Channel Myanmar

Luke Treadaway

The Whistleblower (2010) 7.1
The Whistleblower (2010)  ၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie

The Whistleblower (2010)

Attack the Block (2011) 6.7
Attack the Block (2011)  ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie

Attack the Block (2011)

Clash of the Titans (2010) 5.8
Clash of the Titans (2010) မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Clash of the Titans (2010)

Unbroken (2014) 7.2
Unbroken (2014) မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie

Unbroken (2014)

HEVC 1080p 5.1
A Christmas Gift from Bob 6.8
A Christmas Gift from Bob A Christmas Gift From BOB 2020 ============================== A street cat name BoBထဲက BoB ဆိုတဲ့ကြောင်လေးကိုအကုန်လုံးသိကြမှာပါ ဒီကားက 2020ခရစ်စမတ်အတွက်ထွက်ထားတဲ့ BoBလေးရဲ့ ဒုတိယမြောက်ကားလေးပါ ဘော့ပ်နဲ့သူ့သခင်တို့ဟာအမြဲတမ်းအတူသွားအတူစားအတူနေကြတဲ့အချစ်ဆုံးသူငယ်ချင်းကြီးတွေလိုပါပဲ ဒါပေမယ့်ဘော့ပ်သခင်ဘိုဝမ်ကလမ်းဘေးမှာသီချင်းဆိုပြီးငွေတောင်းရတော့ ပိုက်ဆံလည်းများများစားစားမရရှာပါဘူး ခရစ်စမတ်ရောက်ခါနီး ဆောင်းတွင်းအအေးလှိုင်းဖြတ်တော့ ရေပူဝယ်ဖို့တောင်ပိုက်ဆံမရှိရှာပါဘူး စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့သူနဲ့သူ့ကြောင်လေးကြားဂြိုလ်ဆိုးကဝင်လာပါတော့တယ် သူနဲ့ဘော့ပ်လမ်းဘေးမှာသီချင်းဆိုနေတုန်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ကတွေ့ပြီး ဘော့ပ်ကိုသူတို့ဆီပို့ဖို့အကြံလာပေးပါတော့တယ် ဘိုဝမ်ခမျာသူ့ကြောင်လေးကိုတအားချစ်တော့ဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့ငြင်းလိုက်ပေမယ့် ဘော့ပ်အတွက်စားစရာတောင်သူမဝယ်ပေးနိုင်တော့တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြပါဦးလို့ BoBလေး မရှိတော့ပေမယ့် BoBလေးကိုသတိရတဲ့အမှတ်တရအနေနဲ့ ဒီကားလေးကိုကြည့်ကြည့်ပါလို့... We Miss You BoB Review and Translated by : Dolly Encoded by : YK
movie

A Christmas Gift from Bob

2020