Channel Myanmar

Marceline Hugot

Which Brings Me to You (2024) 5.6
Which Brings Me to You (2024)  အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ်ဇာတ်လမ်းလေးတွေရှိကြမှာပါ...။အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင်ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင်မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်းစိုးထိတ်သွားရလေ့ရှိတယ်တဲ့။ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ်သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းကအရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီးတစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့...။တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာစိတ်ကူးမိကြပါသတဲ့။သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းကတစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့....အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှသဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ...။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Which Brings Me to You (2024)

Our Idiot Brother (2011) 6.4
Our Idiot Brother (2011)  ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Our Idiot Brother (2011)

Julie & Julia (2009) 7
Julie & Julia (2009) Julie & Julia (2009)တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie

Julie & Julia (2009)

2009
The Oranges (2011) 5.8
The Oranges (2011) The Oranges (2011)CM ပရိသတ်တို့ရဲ့အချစ်တော် ဒေါက်တာဂွစာကြီး ဟောက်စ်ကို နောက်ကာရိုက်တာတစ်မျိုးနဲ့ မြင်ရမယ့်ကားလေးပါဇာတ်လမ်းအကျဥ်းကတော့ နယူးဂျာဆီပြည်နယ်က Orange ဆိုတဲ့မြို့နယ်လေးမှာနေထိုင်တဲ့သိပ်ကိုခင်မင်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်စုရှိပါတယ်မိသားစုနှစ်စုက သမီးဖြစ်သူ နီနာနဲ့ ဗန်နက်ဆာတို့ဆိုလည်း ငယ်ငယ်ကအရမ်းခင်ခဲ့ကြပြီးအထက်တန်းရောက်မှ နီနာကဗန်နက်ဆာ့ကိုပလစ်ပြီး ကျောင်းကအလန်းဇယားကောင်မလေးအဖွဲ့နဲ့သွားပေါင်းခဲ့တာပါနီနာဆိုတဲ့ကောင်မလေးက မိဘအပေါ်လည်း ဂျစ်ကန်ကန်နဲ့ ကလန်ကဆန်လုပ်၊ ကောင်လေးတွေလည်းထည်လဲတွဲပြီးသူ့အသက်၂၄နှစ်အရွယ်မှာ မိဘသဘောမတူတဲ့အီသန်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့လုပ်ပြီးအီသန်ကသူ့အပေါ်သစ္စာဖောက်သွားမှ မိဘအိမ်ပြန်လာတာပါအိမ်ပြန်ရောက်တော့လည်း နီနာဆိုတဲ့ အမွှေစိန်လေးက အငြိမ်မနေပါဘူးသူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ချ်ကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦးစာကြွင်း - ဒီထဲမှာ ဒေါက်တာဟောက်စ်ရဲ့ကာရိုက်တာက ဟောက်စ်လိုမျိုး ဇွတ်တရွတ်နိုင်တယ်လို့ပြောလို့ရပေမယ့် ဟောက်စ်လိုခေါင်းမာတဲ့လူကြီးမဟုတ်ဘဲ သိပ်ကိုသဘောမနောကောင်း လိုက်လျောတတ်တဲ့လူကြီးအဖြစ် တွေ့ကြရမှာပါအပေါ်မှာပြောခဲ့တဲ့ဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်  Translated by MTAEncoded by YKFile Size : 1.58GB and 791MBQuality : 1080p Blu-Ray H264 ...
movie

The Oranges (2011)

Blow the Man Down (2019) 6.3
Blow the Man Down (2019) ၂၀၁၉ ခုနှစ်ထွက်ထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 6.3 ရထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားမျိုးလေးပါအီစတာကုဗ်လို့ခေါ်တဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာအမျိုးသမီးများစွာနေထိုင်ပြီး အမျိုးကောင်းသားတစ်ချို့သာရှိပါတယ်ပရစ်စ်ဆယ်လာနဲ့မယ်ရီဘတ်တို့အမေဟာ သမီးနှစ်ယောက်ကိုအပေါင်ဆုံးအိမ်နဲ့အကြွေးများစွာနဲ့ထားခဲ့တာကိုသိရလို့စိတ်ထိခိုက်တဲ့ မယ်ရီဘတ်တစ်ယောက် အစ်မဖြစ်သူနဲ့စကားများပြီးမြို့ပေါ်ကလူမဟုတ်တဲ့လူတစ်ယောက်နဲ့ ထိုညမှာသွားလာရင်းထိုလူရဲ့ကား‌နောက်ဖုံးထဲမှ တန်ဆာပလာနဲ့သွေးစက်များကိုတွေ့လို့ အကြောက်ကြီးကြောက်ထွက်ပြေးရာမှ ထိုလူကိုမတော်တဆသတ်လိုက်မိတယ်..အစ်မဖြစ်သူနဲ့နှစ်ယောက်ခေါင်းချင်းဆိုင်ပြီးနောက်ဆုံးမှာ ပင်လယ်ထဲမှာလက်စဖျောက်ဖို့အကြံအစည်ကိုအကောင်အထည်ဖော်ခဲ့ကြတယ်တိုက်တိုက်ဆိုင်ဆိုင် ထိုညပြီးနောက်တစ်နေ့ မြို့ပေါ်ကပြည့်တန်ဆာအိမ်မှကလေးမတစ်ယောက်အလောင်းဟာကမ်းစပ်မှာအသတ်ခံထားရတာကို ရဲများလိုက်လံစုံစမ်းနေပါတယ်..သူတို့စုံစမ်းရင်းနဲ့ဘယ်လိုလျို့ဝှက်ချက်တွေတွေ့ရှိကြမလဲ...အရမ်းကြီးကောင်းတဲ့ကားထဲမပါပေမယ့်စိတ်ဝင်စားပြီးဇာတ်လမ်းခေါ်တဲ့နောက်ပါသွားမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ် File Size : ( 856 MB , 267 MB) Quality : WEB-DL 720p Running Time : 1 hr 31 min Format : Mp4 Genre : Comedy , Drama , Mystery Subtitle : Myanmar Subtitle (Hard ...
movie

Blow the Man Down (2019)

United 93 (2006) 7.6
United 93 (2006) 9/11 ကိစ္စ ကို မှတ်မိကြအုံးမယ် ထင်ပါတယ် အမေရိကန် လေကြောင်းလိုင်းက လေယဉ် (၄) စီးအား အနုကြမ်းစီးကာ အမေရိကန်နိုင်ငံ ရဲ့ လူနေထူထပ်ပြီး တန်ဖိုးရှိတဲ့ နေရာတွေကို အသေခံ မောင်းချတိုက်ရန် စစ်သွေးကြွ အကြမ်းဖက်သမားများ က အကွက်ချ စီစဉ်ခဲ့တဲ့ ကိစ္စပါ... ဒီလေယဉ်တွေထဲမှာ United Flight 93 ခရီးသယ်တင် လေယဉ်ကြီး လဲ ပါဝင်ခဲ့ပါတယ်.... ဒီရုပ်ရှင်ကား ဟာ အကြမ်းဖက်ခံရတဲ့ လေယဉ် အမှတ် ၉၃ ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီး ခရီးသယ်များ ရဲ့ ဖုန်းအဆက်အသွယ် ပိုင်းလော့တွေ ရဲ့ သတင်းပို့ချက်တွေ အပေါ် ကိုးကားရိုက်ကူးထားတာဖြစ်ပါတယ် ရင်ထိတ်သည်းဖို ကြည့်ရှုရမှာ ဖြစ်ပြီး ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ ညို့မျက်ဝန်း ဖြစ်ပါတယ် Thit San Khant က Encode ၍ တင်တက်ပေးထားပါတယ်
movie

United 93 (2006)

2006
The Messenger(2009) 7.1
The Messenger(2009) The Messenger(2009)IMDb.....7.1,,,,,,Rotten.......89%စစ်ကားဟေ့ဆိုလျှင်  BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYANတို့လို  ကျည်ဆံသံတဝီဝီ  အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့  ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို အားမွေးရပါတယ်....ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့်Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ... WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်....အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် ...အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်...အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ  ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်....သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်...သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်...တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်...သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်...ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်...ဘာအလုပ်ဆိုတာရယ် ...ဘယ်လိုတွေ တွေ့ကြုံရမယ်ဆိုတာရယ်တော့ စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး...သို့ပေမယ့် စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့ ဒီကားကိုကြည့်စေချင်တယ်....ခင်ဗျားတို့အတွက် ရုပ်ရှင်ကားကြည့်ရတာ အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ ဒီကားလည်း စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်...ဒီကားက ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက် အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို  အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye ...
movie

The Messenger(2009)

2009
Tully (2018) 7.0
Tully (2018) Tully (2018) IMDb - 7.0/10_____Rotten - 87%   ကဲ အခုမိတ်ဆက်ပေးမှာကတော့ Mad Max, Atomic Blonde, Snow White and the Huntsman တို့အပြင် Fate of the furious အစရှိတဲ့ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Charlize Theron အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Drama ကားအသစ်လေးပါအကြမ်းအရမ်းပိုင်တဲ့ ထိုမင်းသမီးဟာ ဒရမ်မာကိုလည်း ရှယ်ပိုင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မာလိုတို့ မိသားစုလေးမှာ ရှစ်နှစ်အရွယ် သမီးကြီးဆယ်ရာရယ်အော်တစ်ဇင်ဖြစ်နိူင်ချေရှိတဲ့ သားလတ် ဂျိုနာရယ်အလုပ်အမြဲရှုပ်ပြီး ခရီးတွေခဏခဏထွက်ရတဲ့ ခင်ပွန်းသည်ဒရူးတို့ပါဝင်ပါတယ်မရည်ရွယ်ပဲ တတိယကိုယ်ဝန်ရရှိပြီး သမီးထွေးလေး မီယာကို မွေးဖွားပြီးတဲ့အခါမှာတော့ မာလိုတစ်ယောက် နေ့တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရရှာပါတယ်...မာလိုရဲ့ မောင်ပေးတဲ့ အကူအညီနဲ့အတူ တယ်လီလို့ အမည်ရတဲ့ ညကလေးထိန်းတစ်ယောက် သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့...အမြဲတမ်းပျော်ရွှင်တက်ကြွပြီး ဗဟုသုတကြွယ်တဲ့ တယ်လီကြောင့် မာလို့ဘဝလေး ပြန်စိုပြေလာပါတော့တယ်..ဒါပေမယ့် တယ်လီဆိုတာက...Plot Twist အကြီးကြီးပါဝင်ပြီး မိခင်တစ်ယောက်ရဲ့ဘဝဟာ ...
movie

Tully (2018)

2018