Channel Myanmar

Margaret Newborn

La La Land (2016) 8.4
La La Land (2016) (သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie

La La Land (2016)

2016
4K HEVC
Moneyball(2011) 7.6
Moneyball(2011) Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း  ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို  အားကစားလောကရဲ့  အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့  Tinnilar Lwin ...
movie

Moneyball(2011)

2011