Channel Myanmar

Mahira Khan

Quaid-e-Azam Zindabad(2022) 6.6
Quaid-e-Azam Zindabad(2022) Quaid-e-azam zindabad(2022)IMDb 6.6 ဒီတစ်ခါမှာတော့မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမဲ့ Action/ Comedy ဇာတ်ကားကိုညွှန်းပေးချင်ပါတယ် ရင်သပ်ရှုမောရတဲ့အလှတွေနဲ့ မင်းသမီးချောလေး Mahira Khan ကဒီကားထဲမှာ တိမွေးကုအနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး Box Office အနေနဲ့ 420 millions ရရှိခဲ့တဲ့ဒီကားဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲဇာတ်လမ်းအညွှန်း... ရဲတွေကြားမှာ ဘယ်သူကလာဘ်ထိုးငွေပိုများများရလဲဆိုပြီးယှဉ်ပြိုင်ကြတဲ့ခေတ်မှာ ဂူလတ်ရဲ့အဖေရဲသားကြီးကတော့ လာဘ်ထိုးငွေဆို တစ်ရူပီတောင်မယူခဲ့တဲ့ ရိုးသားဖြောင့်မတ်သူပါ လာဘ်ထိုးငွေမယူလေတော့ငွေကြေးသိပ်အဆင်မပြေတဲ့ မိသားစုထဲပါခဲ့တာပေါ့ ဂူလတ်ငယ်ငယ်လေးတုန်းက သူ့အဖေရဲ့ဆုံးမစကားရှိပါတယ် ငွေစက္ကူထဲမှာပါတဲ့ခေါင်းဆောင်ကြီးက ပိုက်ဆံကိုအလွဲသုံးစားလုပ်ရင် စိတ်ဆိုးပါလိမ့်မယ်တဲ့ဒီစကားက သူ့အဖေသူ့ကိုမုန့်ဖိုးမပေးချင်လို့ပြောမှန်းသိသွားတဲ့နေ့ ဂူလတ်တို့ ဖခင်တွေးထားတာနဲ့ တက်တက်စင်အောင်လွဲပါတော့တယ် ကြီးလာလို့ရဲဖြစ်လာတော့လည်း ဖခင်ရှေ့မှာတော့ ရိုးသားချင်ယောင်ဆောင်ပေမဲ့ တစ်ဖက်ဌာနထဲမှာတော့ ရာထူးတိုးသွားရင် လာဘ်ထိုးငွေမရတော့မှာစိုးလို့ ငွေပေးပြီးရာထူးမတိုးအောင်တားထားရတဲ့အထိပါပဲ ဒါပေမဲ့လည်းသူ့အဖေရဲ့စကားကမှန်ကန်လာပြီး ငွေစက္ကူကသူ့ကိုစိတ်ဆိုးမဲ့နေ့တစ်နေ့ရောက်လာပြီး သူလာဘ်ထိုးငွေယူထားသမျှပိုက်ဆံတွေမှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်သွားမလဲ ဒီကျိန်စာကိုသူဖြေနိုင်မှာလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါနော် File size…2.3GB / 1.2GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ BpL ~ Yunni
movie

Quaid-e-Azam Zindabad(2022)

Raees (2017) 7.4
Raees (2017)  IMDb Rating (7.0)မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်....ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ...ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ...
movie

Raees (2017)

2017