Channel Myanmar

Manny Pérez

Dinner Rush (2000) 7.2
Dinner Rush (2000) 2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File ...
movie

Dinner Rush (2000)

Sound of Freedom (2023) 7.8
Sound of Freedom (2023) Sound of Freedom (2023) =================== IMDb Rating - 7.8/10IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.86 GB) / (774 MB) Quality...........WEB-DL 1080p / 720p Duration........2Hr 11Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Crime, Drama Translator......Thiha ...
movie

Sound of Freedom (2023)

2023
Courage Under Fire(1996) 6.6
Courage Under Fire(1996) Courage Under Fire(1996) IMDB.....6.6,,,,,,,Rotten......85 Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။ ဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ ဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအာ း သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး ...
movie

Courage Under Fire(1996)

1996
Coyote Lake (2019) 4.6
Coyote Lake (2019) ယူအက်စ် မက်ဆီကို နယ်စပ်မျဉ်းနားက ရေကန်ကြီးတစ်ကန်အနီးမှ ထူးဆန်းသောသားအမိနှစ်ယောက် တရားမဝင်ခိုးဝင်လာတဲ့ မက်ဆီကန်များကို မှောင်ခိုသွင်းပေးနေတဲ့ လမ်းကြောင်းမှာ ဖွင့်ထားသော တည်းခိုခန်း တည်းခိုခန်းမှာ လာတည်းတဲ့ သူတွေ မကြာခဏ ပျောက်ပျောက်နေရခြင်းရဲ့ အကြောင်းအရင်းအစစ်အမှန် အဆိုပါတည်းခိုခန်းကို မမျှော်လင့်ဘဲ ရောက်လာတဲ့ လူနှစ်ယောက်ကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတဲ့ ဒီဘဝကနေရုန်းထွက်ဖို့ ကြိုးစားနေခဲ့ရသူ အချစ်ဦးကိုဆုံးရှုံးခဲ့ရသူ အက်စတာတစ်ယောက် မိခင်ဖြစ်သူ၏ထူးဆန်းလာမှု တွေကို နားမလည်နိုင်ဖြစ်နေခဲ့ရပြီးနောက် ငွေကြေး ဥစ္စာဓနရဲ့ နောက်ကွယ်က မိခင်၏ စိတ်သဘောထားအမှန်ကို သိလိုက်ရချိန်မှာ ဘယ်လိုဆုံးဖြတ်ချက် ချလိုက်သလဲဆိုတာ ကြည့်ရှူခံစားရမယ့် ရုပ်ရှင်ကားဖြစ်ပါတယ် အသက် ၁၈ မပြည့်သေးသူများ ကြည့်ရှူရန်မသင့်သည့် ဇာတ်ဝင်ခန်းအချို့ ပါဝင်ပါသည်၊၊ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Nyan Lin Oo ဖြစ်ပါတယ်
movie

Coyote Lake (2019)

2019