Channel Myanmar

Mantarô Koichi

Rurouni Kenshin: The Legend Ends (2014) 7.6
Rurouni Kenshin: The Legend Ends (2014) Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10    2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie

Rurouni Kenshin: The Legend Ends (2014)

2014
Fukushima 50 (2020) 7.0
Fukushima 50 (2020) Fukushima 50 (2020)အညွှန်း*************************ဂျပန်​နိုင်​ငံတစ်​နိုင်​ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်​ကို ထုတ်​လုပ်​​ပေး​နေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်​အားကြီးတဲ့ ငလျင်​ဒဏ်​နဲ့ ဆူနာမီလှိုင်းဒဏ်​​တွေ​ကြောင့်စက်​ရုံတစ်​ခုလုံး လျှပ်​စစ်​ဓာတ်​အားပြတ်​​တောက်​ကာ ဓာတ်​​ပေါင်းဖို​တွေ အပူလွန်​ကဲပြီး ​ပေါက်​ကွဲ​တော့မယ့် အ​ခြေအ​နေနဲ့ကြုံခဲ့ရပါတယ်​။ဒီအ​ခြေအ​နေကို ​ရှေ့တန်းက ရင်​ဆ်ို​င်​​ဖြေရှင်းရသူ​တွေက​တော့ဒိုင်​အီချိ စက်​ရုံက အလုပ်​သမား​ ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl  ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

Fukushima 50 (2020)

Radiance (2017) 6.3
Radiance (2017) မျက်မမြင်ရုပ်ရှင်ရုံတဲ့...မျက်မမြင်တွေ ဘယ်လိုများ ရုပ်ရှင်ကြည့်ကြလဲ?ဒီဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ မျက်မမြင်တွေ ဘယ်လိုရုပ်ရှင်ကြည့်လဲဆိုတာ သိသွားပါလိမ့်မယ်။ဂျပန်အချစ်ဇာတ်ကားလေးတစ်ကားပါ။တိတိကျကျပြောရရင် အချစ်ကို ခံစားကြည့်ရတဲ့ ဇာတ်ကားတစ်ကားပေါ့။ဇာတ်ညွှန်းအကြောင်းကို အကျဉ်းချုံ့ပြောရရင်တော့...။ဒီဇာတ်ကားမှာ မျက်စိအလင်းမရတော့တဲ့လူတွေအတွက် ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို အသေးစိတ်လိုက်ပြောပြတဲ့ ဂျပန်ကောင်မလေးတစ်ယောက်ရှိတယ်။အဲဒီအလုပ်က ဒိုင်ယာလော့တွေကို ပြောပြရတဲ့ အလုပ်မဟုတ်ပါဘူး။ဇာတ်ကားတစ်ခုရဲ့ ပြကွက်တစ်ကွက်ချင်းကို ပုံပေါ်လာအောင် ပြောပြပေးရတာပေါ့။ဇာတ်ကားကို ဖွင့်ပြထားတဲ့အချိန် မျက်မမြင်တွေက ဒိုင်ယာလော့တွေကို ကြားနေရပေမဲ့၊ ဇာတ်လမ်းဇာတ်ကွက်ကို မမြင်ရဘူးလေ။ဒီတော့ သူ့ရဲ့အလုပ်က မျက်မမြင်တွေအတွက် အဲဒီအခက်အခဲကို ကျော်ပြီးတော့ သူတို့ရဲ့အာရုံထဲမှာ ဇာတ်ကားတစ်ကားရဲ့ခံစားချက်တွေ၊ ပုံရိပ်တွေ အားလုံးကို ပုံပေါ်လာအောင် လုပ်ပေးရတာပေါ့။ပြောရရင် သူက ခံစားမှုပုံရိပ်ရဲ့မိခင်ကြီးပေါ့။ တစ်နည်းအားဖြင့် မျက်မမြင်တွေရဲ့ ပုံရိပ်ကမ္ဘာကြီးပေါ့။ရုပ်ရှင်ဆိုတာက ကိုယ့်ကို တစ်ခြားလူတွေရဲ့ဘဝနဲ့ ချိတ်ဆက်ပေးတာလေ။တစ်ခြားလူတွေရဲ့ ဘဝကို ကိုယ်စား ခံစားရအောင် လုပ်ပေးတာပေါ့။အဲဒီခံစားမှုကို မျက်မမြင်တွေလည်း ခံစားခွင့်ရှိတယ်လေ။ဒီတော့ အဲဒီကောင်မလေးက မျက်မမြင်တွေနဲ့ တစ်ခြားလူတွေရဲ့ဘဝအကြောင်းတွေကို တစ်ဆင့်ကြားခံ ချိတ်ဆက်ပေးတဲ့ သူလေးပေါ့။မျက်မမြင်တွေကို သူဖန်တီးပေးလိုက်တဲ့ ကမ္ဘာထဲမှာ ...
movie

Radiance (2017)

2017