Channel Myanmar

Marc Abbink

Gone Girl (2014) 8.1
Gone Girl (2014) IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie

Gone Girl (2014)

4K HEVC
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR