Channel Myanmar

Mak Ling-ling

[18+] May We Chat (2013) 4.9
[18+] May We Chat (2013) ဒီကားလေးကို ရီဗျူးရေးဖို့ဆိုတော်တော်အကြပ်ရိုက်ပါတယ်။ အကြောင်းက အရသာရှိလွန်းတဲ့ထမင်းဝိုင်းထဲ ရောက်သွားသလိုခံစားရလို့ပါပဲ။ အကုန်ကောင်းနေတော့ ဘယ်ဟာကောင်းလဲလို့ ညွှန်းမနေတော့ဘဲ လာသာထိုင်စားလိုက်တော့ဗျာ လို့သာ ပြောချင်မိတဲ့အထိပါ။မိန်းကလေးသုံးယောက်ကို အကြောင်းပြုပြီး ဇာတ်လမ်းတည်ထားတာမို့ မတူညီတဲ့ဇာတ်အိမ်သုံးမျိုးကို တွေ့ရမှာပါ။ ဆယ်ကျော်သက်မိန်းကလေးအများစုမှာ ဖြစ်ပျက်တတ်တဲ့စိတ်ခံစားချက်၊ စူးစမ်းချင်စိတ်အားလုံးကို ဒီကားလေးထဲထည့်သွင်းပေးထားတဲ့အပြင်... ဟောင်ကောင်မှာ ၂၀၀၀ ခုနှစ်လောက်က လူငယ်ဂိုဏ်းအဖွဲ့တွေ ဘယ်လိုကြီးစိုးခဲ့လည်းဆိုတာကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်..ပထွေးနဲ့အတူတူနေတဲ့ အားရန်း၊ ညီမတစ်ယောက်နဲ့ဆေးစွဲနေတဲ့အမေကို စောင့်ရှောက်နေတဲ့ ဝေဝေ၊ အဘွားနဲ့အတူတူနေပြီး အကြားအာရုံချို့တဲ့နေတဲ့ ဝေရင်း .. ဒီသူငယ်ချင်းသုံးယောက်က ဝီချက် ဆိုတဲ့ဖုန်း အက်ပလီကေးရှင်းကနေတစ်ဆင့် သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။ သူတို့ရဲ့ခံစားချက်တွေကို ဖလှယ်ရင်း တစ်ရက်မှာ အားရန်း တစ်ယောက်လိုင်းပေါ်မှာ ပျောက်ချင်းမလှပျောက်သွားပါတယ်။ အပြင်မှာတောင် မမြင်ဘူးကြတဲ့ သူငယ်ချင်းတွေက အားရန်း ပျောက်သွားတဲ့အခါ သူတို့တတ်နိုင်တဲ့ဘက်က ဘယ်လိုပြန်လည်ရှာဖွေကြမလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကားလေးထဲမှာ အဖြေရှာလိုက်ပါတော့နော်.....မင်းသမီးတွေလန်းသလို အရင်ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ မင်းသမီးတွေပါ အားဖြည့်ထားပါတယ်..အဖော်အချွတ်တချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ...
movie

[18+] May We Chat (2013)

A Home with a View (2019) 5.9
A Home with a View (2019) [Unicode]ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ် ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့် အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ...
movie

A Home with a View (2019)

2019