Channel Myanmar

Mạc Văn Khoa

Bad Blood (2023) 6.1
Bad Blood (2023)  ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ....။ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျမင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ....။မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကိုအများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေလက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်...အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့သာစိတ်ကူးခဲ့ပါတော့တယ်....ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ...။ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရအလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး...လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်...ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး...။ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုကဖမ်းခေါ်သွားတဲ့အခါမှာတော့...လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကိုအက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ...။  File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bad Blood (2023)

Hustlter vs Scammer (2023) 5.8
Hustlter vs Scammer (2023) Hustler vs Scammer (2023)"ကလိမ်စေ့ ငြမ်းဆင်" တို့ "ခေါင်းတုံးပေါ်ထိပ်ကွက်" တို့ စကားလုံးတွေကြားဖူးကြမှာပါ အဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာ လမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။ တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းက သူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေ ဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB ...
movie

Hustlter vs Scammer (2023)

2023
Face off: 48H (2021) 6.7
Face off: 48H (2021) Face off: 48H (2021)ဇာတ်လမ်းနာမည်လေးကြည့်ပြီး ရင်တွေခုန်မနေပါနဲ့ဗျာ။ နီကိုလပ်ကေ့ခ်ျရဲ့ Face off မဟုတ်ပါဘူး ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ကောင်းတဲ့ အာရှအက်ရှင်ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ ဒုစရိုက်ဂိုဏ်းတွေနဲ့သွားပတ်သတ်မိလို့ ကိုယ်တင်မက ကိုယ့်မိသားစု မိတ်ဆွေ သူငယ်ချင်းနဲ့ ဘေးကလူတွေပါမကျန် အကုန်နားကားကုန်တဲ့အကြောင်းပါဇာတ်လမ်းကရိုးရှင်းပေမဲ့ အက်ရှင်ခန်း ရိုက်ကွက်နေရာတွေစုံလင်ပြီးတော့ ဇာတ်ရှိန်လုံးဝမကျအောင် အဆုံးထိ ဝေဝေဆာဆာနဲ့ကြည့်ရမှာပါ မင်းသားကလည်း သိုင်းဆရာဆိုပေမဲ့ သဘာဝကျကျပဲ တိုင်ပတ်နေတာကိုတွေ့ရမှာပါ သူ့မိသားစုကို ကာကွယ်နိုင်မလား လူဆိုးတွေလိုချင်နေတာရောဘာလဲ ဘာလို့သူ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ စသဖြင့် ‌အဖြေရှာကြည့်ဖို့အတွက် ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p | 480p File size… 2GB | 1GB | 511MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... ...
movie

Face off: 48H (2021)

2021
Voodoo Doll (2017)
Voodoo Doll (2017) ဗီယက်နမ်သရဲကားကောင်းကောင်းလေးကို စောင့်ဆိုင်းနေတဲ့CMပရိသတ်ကြီးအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးနာမည်ကတော့ Voodoo Doll (2017)ပါ။တချို့သောသရဲကားများလို ဘာကိုခြောက်လို့ခြောက်နေမှန်းမသိ ဖြဲခြောက်နေတာမျိုးမဟုတ်ပဲ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကျောရိုးထဲကစိမ့်ပြီးခြောက်ခြားစေမယ့်ကားတစ်ကားလို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုလဲ အနည်းအကျဉ်းပြောပြချင်ပါသေးတယ်။ကျောင်းတစ်ခုမှာ အရမ်းခင်ကြတဲ့သူငယ်ချင်းသုံးယောက်ဟာတစ်နေ့တော့ ဂီတပြိုင်ပွဲတစ်ခုအတွက်ကျောင်းမှာညလုံးပေါက်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ်။အဲ့လိုလေ့ကျင့်နေတဲ့အချိန် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကြောင့် စာသင်ခန်းအုတ်နံရံမှာဖွက်ထားတဲ့ အရုပ်တစ်ရုပ်ကိုရှာတွ့တဲ့အခါ.....အဲ့ဒီအရုပ်ကဘယ်သူ့ကိုကျိန်စာတိုက်ခဲ့တာလဲ?ဘယ်သူကဒီအောက်လမ်းနည်းကိုသုံးခဲ့တာလဲ?ရှာတွေ့တဲ့ကလေးတွေကရော ဘယ်လိုဆက်ဖြစ်မလဲ?အဲ့လိုမေးခွန်းပေါင်းများစွာနဲ့ ရင်တစ်ဖိုဖိုကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ဇာတ်သိမ်းအထိမငြီးမငွေ့ဆွဲခေါ်သွားနိုင်တဲ့ကားလေးပါ။မိုးအေးအေးနဲ့ သရဲကားကောင်းတစ်ကားကိုမြည်းစမ်းကြည့်လိုက်ရအောင်လားဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Aye Mon Kyaw ပါ) File Size : (700 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 49min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEBRip AAC2.0 H.264-MooMa Translated by Aye Mon Kyaw Encoded by Thanhtike Zaw
movie

Voodoo Doll (2017)

2017