Channel Myanmar

Marc Menchaca

The Creator (2023)
The Creator (2023) The Creator (2023) ============== IMDb Rating - 7.1/10စက်ရုပ်မျိုးနွယ်ရဲ့ နောက်ဆုံးလက်နက်ကို ရှာပြီး ဖျက်ဆီးဖို့ တာဝန် ပေးခံရတဲ့ လူသားတပ်သားတစ်ယောက်အကြောင်းကို သိပ္ပံစွန့်စားခန်း အက်ရှင်အဖြစ် Godzilla 2014 တို့ Rogue One တို့ရဲ့ ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာပါ။ ခေါင်းဆောင်မင်းသားအဖြစ် TENET ထဲက မင်းသား John David Washington (ဒန်ဇယ် ဝါရှင်တန် ရဲ့သား) က ပါဝင်ထားပါတယ်။ IMDb 7.1 အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း - ထုံးစံအတိုင်း စောင်ပျင်းမျိုးနွယ်ဖြစ်တဲ့လူတွေဟာ ခိုင်းစားဖို့ စက်ရုပ်တွေ တီထွင်ပါတယ်။ ခိုင်းလို့ကောင်း‌အောင် စက်အသိဉာဏ်တွေ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စက်တွေကနေ လူတွေကို လော့စ်အန်ဂျလိမှာ အဏုမြူဗုံးတစ်လုံး ကျဲချလိုက်ချိန်မှာ အရာရာပြောင်းလဲသွားပါတော့တယ်။ ကမ္ဘာ့အနောက်ခြမ်း တစ်ခုလုံးက အသိဉာဏ်ရှိစက်ရုပ်တွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ တပ်ပေါင်းစု ကြီးဖြစ်လာပြီး၊ အာရှသစ်လို့ခေါ်တဲ့ အရှေ့ပိုင်းမှာတော့ လူတွေနဲ့ စက်တွေ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့ လူတွေအားလုံးကို အပြီးသတ် ရှင်းပစ်နိုင်မဲ့လက်နက်တစ်ခုကို ...
movie

The Creator (2023)

2023
4K HEVC
Sick (2022) 6.3
Sick (2022) Sick (2022)IMDb 6.3/10 ရထားတဲ့ Horror/Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ...ပါကာနဲ့ မီရီဆိုတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက် ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်း ကွာရန်တင်းဝင်ဖို့အတွက် လူသူကင်းမဲ့တဲ့ ပါကာ့မိသားစုပိုင် ရေကန်နားကအိမ်ကြီးဆီ သွားနေလိုက်ကြပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားတဲ့ၔည့်သည်တွေရောက်လာကြပြီး ပါကာတို့ကိုသတ်ဖို့ကြိုးစားတဲ့အခါ ...ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မနေတာကြောင့် မိန်းကလေးနှစ်ယောက် လူသတ်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ? သူတို့ကိုရော ဘာကြောင့်လိုက်သတ်နေကြတာဖြစ်မလဲ?Teenwolf ထဲက Liam အဖြစ်ပါခဲ့တဲ့ Dylan Sprayberry ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။)File Size          : 1GB, 404MBB, 212MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie

Sick (2022)

2022
The Retaliators (2021)
The Retaliators (2021) The Retaliators (2021)~ Rotten Tomatoes - 88% ~ခရစ်စမတ်ကလည်း တဖြည်းဖြည်းနီးလာလေတော့ ပြုံထွက်လာတဲ့ ချိုချိုမြမြ ခရစ်စမတ်ကားတွေကိုကြည့်ရင်း အီစိမ့်နေလောက်ကြရောပေါ့။ ဒီတော့ သွေးထွက်သံယို ခရစ်စမတ်ကားလေး တစ်ဖြတ် ကြည့်လိုက်ကြပါဦး။ဂျွန်ဘစ်ရှော့ဆိုတဲ့ သင်းအုပ်ဆရာဟာ ဆာရာနဲ့ ရေဘက္ကာအမည်ရ သမီးနှစ်ယောက်နဲ့အတူ နေထိုင်တဲ့ တစ်ခုလပ်ဖခင် တစ်ယောက်ပါ။ ခရစ်စမတ်ကာလဖြစ်လို့ သမီးကြီးဖြစ်သူ ဆာရာက ပါတီကို သွားချင်ပါတယ် ပူဆာတာကို ခွင့်ပြုမိရာကစလို့ ဒီအနိဌာရုံတွေ စတင်ပါတယ်။ဆာရာ့ကို ပါတီလွှတ်လိုက်တဲ့ညမှာပဲ သမီးဖြစ်သူဆီက စိုးရိမ်တကြီးနဲ့ လူလိုက်ခံနေရပါတယ်ဆိုပြီး ဂျွန့်ဆီကို ဖုန်းဝင်လာခဲ့ပြီး အဲဒီညမှာပဲ သင်းအုပ်ဆရာကြီးဟာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဂျက်ဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပြီး သမီးဖြစ်သူ ဆာရာသေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း သိလိုက်ချိန်မှာတော့ ဂျွန်ဟာ ဒီကိစ္စကို စုံစမ်းရင်း ထူးဆန်းတဲ့ အခြေအနေတွေနဲ့ပါ ကြုံလာရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy ...
movie

The Retaliators (2021)

2021
9 Bullets (2022)
9 Bullets (2022) 9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie

9 Bullets (2022)

2022
No One Gets Out Alive (2021) 6.0
No One Gets Out Alive (2021) No One Gets Out Alive (2021)=====================IMDb Rating - 6.0/10ဒီ horror ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ အမ်ဘာလို့ ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူက ရည်မှန်းချက်အိပ်မက်တွေနဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အကောင်အထည်ဖော်ဖို့နှေးကွေးခဲ့ရတယ်။ အမ်ဘာဟာ သူ့အနာဂတ်အတွက် ကြံစည်ရင်း တရားမ၀င်မှတ်ပုံတင်နဲ့ အမေရိကန်ကို ရောက်လာခဲ့ပြီးမိန်းကလေးအဆောင်တစ်ခုမှာ နေဖို့ ဖြစ်လာခဲ့တယ်။ အဆောင်ပိုင်ရှင်ကလည်း ထူးဆန်းတဲ့ အဘိုးကြီးတစ်ယောက် အိမ်ကလည်း သိပ်ကောင်းမနေလှတဲ့ အိမ်အိုအိမ်‌ဟောင်းတစ်လုံးပေမဲ့ တရားမ၀င်နေထိုင်သူဖြစ်တဲ့ အမ်ဘာအဖို့ ‌ရွေးချယ်စရာမရှိလှပေ။အဲ့ထက်ဆိုးသည်မှာ အဲ့အိမ်ကိုရောက်လာတဲ့သူတိုင်းဟာ အိမ်မက်ဆိုးတွေ မက်လေ့ရှိပြီး . ပရလောကသားတွေကိုလည်းထင်ယောင်ထင်မှားသလိုလို . တကယ်မြင်တွေ့ရသလိုလိုတွေနဲ့ ခဏခဏကိုတွေ့မြင်နေရတာပေါ့။ နောက်ပြီး ဒီအိမ်ကြီးရဲ့ထူးဆန်းမှုတွေ အဆောင်ပိုင်ရှင်အဘိုးကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အမ်ဘာတစ်ယောက် တစ်စတစ်စသိလာခဲ့ပြီးနောက်ပိုင်းမှာ အမ်ဘာတစ်ယောက် ဒီအိမ်ကြီးထဲက ထွက်ပြေးဖို့ ကြိုးစားပုံတွေကိုပြသရင်း တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တတ်အောင် ဆွဲခေါ်သွားနိုင်တဲ့ Mystery/Horror ...
movie

No One Gets Out Alive (2021)

2021