Channel Myanmar

Marie Mouté

Promises (2022) 5.3
Promises (2022) Promises (2022)အချစ်ဦး....အချစ်ဆုံး....ဖူးစာဒီသုံးမျိုးလုံးကို ချစ်​သောသူ တစ်ဦးတည်းနဲ့ ​သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ​ကောင်းကင်​ပေါ်က အပ်တစ်​စင်းနဲ့ ​မြေ​ပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံ​​ကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ....အလက်ဇန်းဒါးဆိုတဲ့ ကိုယ်က​တော့ အချစ်​ပေါသူလို့ပဲ ဆိုရမလား၊ ​နဖူးမှာ ဖူးစာ​ရေးထိုးမထားဘဲ ချစ်​​သောသူနဲ့ ကွဲ​စေသတည်းလို့များ မှတ်​ကျောက်တင်ထား​​လေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ​ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူ​ပေါ့....- လူမှန်​ပေမယ့် အချိန်မတန်ခဲ့သူ... - လူ​ရော၊အချိန်​ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမ​ပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သ​ဘော​တွေ့ပြီး မ​နော​ခွေ့​နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါ​လောက် အလိုလိုက်​ပေးရင် အမိုက်​စော်ကားမယ့် လူဖြစ်​နေလို့လား....အချိန်တန်ခဲ့​ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ ​တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်​လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရ​စေလို့ ရှိကြီးခိုး ဆု​တောင်းမိပါရဲ့... ခု​တော့ ​နောက်ကျသွားခဲ့ပြီ"ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်​ပေါင်းဘယ်​​လောက်ကြာတတ်လဲ" ​အောင်ချိမ့်အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ...
movie

Promises (2022)

2022