Channel Myanmar

Madison Arnold

Demolition (2015) 7.0
Demolition (2015)  -IMDb Rating - 7.0/10 ခံစားချက်ဆိုတာတွေကကျွန်တော်တို့တွေကို လူသားဆန်စေပါတယ်..။ခံစားချက်မရှိတဲ့လူတစ်ယောက်ဟာယန္တာရားအရေခွံနဲ့လူတစ်ယောက်သက်သက်ပါပဲ...။ဇနီးသည်ကားတိုက်သေသွားပြီးနောက်နောက်နေ့မနက်မှာ အလုပ်သွားခဲ့တဲ့ခံစားချက်လုံးဝမရှိတဲ့လူတစ်ယောက်...အရာရာကို ဖြိုချဖျက်စီးပြီးဘယ်လိုတည်ဆောက်ထားသလဲ အဖြေရှာတတ်တဲ့စိတ်ရောဂါသမားတစ်ယောက်...ဒီလို ယန္တာရားအရေခွံနဲ့လူတစ်ယောက်ရဲ့စိတ်.. အတွေး... ပြောင်းလဲပုံ အဆင့်ဆင့်ကိုဒီရုပ်ရှင်မှာ Jakeရဲ့ အကောင်းဆုံးacting skillတွေနဲ့ ပီပီပြင်ပြင်ဖော်ညွှန်းသွားပါတယ်။  ဒီကားဟာ တိကျတဲ့ ရသမရှိပေမဲ့ဝေဝါးထူးခြားတဲ့ ရသတစ်ခုကို ဖော်ညွှန်းရိုက်ကူးထားတဲ့ Comedy , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Jake Gyllanhaal (Main castအဖြစ်)သရုပ်ဆောင်ထားတဲ့ ကားတွေဟာမကောင်းတာ မရှိသလောက်ရှားပါတယ်။ဒီတစ်ခါ Demolitionမှာလဲသူ့ရဲ့ အနုပညာမှော်ဝင်စားမှုကိုတွေ့ရဦးမှာပါ..... (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size…    1.3 GB /  637 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung 
movie

Demolition (2015)

2015
Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie

Donnie Brasco (1997)

Escape From Alcatraz (1979) 7.6
Escape From Alcatraz (1979) Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie

Escape From Alcatraz (1979)

1979
You Were Never Really Here (2017) 7.5
You Were Never Really Here (2017) အက်ရှင်ကားမှကြိုက်တဲ့ပရိတ်သတ်တွေ ရှိလား...ဒါဆိုရင်တော့ "You were never really here" ဆိုတဲ့ ဇာတ်ကားလေးညွှန်းပေးချင်ပါတယ်...အညွှန်း.... နိုင်ငံအတွက် အချိန်အကြာကြီး စစ်မှုထမ်းပေးခဲ့တဲ့ စစ်မှုထမ်းဟောင်း Joe...စစ်သားပီပီ ကယ်ဆယ်ကူညီပေးရတာ စိတ်အားထက်သန်သူ..Joe က ပျောက်ဆုံးနေတဲ့ မိန်းကလေးတွေကို ကူညီရှာဖွေပေးပါတယ်...ဒီလိုကူပေးရင်းနဲ့ သူရလာတဲ့ လှည့်ကွက်တစ်ခုက သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်...Joe တစ်ယောက် မိန်းကလေးတွေကို ဘယ်လိုကူပေးမလဲ...သူ့ရဲ့ ကယ်ဆယ်ရေး မစ်ရှင်ကြောင့် သူချစ်တဲ့သူတွေပါ ဒုက္ခတွင်းထဲ ဆွဲခေါ်မိသလို ဖြစ်မလား...စတဲ့ လားလား မေးခွန်းတွေနဲ့ အက်ရှင်ဇာတ်ကားကောင်းကို ကြည့်ရှူခံစားရမှာပါ...File Size : (699 MB) and (326 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle ...
movie

You Were Never Really Here (2017)

2017
Rough Night (2017) 5.4
Rough Night (2017)  ဂျက်စ်၊ အဲလစ္စ၊ ဖရန်ကီနဲ့ ဘလဲတို့ သူငယ်ချင်းလေးယောက်က ၂၀၀၆ ကောလိပ် ပထမနှစ်ကတည်းက တွဲခဲ့တဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဆယ်စုနှစ်တစ်ခုကြာအပြီး မှာတော့ ဂျက်စ်က သူ့ချစ်သူပီတာနဲ့ လက်ထပ်ပွဲကျင်းပမှာမို့ သူငယ်ချင်းတွေပြန်ဆုံဖို့ ဖြစ် လာခဲ့ပါတယ်။သူတို့လေးယောက်ဟာ ဂျက်စ် လက်မထပ်ခင် မီယာမီမှာပါတီလုပ်ရင်းကဲဖို့ အစီအစဉ်တွေဆွဲခဲ့ပြီး ဂျက်စ်ရဲ့ ဩစတြေးလျမှာခင်ခဲ့တဲ့သူငယ်ချင်း ပစ်ပါကိုလည်း အတူပျော်ဖို့ ခေါ်ခဲ့ပါတယ်။ ဗရုတ်ကျလွန်းတဲ့ ဂျက်စ်တို့ အဖွဲ့ဟာ အပြောင်အနောက်သဘောနဲ့ အမျိုးသား အဖော်အချွတ်အကသမားတစ်ယောက် ကို အိမ်မှာဖျော်ဖြေဖို့ ငှားခဲ့ပါတယ်။အဲဒီလူ အိမ်ရောက်လာပြီးနောက်မှာ နောက်ကြပြောင်ကြရင်း မတော်တဆ ခေါင်းထိ သွားပြီး အဖော်အချွတ်အကသမား သေသွားခဲ့ ပါတယ်။ အိမ်ထဲမှာ လူသေမှုဖြစ်ပြီးတဲ့နောက် ဂျက်စ်တို့တစ်တွေ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပြီး အပြစ်လွတ်ဖို့နဲ့ အလောင်းဖျောက်ဖျက်ဖို့ နည်းလမ်းမျိုးစုံ စဉ်းစားပါတော့တယ်။ဘလဲရဲ့ ဦးလေးရှေ့နေကိုဖုန်းဆက်မေးမြန်းတဲ့အခါမှာ လူသေမှုကြောင့် ၁၅ နှစ်လောက်အပြစ်ကျဖွယ်ရှိတယ်လို့ ပြောတဲ့အတွက် အလောင်းကို ပင်လယ်ထဲ ...
movie

Rough Night (2017)

2017