Channel Myanmar

Maala Parvathi

Rani: The Real Story (2023) 8.9
Rani: The Real Story (2023) Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB  / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie

Rani: The Real Story (2023)

2023
Sesham Mike-il Fathima (2023) 7.0
Sesham Mike-il Fathima (2023) Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie

Sesham Mike-il Fathima (2023)

2023
RDX: Robert Dony Xavier (2023) 7.8
RDX: Robert Dony Xavier (2023) RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie

RDX: Robert Dony Xavier (2023)

2023
Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022
Salaam Venky (2022) 7.3
Salaam Venky (2022) Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB  / 672MB Quality…1080p HD RIP ...
movie

Salaam Venky (2022)

2022
The Teacher (2022) 9.0
The Teacher (2022) The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်‌ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p  True WEB DL  / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)  Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie

The Teacher (2022)

2022
Ammu (2022) 7.6
Ammu (2022) Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB  / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thet Ko & OeliuJ & Hay Man
movie

Ammu (2022)

2022
Malik (2021) 8.1
Malik (2021) Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Malik (2021)

2021
Godha (2017) 7.5
Godha (2017) ဒီကားကတော့ 2017ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 7.5ရရှိထားတဲ့ အိန္ဒိယနပန်းအားကစားကားပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်....လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီးအားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကိုလွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့ပန်ဂျက်သူ​လေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရောသူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကိုဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။အိန္ဒိယနပန်းအားကစားရဲ့ ...
movie

Godha (2017)

2017
Bheeshma Parvam (2022) 8.5
Bheeshma Parvam (2022) Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစု‌ဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်  File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni  
movie

Bheeshma Parvam (2022)

F.I.R (2022) 8.1
F.I.R (2022) FIR 2022IMDb 8.1Action/ Triller၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးကထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေး‌တွေက ရှယ်ကောင်းပါလျက်နဲ့မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကိုမကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးကရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့‌အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်‌ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာမွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်း‌ကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာသူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင်လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါသူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင်ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲအိုင်အက်စ်အကြမ်းဖက်သမားလား၊ ...
movie

F.I.R (2022)

2022
4K HEVC Web-DL
Tuck Jagadish(2021) 6.7
Tuck Jagadish(2021)   Tuck Jagadish (2021) ----------------------------------မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းအကျဥ်းဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီးအာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီးဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ ...
movie

Tuck Jagadish(2021)

2021
Take Off (2017)
Take Off (2017) Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie

Take Off (2017)

2017
HEVC 1080p 5.1
Cold Case (2021) 6.3
Cold Case (2021) Cold Case (2021) ================================ကဲ ပိတ်ရက်မှာ ဘောလီဝုဒ်ကားလေးနဲ့ အပန်းဖြေချင်တဲ့ CM ပရိသတ်များအတွက်ဇာတ်ကားကောင်းလေး တစ်ကား လာပါပြီနော်IMDb 6.3 ရရှိထားပြီးတော့ 30 ရက်နေ့ကမှ ပူပူနွေးနွေး အသစ်စက်စက်လေးထွက်ရှိထားတဲ့Cold Case ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်မယ်ဒီယာက သရဲအကြောင်းနဲ့ပတ်သတ်ပြီး ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရသူတစ်ယောက် ဖြစ်ပေမယ့်သူဟာ သရဲနဲ့ပတ်သတ်တာတို့ ဘာသာရေးနဲ့ပတ်သတ်တာတွေကို လုံးဝ အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါအမေချစ်သားဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းဖို့လုပ်ရင်း သမီးဖြစ်သူချင်နူးနဲ့အတူ အိမ်အသစ်ကိုပြောင်းရွှေ့လာတဲ့အခါမှာ.....အဲ့ဒီအိမ်အသစ်မှာ သူတို့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ......ရေကန်ထဲမှာ ဦးခေါင်းခွံတစ်ခုကို ရှာတွေ့ရာကနေ လူသတ်မှုကို စုံစမ်းဖို့ ဖြစ်လာတဲ့ ရဲမှူး ဆတ်သ်သီရာဂျီသ်သူစုံစမ်းနေတဲ့ လူသတ်မှုကရော မယ်ဒီယာရဲ့အိမ်က အဖြစ်အပျက်နဲ့ ဘယ်လိုတွေ ဆက်စပ်နေမလဲ......သူတို့ နှစ်ဦးပေါင်းပြီး လူသတ်တရားခံကိုရော ဖမ်းမိနိုင်ပါ့မလား.....ဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပဲ ​ဖြစ်ပါတယ်မှုခင်းကားကိုမှ horror လေး ထပ်ပေါင်းထည့်ထားတဲ့ ...
movie

Cold Case (2021)

2021
Maara 7.8
Maara Maara (2021)ဇန်နဝါရီ ၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ တမယ်လ် ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ကြည့်မိရင် ရင်ထဲမှာ မေတ္တာတရားရဲ့ ဆွတ်ပျံ့မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစာရမှာ အမှန်ပါပဲ။ကျွန်တော်တို့ပုံပြင်တွေကို ကြားဖူးကြပါတယ်။ နားထောင်ဖူးကြပါတယ်။ ပုံပြင်လေးတစ်ပုဒ်ကနေ တကယ့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တဲ့အချိန်မှာတော့ ....ပါရူး ဆိုတဲ့ ကလေးမလေးက ငယ်စဉ်ဘဝက ရထားတစ်စီးပေါ်မှာ စစ်သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဝိဉာဉ် ငါးကလေး ဆိုတဲ့ ပုံပြင်လေးကို နားထောင်ခဲ့ရဖူးပါတယ်။ ပါရူးတစ်ယောက်က ပုံပြင်တွေကို စိတ်ဝင်စားတဲ့ မိန်းကလေးပါ။ သူ့အိမ်က နေရာချထားပေးဖို့ ပြင်ဆင်ပေမယ့် စိတ်မဝင်စားလို့ အိမ်ကနေ ထွက်လာရင်းနဲ့ ..... မာရာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားလက်ရာတွေကို တွေ့ပြီး အဲဒီနောက်ကို တကောက်ကောက်လိုက်ရာကနေ တကယ့်ကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ် .....ဘာဇာတ်လမ်းလေးလဲ ဆိုတာကတော့ .....IMDb - 7.8/10 ရထားတဲ့ ဇာတ်ကားမို့ အများကြီး ပြောမနေတော့ပါဘူး။File size… 2.1GB ...
movie

Maara

2021
Game Over(2019) 7.6
Game Over(2019) Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်...File Size : (900 MB) and (300 MB) Quality : WEB-DL 720p, Format…mp4 Duration…01:42:00 Genre : Thriller, Drama Subtitle : Myanmar Subtitle (Hard ...
movie

Game Over(2019)

2019