Channel Myanmar

Marc John Jefferies

Get Rich or Die Tryin’ (2005)
Get Rich or Die Tryin’ (2005)  နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်​ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Crime, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Get Rich or Die Tryin’ (2005)

Notorious (2009)
Notorious (2009) နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil' ...
movie

Notorious (2009)

Big Mommas: Like Father, Like Son (2011) 4.4
Big Mommas: Like Father, Like Son (2011) Big Mommas: Like Father, Like Son (2011) ===============================Big Momma's House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma's House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်...အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / (1.0 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Ngwe ...
movie

Big Mommas: Like Father, Like Son (2011)

2011
Aurora: A Love Story (2023) 5.5
Aurora: A Love Story (2023)  ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေတရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင်၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ”အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြားမိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီးလှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကိုလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာမကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါးပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကိုသိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကိုပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။  File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Aurora: A Love Story (2023)

Stuart Little 2 (2002) 5.5
Stuart Little 2 (2002) Stuart Little 2 (2002)=================ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Rob Minkoff က ရိုက်ကူးခဲ့တဲ့ family/comedy ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ Little မိသားစုကြီးရဲ့ သားအလတ်ဖြစ်တဲ့ ကြွက်ကလေး Stuart ကို အရွယ်သေးငယ်လို့ဆိုပြီး မိခင်က နေရာတကာ စိတ်မချဖြစ် အစိုးရိမ်လွန်နေ ရပေမယ့် Stuartကတော့ စွန့်စားခန်းဖွင့်ရတာကို သိပ်သဘောကျတဲ့သူတစ်ဦးပါ။ တစ်နေ့မှာ ရန်သူ့ရဲ့လက်ကနေ ထွက်ပြေးလာတဲ့ ငှက်မလေး Margalo နဲ့ တွေ့မိပြီး ခင်မင်သွားကြတဲ့ နောက် Stuart ရဲ့အိမ်ကို Margalo လိုက်နေခဲ့တယ်။ အဲဒီနောက်တော့ ရန်သူတော်ကြီးနဲ့ Stuart တို့ ဘယ်လိုတွေဆက်ပြီး တိုက်ပွဲဝင်ကြမလဲ Margalo နဲ့ ရန်သူကြီးကရော ဘယ်လို တွေပတ်သက်မှုရှိနေလဲ စတဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဆိုတဲ့ အဓိပ္ပာယ်ကိုပေါ်လွင်စေတဲ့ ၅၂၈ ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ရိုက်ကူး ပြသထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size ...
movie

Stuart Little 2 (2002)

2002
The Haunted Mansion (2003) 5.1
The Haunted Mansion (2003) The Haunted Mansion (2003)အလုပ်ကြိုးစားတဲ့ ပျော်ရွှင်နေတဲ့ Evers မိသားစုက အိမ်ထောင်ဦးစီး Jim။ သူလုပ်တဲ့အလုပ်က အိမ်ခြံမြေပွဲစား။ ပွဲဖြစ်ရင် မျိုးမျိုးမြတ်မြတ် စားရတဲ့ လုပ်ငန်းပေါ့ဗျာ။ အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ရင်း ပိုက်ဆံတွေရလာပေမယ့် မိသားစုအပေါ် ပျက်ကွက်မှုတွေများလာလို့ အလျော်ပေးတဲ့အနေနဲ့ မိသားစုခရီးလေးထွက်လာတဲ့အခါ ငွေနောက်ကို အသည်းအသန်လိုက်တဲ့သူမို့ မိသားစုခရီးထွက်လာတာတောင် လုပ်ငန်းတစ်ခုလုပ်ဖို့ တစ်နေရာကိုလမ်းကြုံဝင်ခဲ့တယ်။သူရောင်းပေးရမယ့်အိမ်ကြီးက ဒေါ်လာ သန်းနဲ့ချီတန်တာမို့ ဘယ်လိုမှ မငြင်းဆန်နိုင်ပဲ အရောက်သွားချိန်မှာ ကံဆိုးမိုးမှောင်တွေဆက်တိုက်ကျရောက်လာပါတော့တယ်။ သရဲခြောက်တတ်တဲ့အိမ်ကြီးမှာ ဖြစ်လာသမျှ ပြဿနာတွေကို လိုက်လံဖြေရှင်းရင်း သားသမီးနဲ့ ဇနီးကို ကယ်တင်ဖို့ကြိုးစားရတဲ့ ပျော်ရွှင်စရာ မိသားစုကြည့် Fantasy ကားလေးပါ။ခေါင်းဆောင်မင်းသားဖြစ်တဲ့ Eddie Murphy ဆိုတာက အမေရိကန် ဟာသ သရုပ်ဆောင် စာရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်တွေမှာ သိပ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ဆု‌တွေ အများကြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာသပညာရှင်အဖြစ်လည်း ...
movie

The Haunted Mansion (2003)

2003
Spider-Man 2 (2004) 7.3
Spider-Man 2 (2004) Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie

Spider-Man 2 (2004)

2004