Channel Myanmar

Marc Maron

Joker (2019) 8.5
Joker (2019) Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie

Joker (2019)

2019
4K HEVC
Genie (2023) 5.9
Genie (2023) Genie (2023) ========== IMDb Rating - 6.0/10Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာ ရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင် ရိုက်ကူးထားတာပါ။လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ် ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီး ပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင် ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 GB) / (710 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Thy Santa Encoder..........Zin Phyo Aung
movie

Genie (2023)

2023
Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
Frank and Cindy (2015) 6.1
Frank and Cindy (2015)  Genre – Comedy, Drama IMDB – 6.1/10ဒါရိုက်တာ GJ Echternkamp က သူ့ ငယ်ဘဝအကြောင်းကို ရုပ်ရှင်အနေနဲ့ ပြန်ပြီးရိုက်ကူးထားတဲ့ ဒရမ်မာဟာသ ဖြစ်ရပ်မှန်ကားလေး ဖြစ်ပါတယ်။GJ ဆိုတဲ့ကောင်လေးဟာ ကောလိပ်ပြီးတော့ သူ့အမေအိမ်ကို ပြန်ရောက်လာပါတယ်။သူ့အမေ စင်ဒီက သူ ငယ်စဉ်ကတည်းက နောက်အိမ်ထောင်နဲ့ ဖြစ်ပြီး ပထွေးဖြစ်သူဖရန့်ကလည်း အရင်တုန်းက နာမည်ကျော် တီးဝိုင်းထဲက ဖြစ်ပါတယ်။ သူ့အမေစင်ဒီက အရက်သမားတစ်ယောက်ဆိုပေမဲ့ အခုတော့ ဖြတ်ထားတာ ၁၅ လလောက်ရှိပြီပြောပါတယ်။ ပထွေးဖြစ်သူ ဖရန့်ကတော့ ဘာအလုပ်မှ မလုပ်ပဲ တစ်နေကုန်အရက်သောက် ပြီးရင် မိန်းမဆူတာ ထိုင်ခံနေတဲ့ ဝတုတ် လူပေလူတေကြီးပေါ့လေ။အဲဒီလိုဆူတယ်ဆိုတာလည်း သူ့အမေ ဖရန့်ကို လက်ထပ်တုန်းက နာမည်ကြီးတီးဝိုင်းထဲကဆိုတော့ မျက်နှာရမယ် ဂုဏ်ရှိတယ် ဆုပေးပွဲတွေ ဘာတွေတက်ရမယ်ထင်ပြီး ယူခဲ့ပြီးမှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တာကိုး။ အဲဒီမှာတင် GJတစ်ယောက် ...
movie

Frank and Cindy (2015)

Worth (2020) 6.8
Worth (2020) Worth (2020)~ IMDb - 6.8/10, Rotten Tomatoes - 82% ~အ​မေရိကန်နိုင်ငံရဲ့ နာမည်ကြီးတိုက်ခိုက်ခံရမှု 9/11 ဖြစ်ရပ်မှန်ကို ​ကျောရိုးယူပြီး Michael Keaton, Amy Ryan နဲ့ Stanley Tucci တို့လို အကျော်အမော်တွေနဲ့ Netflix ကနေ ရိုက်ထားတဲ့ ကားကောင်းတစ်ကားပါ။~ ဇာတ်လမ်းအကျဉ်း ~ကန်တစ်​ယောက် နိုင်ငံ​ရဲ့ ထိပ်သီး ဥပ​ဒေလုပ်ငန်း​တစ်ခုကို ဦး​ဆောင်​​နေရင်း တစ်​​နေ့ 9/11 ဖြစ်စဥ်​ကြောင့် ​လူအမြောက်အများ​သေဆုံးမှုတစ်ခုဖြစ်​​ပေါ်လာခဲ့ပါတယ်။ အစိုးရက နစ်နာသူ​တွေ ​လေ​ကြောင်းလိုင်း​တွေကို တရားမစွဲ​ရေး လုပ်​ဆောင်ဖို့ ​လျော်​ကြေးကိစ္စတစ်ခုနဲ့ ​ဖြေရှင်းဖို့စဥ်းစားမိရင်း အဲဒီအကြံကို​ အောင်‌အောင်မြင်မြင် အ​ကောင်အထည်​ဖော်ဖို့ ​ကန်တစ်​ယောက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။လူတစ်​ယောက်ရဲ့ အသက်တန်ဖိုးကို​ငွေပမာဏဘယ်​လောက်ဆိုပြီး နှိုင်းယှဥ်ပြီး ကန်က ဖော်မြူလာထုတ်ပြလိုက်တဲ့အခါ နစ်နာသူအများစုက မနှစ်မြို့ကြပါဘူး။တစ်​ဖက်မှာလည်း ကန်တို့အဖွဲ့မှားယွင်း​နေတာ​တွေကို ​ထောက်ပြဖို့ ချားစ်ဦး​ဆောင်တဲ့ အဖွဲ့​​ပေါ်​ပေါက်လာပြီး ...
movie

Worth (2020)

2020
Almost Famous(2000) 7.9
Almost Famous(2000) Almost Famous(2000)===================IMDb 7.9 / Rotten Tomatoes 89%"ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါအဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်""အောင်မြင်ကျော်ကြားမှုက အရာရာပဲ""အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ်တင့်တယ်တယ်"ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေးဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲနေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအ​ရေးအသားပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ်ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်းရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကိုနှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်.... File size…2.62GB / 1.5GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 2m Genre ..... Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Almost Famous(2000)

To Leslie (2022) 7.0
To Leslie (2022) ပယင်းရောင် ယစ်ရွှေရည်၊ စူးရှရှ ပြင်းပြပြ၊ မူးယစ်ရီဝေခိုက်မှာ အသူရာတို့ရဲ့ဘုံမှာ ပျော်ဝင်နစ်မြုပ်သွားသလို။ တစ်ခွက်ပြီးရင် နောက်တစ်ခွက်၊ နောက်တစ်ခွက်နောက်မှာ နောက်တစ်ခွက်၊ ပြန်ဖို့အိမ်အသင့်၊ အိပ်ကပ်ထဲမှာ ပိုက်ဆံအပြည့်၊ ကားထဲမ‌ှာ ဆီအပြည့်။သူရာရည်ရဲ့ မဲဆွယ်ကာလ ယစ်မူးချိုမြိန်မှုတွေကုန်ချိန်၊ သူဟာ လမ်းဘေးက အိမ်ယာမဲ့။ စားစရာမရှိ၊ ခေါင်းချစရာမရှိ၊ ခိုလှုံရာနတ္ထိ။ ချစ်လှပါတယ်ဆိုတဲ့ အခြွေအရံတွေရဲ့ ခါးသီးတဲ့စွန့်ပစ်မှုတွေနောက်၊ ဘဝက အောက်ကျခဲ့ပြီလား။လက်စလီ ဟာ တစ်ကိုယ်တည်းသမား သားသည်မိခင်။ ဒေါ်လာနှစ်သိန်းနီးပါး ထီဆုကြေးငွေတွေ အပြည့်အသိပ်နဲ့။ ဘာတဲ့၊ ဘဝပြောင်းမယ့် ပိုက်ဆံတွေတဲ့လား။ တကယ်ပဲ ဘဝပြောင်းသွားတယ်။ လူ့အမှိုက်တစ်ယောက်အဖြစ်ကိုပေါ့။ပိုက်ဆံတွေကို ယစ်ရွှေရည်နောက် တကောက်ကောက်လိုက်ရင်း ချွတ်ခြုံ မွဲပြာကျ၊ လှလှကြီးဒုက္ခရောက်ရသူ။ ၁၃ နှစ်သားလေးကိုစွန့်ပစ်လို့ လောကဒဏ်ရိုက်ချက်တွေကြား အရက်သမားအဖြစ်နဲ့ ဘဝဇာတ်ခုံမှာ ဇာတ်နာလိုက်ပုံများ။ကိုယ့်ကိုဖျက်ခဲ့တဲ့ အရက်ကိုပဲ တမ်းတမ်းတ စွဲလမ်းရသူ လက်စလီ တစ်ယောက်၊ သားဆီကို အပြန်လမ်း၊ သူရာနတ်မင်းရဲ့ ...
movie

To Leslie (2022)

DC League of Super-Pets (2022) 7.8
DC League of Super-Pets (2022)  ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie

DC League of Super-Pets (2022)

The Bad Guys (2022) 7
The Bad Guys (2022) The Bad Guys (2022)ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ်Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August
movie

The Bad Guys (2022)

2022
Spenser Confidential (2020) 6.3
Spenser Confidential (2020) Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသားMark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီးNetflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီးထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File ...
movie
