Channel Myanmar

Luke Hawker

Black Sheep (2007)
Black Sheep (2007)  Black Sheep က ၂၀၀၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မြင်ရခဲတဲ့ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး comedy horror အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ဟင်နရီဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင်မျိုးဆက်လူငယ်လေးဟာ ၁၅ နှစ်ကြာမှ မွေးရပ်မြေကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။အကြောင်းရင်းကတော့ မိဘအမွေကိုဆက်ခံထားတဲ့ သူ့အစ်ကိုဆီက သူရထိုက်တဲ့အမွေကိုခွဲယူပြီး မြို့ကိုချက်ချင်းပြန်သွားဖို့ပါပဲ။ဟင်နရီဟာ ငယ်စဉ်ကအတိတ်ဆိုးတစ်ခုကြောင့် သိုးတွေကိုကြောက်ရွံ့တဲ့ phobia တစ်မျိုးရရှိနေသူပါ။အဲ့ဒီလိုပြန်လာချိန်မှာ သူ့အစ်ကိုက သိုးတွေအပေါ်စမ်းသပ်သုသေသနတွေပြုလုပ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့သိုးတွေကို ကမ္ဘာမှာ ချပြတော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေဘေးထွက်ဆိုးကျိုးအဖြစ်သိုးတွေဟာ ရက်စက်တဲ့လူသားစားသတ္တဝါတွေအဖြစ်ကိုပြောင်းလဲသွားပြီး နီးစပ်ရာလူမှန်သမျှကိုတိုက်ခိုက်ကြပါတယ်။ သူတို့တိုက်ခိုက်ခံရတဲ့သူတွေကပါ အသိစိတ်လွတ်ပြီး ဖုတ်ကောင်တစ်ပိုင်းသိုးတစ်ပိုင်း ဘ၀ကိုပြောင်းလဲသွားကြတဲ့ အန္တရာယ်နဲ့နဂိုကတည်းက သိုးတွေကိုကြောက်တတ်တဲ့ ဟင်နရီနဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာတော့..။ရက်စက်တဲ့ ဖုတ်ကောင်အကြမ်းဖက်ခန်းတွေဖောဖောသီသီပါဝင်ပြီး အဲ့ဒီကြားထဲက ကမောက်ကမဖြစ်ရပ်တွေကို ဟာသနှောပြီး သွက်သွက်လက်လက်တင်ပြထားတာဖြစ်ပါတယ်။ horror ပရိသတ်ရော comedy ပရိသတ်တွေက အကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Black Sheep (2007)

Avatar (2009) 7.8
Avatar (2009) Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်...Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ ... လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ ...
movie

Avatar (2009)

2009
4K HEVC IMAXHDR
I Am Mother (2019) 6.3
I Am Mother (2019) Netflix က ရိုက်ပြီး IMDb 6.8 ရထားတဲ့ SciFi ကားလေးပါကမ္ဘာကြီးပျက်ပြီး လူသားမျိုးနွယ် မျိုးတုန်းလုဖြစ်နေတဲ့ အချိန်မှာ Mother လို့အမည်ရတဲ့ စက်ရုပ်တစ်ရုပ်က လူသားမျိုးစိတ် သန္ဓေသားလောင်းလေးတွေထဲကနေတစ်ခုကိုယူပြီး သမီးလေးတစ်ယောက်ကို အရာရာတတ်မြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်အပြင်မှာ ရောဂါပိုးတွေ အန္တရာယ်ကြောင့်ဆိုပြီး မိန်းကလေးကို အပြင်ထွက်ခွင့်လုံးဝမပေးခဲ့ဘူးမိန်းကလေးဟာ ဆယ်ကျော်သက်အရွယ်ကောင်မလေးဖြစ်တဲ့အထိအပြင်ကိုထွက်ခွင့်မရခဲ့သလို တခြားလူသားတစ်ယောက်မှလဲမမြင်ခဲ့ရပါဘူးတစ်နေ့သူတို့ရဲ့ အဆောက်အအုံရှေ့ကို အမျိုးသမီးတစ်ယောက်သေနတ်ဒဏ်ရာနဲ့ အကူအညီလာတောင်းလို့ တံခါးဖွင့်ပေးခဲ့မိတာကစလို့Mother စက်ရုပ်ပြောတာနဲ့ အမျိုးသမီးပြောတဲ့စကားတွေဟာ မကိုက်ညီဘူးဖြစ်နေတာတွေ့ရတယ်မိန်းကလေးဟာ အမျိုးသမီးစကားကိုယုံပြီး အပြင်ကိုလိုက်သွားခဲ့တဲ့အခါဘယ်လိုအခက်အခဲတွေကြုံမလဲဘယ်သူ့စကားဟာ အမှန်ဖြစ်မလဲအပြင်မှာ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှူရမှာပါ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : ...
movie

I Am Mother (2019)

2019
Krampus: The Reckoning (2015) 2.4
Krampus: The Reckoning (2015) Krampus: The Reckoning (2015)_____IMDb - 2.4/10   Krampus ရဲ့ အကြောင်းပြောရမယ်ဆိုရင်တော့ အများစုကယုံကြည်ကြတဲ့ krampus ဟာ ရှေးဟောင်းမိစ္ဆာတစ်ကောင်ဖြစ်ပြီး ခရစ်စမတ်ချိန်ခါမှာ ပွဲတော်ကျင်းပလိုစိတ်မရှိတဲ့ လူ သို့မဟုတ် မိသားစုတွေကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ စိတ်ဝမ်းကွဲကာအချင်းချင်းသတ်ဖြတ်ချင်စိတ်ပေါ်အောင်သွေးထိုးပေးသူလည်းဖြစ်တယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ဇိုဝီဆိုတဲ့ ထူးဆန်းတဲ့ကလေးမလေးမှာ krampus ဆိုတဲ့စိတ်ကူးယဉ်မိတ်ဆွေတစ်ယောက်ရှိတယ် Krampus ဆိုတာကြင်နာတတ်တဲ့ st nicholas ရဲ့  အမှောင်ခြမ်းသို့မဟုတ် မိစ္ဆာစိတ်ဖြစ်တယ် ခရစ်စမတ်အချိန်ခါမှာ krampus ဟာလွတ်မြောက်လာပြီးတော့  မြို့ငယ်လေးထဲမှာရှိတဲ့ရိုင်းစိုင်းသူအချို့ကိုပြစ်ဒဏ်ပေးလေ့ရှိတယ် Krampus ရဲ့ပြစ်ဒဏ်ပေးမှုကနေဘယ်သူမှမလွတ်မြောက်နိုင်တဲ့အပြင်သူ့ရဲ့  နှိပ်စက်မှုကိုလည်းခံရပြီး ငရဲရဲ့အနက်ရှိုင်းဆုံးနေရာကိုပါခေါ်ဆောင်သွားခြင်းကိုခံကြရတယ် ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို ဇာတ်ကား ဆက်လက်ကြည့်ရှုကြပါအုံး  ဇာတ်လမ်းအညွှန်းရေးသူကတော့ "Moe Oo Mann" ပဲဖြစ်ပါတယ်     File Size : 700 MB Quality : HD 720P Format : mp4 Subtitle : Myanmar Subtitle(Hardsub) Duration : 01:30:00 Encoder ...
movie

Krampus: The Reckoning (2015)

2015