Channel Myanmar

Maggie Shiu

Vengeance (2009) 6.5
Vengeance (2009) Vengeance (2009)~ IMDb - 6.5/10, Rotten Tomatoes - 68% ~Directed by "Johnnie To"ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ ...
movie

Vengeance (2009)

2009
Voodoo (2007) Gong Tau 5.6
Voodoo (2007) Gong Tau Voodoo (or) Gong Tau (2007)ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ 2007 မှာထွက်ရှိထားတဲ့ ​ဟောင်​ကောင် Horror သည်းထိတ်ရင်ဖိုဇာတ်လမ်း​​​လေး Gong Tau ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကျန်း​​ထော(Gong Tau )ဆိုတာ (ဗူဒူးလိုပညာရပ်တစ်ခု) အ​ရှေ့​တောင်​အာရှဘက်မှာ နာမည်​ကျော်တဲ့ ​အောက်လမ်းပညာတစ်ရပ်အချစ်​ရေး​တွေ ​ငွေကိစ္စ​တွေနဲ့ ပတ်သက်ရင် လက်စား​ချေလိုတဲ့စိတ်နဲ့ အသုံးပြုတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်​ကောင် ​ရဲမှူးလော့မင်ကွမ်က အလုပ်ကိစ္စတစ်ခုနဲ့ ထိုင်းနိုင်ငံကိုသွားတုန်း ​ကောင်မ​​လေးတစ်​ယောက်နဲ့ ​ဖောက်ပြန်မိရာက​နေအချစ်​​ရေး​ကြောင့် သူ့ရဲ့ တစ်မိသားစုလုံးကို ကျန်း​ထောနဲ့ပြုစားခံလိုက်ရပြီး သားဖြစ်သူကို ဆုံးရှူံးလိုက်ရတယ်မိန်းမဖြစ်သူကို ထပ်မဆုံးရှုံးရ​အောင် ​ကျန်း​ထောကျိန်စာကိုဘယ်လိုပြယ်​အောင် ကြိုးစားမလဲတကယ်​​​ရော​ဖြေ​​ဆေးက အသုံးဝင်ခဲ့လားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့် ကား​လေးတစ်ကားပဲဖြစ်ပါတယ်။(18+ အခန်း ​အနည်းငယ်ပါတာ​ကြောင့် မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေပါ။) File size…(1.7 GB)/(850 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:36:45 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by DB
movie

Voodoo (2007) Gong Tau

The Longest Nite (1998) 7.2
The Longest Nite (1998) The Longest Nite (1998) ================= IMDb Rating - 7.2/10Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie ...
movie

The Longest Nite (1998)

1998
A Murder Erased ( 2022 ) 6.3
A Murder Erased ( 2022 ) အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာ အပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်... အဲ့ အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့် လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့....ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်ဖြစ်နေရတယ်... အကြောင်းကတော့ DNA အဖြေကြောင့် ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူ အားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း... နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင် ၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့...ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား... သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို ၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား.... သိနိုင်တာပေါ့နော်... သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကို ဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော် [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

A Murder Erased ( 2022 )

Crossing Hennessy (2010) 6.3
Crossing Hennessy (2010) Crossing Hennessy (2010)Lust Caution, Decision to Leave, Long Day's Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ...
movie

Crossing Hennessy (2010)

2010
Election (2005) 7.1
Election (2005) Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie

Election (2005)

2005
Port of Call 2015 6.7
Port of Call 2015 Port Of Call ပျော်ရွှင်မှုဆိုတာ ဘာလဲ ? ဝမ်းနည်းမှုဆိုတာရော? ဒီလူ့ဘဝကြီးမှာ ပျော်ဖို့ ဘာတွေပေးဆပ်ရမလဲ? ဘာတွေစွန့်စားရမလဲ ? ရှိတာလေးနဲ့ပျော်ရွှင်အောင်နေပြီး လာဘလေးသာမကြီးလာခဲ့ရင် ၁၆ စ်အရွယ် သဆုံးမှုဆိုတာဖြစ်မလာနိုင်ဘူးလို့ V ကတော့ ဘာသာပြန်နေရင်း တွးနေမိခဲ့တယ်။ တကယ်ကောင်းတဲ့ကားလေးပါ။ 18 စ်အထက် Softcore လေးတွေပါလို့ မိသားစုကြားကြည့်လို့မသင့်ပါဘူးနော်။ မာ်ဒန်ဖြစ်ချင်လွန်းတဲ့ ဝမ်ကျားမိန် တစ်ယောက် အိမ်ကလည်းအဆင်မပြေချိန် စီးပွားရေးမပြေလည်ချိန် စိတ်ထွက်ပေါက်ကိုလိုက်ရှာရင်း အပျော်မယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘဝကြီးက ခါးတယ်လို့ခံယူထားတဲ့သူ့အတွက်တော့ ပျာ်စရာကကြာရှည်မခံခဲ့ပါဘူး။ တစ်နေ့မှာ ဝတုတ်ကောင်လေးတစ်ယောက်က သူလူသတ်ခဲ့တယ်ဆိုပြီး ရဲစခန်းလာအဖမ်းခံတယ်။ အမှုကအားလုံးပိတ်သွားပြီဆိုပေမယ့် မပြီးသေးတာက ဇာတ်လိုက်ကျော်ကြီး Aron Kwok. အခုမှစတွေ့တဲ့သူကို သတ်ရအောင် ဘာတွေကများစည်းရုံးလိုက်သလဲပေါ့ နာက်ဆုံးအဆုံးသတ်မှာ ဝမ်ကျားမိန် ပာခဲ့တာကတော့ အခန်းရဲ့အပြင်ဘက်တံခါး တဲ့ အဲ့တော့ စိတ်ကိုဖွင့်ထားပါ စိတ်ရဲ့အမှောင်ဘက်ခြမ်းကနေ တိုးထွက်ခဲ့ပါတဲ့ သူကတော့ တ်ဆက်ခဲ့ပါတယ်တဲ့ ။ ။ Translator -Jo Jo Va Encoder - Thit San Khant File size-862MB Quality-720p
movie

Port of Call 2015

2015
Hotel Soul Good ( 2018 ) 3.9
Hotel Soul Good ( 2018 ) Zawgyi*******Comedy လေးနဲ့ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲဒီဇာတ်လမ်းလေးကတော့ အသက်၃၀အရွယ် ကေသီချောင်ဟာမိဘမဲ့ဂေဟာမှာကြီးပြင်းလာပြီ အောင်မြင်တဲ့ဟော်တယ်တစ်ခုမှာကြီးကြပ်ရေးမှုးရာထူးနဲ့အလုပ်ဝင်နေတာပါတစ်နေ့ကျတော့ သူ့ရဲ့သူငယ်ချင်းကသစ္စာဖောက်ပြီးရည်းစားရောအလုပ်အကိုင်ရောလုယူသွားတဲ့အခါထိုသို့တင်မကပဲ ကေသီချောင်က ကြယ်မိုးရွာတာကနေမတော်တဆဖြစ်ပြီးသေလုမျောပါးဖြစ်ရာကနေတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းပါရလာပါလေရောအဲ့ဒီလိုမြင်နိုင်ရာကနေ သရဲ၃ကောင်ကသူ့နားတစ်ဝယ်လည်လည်လောက်နေလို့ ပြဿ နာဖြစ်ရာကနေသူဘဝကိုဘယ်လိုတွေအဆင်ပြေအောင်လုပ်မှာလဲဆက်လက်ကြည့်ရှုကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်နော် Unicode*******Comedy လေးနဲ့ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲဒီဇာတ်လမ်းလေးကတော့ အသက်၃၀အရွယ် ကေသီချောင်ဟာမိဘမဲ့ဂေဟာမှာကြီးပြင်းလာပြီ အောင်မြင်တဲ့ဟော်တယ်တစ်ခုမှာကြီးကြပ်ရေးမှုးရာထူးနဲ့အလုပ်ဝင်နေတာပါတစ်နေ့ကျတော့ သူ့ရဲ့သူငယ်ချင်းကသစ္စာဖောက်ပြီးရည်းစားရောအလုပ်အကိုင်ရောလုယူသွားတဲ့အခါထိုသို့တင်မကပဲ ကေသီချောင်က ကြယ်မိုးရွာတာကနေမတော်တဆဖြစ်ပြီးသေလုမျောပါးဖြစ်ရာကနေတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းပါရလာပါလေရောအဲ့ဒီလိုမြင်နိုင်ရာကနေ သရဲ၃ကောင်ကသူ့နားတစ်ဝယ်လည်လည်လောက်နေလို့ ပြဿ နာဖြစ်ရာကနေသူဘဝကိုဘယ်လိုတွေအဆင်ပြေအောင်လုပ်မှာလဲဆက်လက်ကြည့်ရှုကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie

Hotel Soul Good ( 2018 )

2018
Tales From The Dark 1 (2013) 5.6
Tales From The Dark 1 (2013) Tales From The Dark 1 (2013)_____IMDb - 5.6/10   Tales From The Dark 1 နဲ့ ဇာတ်ကားတွေကတော့ Hong Kong horror writer Lilian Leeနှင့် စာရေးဆရာမ Pik Wah Lee ရဲ့ ကြောက်မက်ဖွယ် Horror ဝတ္ထုတိုများကို Director သုံးယောက်က ရိုက်ကူးထား ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။   ***(1)အညွှန်း*** ဒီဇာတ်ကားထဲမှာဆိုရင် Kwan ဆိုသောသူက ပတ်ဝန်းကျင်မှာရှိသမျှ သရဲ၊တစ္တေ၊ဖုတ်၊ပြိတ္တာတို့ကို မြင်နေရပါတယ်။ သူကအလွန်ဆင်းရဲတာကြောင့် ထိုမကောင်းဆိုးရွားများကို အမျိုးမျိုးခိုင်းပြီး ပိုက်ဆံရအောင် ကြိုးစားနေရင်း တစ်နေ့မှာ အစိမ်းသေ သေပြီးသားသူ တစ်ယောက်ရဲ့အရိုးပြာအိုးကို မှားယူသွားမိရာမှ သူဘယ်လိုတွေကြုံတွေ့ရမလဲ... (ဝတ္တုတိုများကို ရိုက်ကူးထားခြင်းဖြစ်တာကြောင့် မိနစ် ၄၀ အကြာတွင် ဇာတ်လမ်းတစ်ခုပြီးပြီး ဇာတ်လမ်းအသစ်စမည်ဖြစ်ပါသည်) -ကြောက်မက်ဖွယ် Horrorဇာတ်လမ်း ၃ ခု ပါမည်။ #အပေါ်မှအညွှန်းသည် တစ်ပိုင်းအတွက်သာဖြစ်သည်။  File size…(952 MB) Quality…BR-Rip 720p IMDb Rating... 5.6/10 Format…mp4 Duration….01:52:46 Type...Horror Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie

Tales From The Dark 1 (2013)

2013