Channel Myanmar

Mami Hashimoto

One Missed Call 3: Final (2006) 4.9
One Missed Call 3: Final (2006) One Missed Call : Final (2006)ဒီ One Missed Call - Final ဆိုတဲ့ horror movie လေးဟာဆိုရင်တော့ အတန်းထဲမှာအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေး Asuka ဆိုတဲ့တစ်ယောက်ကနေစတင်လိုက်တဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီကျောင်းသူလေးဟာဆိုရင်အနိုင်ကျင့်ခံရတဲ့ဘဝကနေလွတ်မြောက်အောင် ကိုယ့်ကိုကိုယ်ကြိုးဆွဲချခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ အသက်မသေဘဲ ကိုမာအဖြစ်နေနေရတာပါဒါပေမယ့်ကျောင်းသားတွေကိုးရီးယားကိုအလည်အပတ်ခရီးစဥ်သွားဖို့သင်္ဘောပေါ်တက်တဲ့အချိန်မှာတော့ ကိုယ့်နာမည်နဲ့ကိုယ့်ဖုန်းထဲကိုဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက်ထူးဆန်းစွာသေဆုံးကုန်ကြတယ် တစ်ခြားသူကိုပြန်ပို့ရင်တော့အသက်ရှင်မယ်ဆိုတော့သေရေးရှင်ရေးကြားမှာသံယောဇဥ်ဆိုတာမြဲပါ့မလားဒီသေဆုံးမှုကရောအနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးရဲ့ကျိန်စာဖြစ်နေမလား ဒီလိုကျိန်စာအီးမေးလ်တွေကနေရောအသက်ရှင်လျက်နဲ့လွတ်မြောက်နိုင်မလားဆိုတာကြည့်လိုက်ရအောင်ပါနော်ဒီကားမှာတော့ ကိုရီးယားမင်းသားချော Jang Geun Suk လည်း ပါဝင်ထားပါသေးတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Yong Hom ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… 1.9GB | 904MB | 434MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Yong Hom Encoder ..... August
movie

One Missed Call 3: Final (2006)

2006
Ringu 0 (2000) 6.1
Ringu 0 (2000) Ringu 0: Birthday (2000)             1998 နဲ့ 1999 တုန်းက ထွက်ရှိခဲ့တဲ့ Ring ဇာတ်ကားတွေရဲ့ ပုံပြင်လိုဖြစ်တဲ့ဒီဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကအကြောင်းကို တင်ဆက်ပေးထားပါတယ်…             ငယ်ရွယ်ပြီးလှပတဲ့ ဆာဒါကိုလေးဟာ သူ့ရဲ့ ရှုပ်ထွေးပြီးပြဿနာများတဲ့ အတိတ်ကနေ လွတ်မြောက်ဖို့အတွက် ပြဇာတ်အဖွဲ့ထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့ပြီး သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ မျှော်လင့်လာတာပါပဲ…             ‘ဒါပေမယ့်လည်း ထူးဆန်းတဲ့အမြင်အာရုံနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝလွန်အစွမ်းတွေဟာ လူတွေသတိထားမိလာအောင်လုပ်မိရာကနေစတင်လာပါတယ်…             ပြဇာတ်အဖွဲ့မှာပါတဲ့သူတွေဟာ တူညီတဲ့အိမ်မက်ကို မက်လာကြတယ် တစ်ချို့တစ်လေဆို သူ့နောက်မှာ တစ်ယာက်ယောက်ရပ်နေတာကိုမြင်တယ်ဆိုပြီး ထိတ်လန့်လာကြတယ်             အားလုံးကြည့်ဖူး ကြားဖူးကြလို့ ဇာတ်လမ်းအဆုံးသတ်ကို သိထားမှာမှန်ပေမယ့် ကြောက်စရာကောင်းတဲ့ ဆာဒါကိုကို ဒီဇာတ်လမ်းလေးထဲမှာတော့ တည်ငြိမ်တဲ့ဘဝကိုရဖို့ကြိုးစားနေတဲ့ အမြဲတမ်းအေးဆေး တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ လူတစ်ယောက်အနေနဲ့ ခံစားကြည့်ရှူရမှာဖြစ်ပါတယ်             ပရိသတ်အားလုံးအတွက် မရိုးနိုင်တဲ့ ရသကိုပေးနိုင်မယ့် ဒီဇာတ်လမ်းလေးဟာ 2000 ခုနှစ်မှာ Rating 6.1 နဲ့ရပ်တည်ခဲ့ပါတယ်…   ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ်
movie

Ringu 0 (2000)

2000