော့ တဖြည်းဖြည်း အကောင်ကြီးလာပြီး မာဖီးယားလောကထဲရောက်၊ အက်ဖ်ဘီအိုင်တွေနဲ့ပါ ရှုပ်ကုန်တာပါပဲ။ အတော်ကြည့်လို့ကောင်းတဲ့ကားမို့ တင်ထားပေးလိုက်ပါတယ် File Size : 850Mb / 400 Mb Quality : Bluray 720p Format…mp4 Duration…01:24:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Elizabeth Encoded by Littleneo
movie

Mr. Nice 2010

Advantages of Travelling by Train (2019) 6.5
Advantages of Travelling by Train (2019) Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါသူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထား‌ပေါ်မှာစိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီးဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲအမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။ File Size : ( 967 MB , 286 MB) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin 
movie

Advantages of Travelling by Train (2019)

Gun City(2018) 6.4
Gun City(2018) Gun City(2018) IMDb....6.3 1921 ခုနှစ်တွင် စပိန်နိုင်ငံတွင်း အုပ်ချုပ်မှုများမှာ အထူးယိုယွင်းသည့်ကာလဟုဆိုရပေမည်... ရဲတွေကလည်း လဒ်စားမှုများသလို ပြည်သူတွေကလည်း အရင်းရှင်များရဲ့ ဖိနှိပ်ခြင်းကို မတရားခံနေကြရလေသည်... ထို့ကြောင့် ဘာစီလိုနာမြို့အနှံ ဆန္ဒပြမှုများသည် မှိုလိုပေါက်နေသည်....  ထိုအချိန်တွင်ပင်စစ်တပ် လက်နက်များသယ်ဆောင် လာသည့် ရထားတွဲ ဓားပြတိုက်ခံရသည်။ စစ်တပ်သုံး လက်နက်အများအပြားတိုက်ခံရသဖြင့် အုပ်ချုပ်ရေးပိုင်းမှ လူများခေါင်းမီးတောက်ကုန်သည်....မည်သူတိုက်သည်မသိ။ ထို လက်နက်များကို ပြန်ရှာရန် အထူးစုံထောက်တစ်ယောက် ရောက်ရှိလာပြီး စုံစမ်းထောက်လှမ်းသော်လည်း ပြဿနာ မှာ ထင်သည်ထက်ခက်ကာ၊ နိုင်ငံရေး အရှုပ်အထွေးများလည်း ရောယှက်နေသေးသည်။ အဖြေကိုရှာနိုင်ရန် Double agent သဖွယ် သရုပ်ဆောင်ရင်း Twist, turn များနှင့် ရင်ခုန်ဖွယ် ကြည့်ရမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကောင်း တစ်ခုပင် ဖြစ်ပါသည်။  ဒီကားကိုကြည့်ပြီးရင် ခင်ဗျားတို့သဘောကျမိတဲ့၂၀၁၈ ထွက်ဇာတ်ကားကောင်းစာရင်းထဲကို Gun city ဆိုတဲ့ကားကို ထည့်ဖြစ်လိမ့်မယ်လို့ ကျွန်တော်အာမခံတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1GB) and ...
movie

Gun City(2018)

2018
Miami Vice (2006) 6.0
Miami Vice (2006) Miami Vice (2006) IMDb - 6.0/10_____Rotten - 47%    စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်.. မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်... ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်.... စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်.... မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ရီကာဒိုတို့  မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်မလား.... အချစ်နွံထဲနစ်ပြီး ဆိုနီတစ်ယောက် ဗျာများနေမလား.... Action နဲ့ Crime ကြိုက်သူတွေအတွက်တော့ခံစားကြည့်လိုက်ပါဦး... Miami Vice(2006)ဇာတ်ကားမှာ မင်းသားCollin Farrellနဲ့ Jamie Foxxတို့အဓိကသရုပ်ဆောင်ထားပြီး တရုတ်မင်းသမီး ချောGaung Liလည်း ပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Hnin Amy Khineပဲဖြစ်ပါတယ်...  စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်.. မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်... ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်.... စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်.... မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ...
movie

Miami Vice (2006)

2006
Getaway Plan (2016) 5.6
Getaway Plan (2016) သာမန်​​အနိမ့်​စား​ဖောက်​ထွင်းးရေးသမားတွေကိုအသုံးချပြီး ​ဖောက်​ထွင်း​ဓားပြတိုက်​တဲ့အထိကျူးလွန်​ကြတဲ့ သူမျက်​ခုံး​မွှေး​ပေါ်စင်္ကြန်​​လျှောက်​ရမှစားဝင်​အိပ်​​ပျော်​တယ်​ဆိုတဲ့ နိုင်​ငံတကာအလိုရှိဒုစရိုက်​သမား​တွေကို​ဖော်​ထုတ်​ကြတဲ့ကား​လေးပါဇာတ်​​ကြောင်းနည်းနည်း​လေးကွဲပြား​နေတာကအလိုရှိဒုစရိုက်​​ကောင်​​တွေကဇာတ်​လမ်းအလယ်​​လောက်​မှာတင်​အနည်းငယ်​​လောက်​ဖမ်းမိခဲ့ပါတယ်​ ဒီလိုဖမ်းမိ​အောင်​လည်း အထက်​လူကြီး​တွေက မင်းသားကို​ဖောက်​ခွဲ​ရေးသမားအ​နေနဲ့ပဲဆက်​လက်​ဟန်​​ဆောင်​စေခဲ့​ပြီးအတွင်းလူအ​နေနဲ့ရဲဘက်​က​တောင်​မရိပ်​မိ​စေဘဲလျှို့ဝှက်​လှုပ်​ရှား​စေခဲ့တာပါမင်းသားကလည်းတစ်​ကယ်​​တော့လူ​ကောင်းမဟုတ်​ပါဘူးအ​ပေါင်းအသင်းမှားမိရာကတစ်​ဆင့်​ငယ်​ငယ်​ကအလွယ်​လမ်းကိုလိုက်​ခဲ့ပြီး​တော့ အ​ပျော်​ရှာရင်းတစတစ ရာဇဝတ်​​ကောင်​ဖြစ်​လာတဲ့သူပါကံ​ကောင်းတာတစ်​ခုကအ​ကြောင်းအရင်းတစ်​ခု​ကြောင့်​အ​သိတရားဝင်​လာခဲ့ပြီးသူ့လူကိုယ့်​ဖက်​သားအ​နေနဲ့​ဖောက်​ခွဲ​ရေးသမားအ​သွင်​နဲ့ပဲဆက်​​နေခဲ့ပြီး ​ဖော်​ထုတ်​​ရေး​တွေလုပ်​ခဲ့တာပါရာဇဝတ်​​ကောင်​​တွေကိုဖမ်းရမယ့်​တာဝန်​အပြင်​​နောက်​ပိုင်းမှာ သူ့ရဲ့ဆိုးတူ​ကောင်းဖက်​ငယ်​သူငယ်​ချင်းက ​ဆေးစွဲပြီးဒုစရိုက်​သမားဘဝကမရုန်းနိုင်​​သေးပါဘူး​နောက်​ဆုံးတစ်​ဖက်​က သူငယ်​ချင်းရဲ့ဆန္ဒ တစ်​ဖက်​ကလည်း ဥပ​ဒေ တစ်​ဖက်​ကလည်းသူ့ရဲ့သူငယ်​ချင်းကိုကယ်​တင်​ချင်​တဲ့ဆန္ဒ ဒီလိုအ​ခြအ​နေ ၃ခုကြားထဲက​နေ​တောင်​ ဥပ​ဒေ​ဘောင်​ရဲ့အပြင်​က​နေ ဘယ်​လိုလှုပ်​ရှားပြီးဘယ်​လိုနည်းလမ်းနဲ့​နောက်​ဆုံးကယ်​တင်​မလဲဆိုတာ​စောင့်​ကြည့်​ရမယ့်​အက်​ရှင်​ကား​​ကောင်းလေးပါ  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)  File Size : (800 MB) and (300 MB) Quality : Bluray 720p Running Time : 1hr 45min Format : Mp4 Genre :Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encode by Thanhtike Zaw
movie

Getaway Plan (2016)

2016
Sleep Tight (2011) 7.2
Sleep Tight (2011) တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်... အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ??? ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။ ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။ သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။ ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့ ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ.......။ ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။ စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။ -----------------------------------------------  
movie

Sleep Tight (2011)