Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Malachi Pullar-Latchman
7.8
Hounded (2022)
Hounded (2022) ============တစ်ခါတလေ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာ နောက်ကလိုက်ဖမ်းတဲ့သူတွေ လက်ထဲကနေ လွတ်အောင်တရစပ်ပြေးနေရတာမျိုး မက်ဖူးကြမယ် ထင် ပါတယ်။ တချို့ဆို မောဟိုက်ပြီးတော့တောင် လန့်နိုးလာတတ်ကြပါသေးတယ်။ ဒီဇာတ်ကားကတော့ အိပ်မက်ကမ္ဘာထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာပါ ကိုယ်ပြေးနိုင်မှ ကိုယ်ရှင်သန်ကျန်ရစ်မယ့် ဇာတ်ကားလေးပါ။လီယွန်၊ ချားဇ်၊ ဗစ် နဲ့ တော့ဒ် တို့လေးယောက်က ရှေးဟောင်းပစ္စည်းတွေကို လိုက်ခိုးပြီး ရောင်းစားကြတဲ့ သူခိုးလက်သစ်လေးယောက်ပါ။ တစ်နေ့မှာ အခမ်း အနားသုံးဓား လို့ နာမည်ကျော်ပြီး အရမ်းတန်ဖိုးရှိတဲ့ဓားတိုလေးတစ်လက်ကို ခိုးယူဖို့ ရွာတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။အဲဒီဓားကို မခိုးယူနိုင်ခင်မှာပဲ အိမ်ရှင်အမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဲဒီဒေသရဲ့ ထူးဆန်းတဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။ ကွင်းပြင်ကျယ်တွေ တောအုပ်တွေထဲ ကြိုက်သလောက်ပြေး သတ်မှတ်တဲ့အချိန်ရောက်ရင် နောက်ကနေ အမဲလိုက်ခွေးတွေနဲ့ လိုက်ပြီး လူတွေကို လိုက်သတ်တဲ့ ကျောချမ်းဖွယ်ရာ အမဲ လိုက်ခြင်းမျိုးပါ။ ဒီအမဲလိုက်ခြင်းကနေ ဘယ်သူအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာများနဲ့ အတူ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie
Hounded (2022)
2022
4.2
Shark Bait (2022)
သူငယ်ချင်းတွေ ပင်လယ်ကမ်းခြေကို ခရီးထွက်လာမယ်၊ ပျော်ပါး ကြမယ်၊ အရာရာ ပျော်စရာအတိ ဖြစ်နေရင်တော့ သေချာပါတယ်၊ အဖျက်သမားတစ်ကောင် ပေါ်လာတော့မှာပါ၊ သူကတော့ အားလုံး သိပြီးသား ကိုရွှေငါးမန်းရယ်ပေါ့၊ ငါးမန်းနဲ့ပတ်သတ်တဲ့ ဇာတ်ကား အများစုက ဒီလိုဖန်တရာတေနေတဲ့ ဇာတ်အိမ်မျိုးတွေ ဖြစ်ပေမယ့် ဒီလိုကားတွေက ရလာတဲ့ သည်းထိပ်ရင်ဖိုတွေ၊ ဇာတ်ကောင်နေရာ ကနေ ကျီးလန့်စာစား ဖြစ်ရပုံတွေ၊ ငါးမန်းရန်က လွတ်နိုင်ပါ့မလား ကိုယ်စားတွေးပူမိတဲ့ စိတ်ခံစားချက်တွေကြောင့်လည်း ဒီနေ့ခေတ် ဒီအချိန်ထိ ငါးမန်းရုပ်ရှင် သည်းခြေကြိုက်ဖန်တွေ ရှိနေဆဲပါ။ အခု ၂၀၂၂ထွက် ငါးမန်းကားသစ်ဟာလည်း အထက်ပါမဲပြာပုဆိုး ဇာတ်အိမ်ပါပဲ၊ သူငယ်ချင်းတွေ ကမ်းခြေကို ခရီးထွက်လာတယ်၊ မူးရူးပျော်ပါးတယ်၊ ရှေ့နောက်မကြည့်ဘဲ စပိဘုတ်တွေနဲ့ ပင်လယ် ထဲ ထွက်လာတယ်၊ ကမ်းနဲ့ အတော်ဝေးဝေးမှာ အက်စီးဒင့်ဖြစ်ပြီး ပင်လယ်ထဲ မဟာဇနက္ကနဲ့ နင်လား ငါလား ဖြစ်သွားတယ်၊ အဲဒီမှာ ဇာတ်လိုက်ကျော် ငါးမန်းဖြူကြီး ရောက်လာတယ်၊ ငါးမန်းရန်က လွတ်အောင် ကြိုးစားကြတယ်ပေါ့။ ဇာတ်လမ်းက ဒါပါပဲ၊ ရိုးရှင်းတယ် ခန့်မှန်းရလွယ်တယ်၊ သင်ခန်းစာ ယူလို့ရတဲ့ ကားမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ရဲ့ အသက်ဘေး လွတ်အောင်ကြိုးစားပုံတွေ၊ ...
movie
Shark Bait (2022)
2022