Channel Myanmar

Marili Kateri

Aurora: A Love Story (2023) 5.5
Aurora: A Love Story (2023)  ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေတရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင်၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ”အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြားမိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီးလှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကိုလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာမကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါးပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကိုသိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကိုပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။  File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Aurora: A Love Story (2023)

Safety(2020) 7.0
Safety(2020) Safety(2020)အညွှန်း******************IMDb....7.0ဇာတ်လမ်းအမည်က Safety...Safety ဆိုတာကAmerican Football မှာ တိုက်စစ်ဆင်သမားကို သူတို့ရဲဲ့ဧရိယာထဲမှာခံစစ်သမားက ဆွဲလှဲချနိုင်ပြီးခံစစ်အသင်းအတွက်အမှတ်ယူပေးနိုင်သူဖြစ်ရာတစ်နည်းအားဖြင့်ဆိုသော်  အဓိကနေရာမှာကစားရတဲ့ နောက်တန်းခံစစ်သမားဖြစ်ပါတယ်..ဇာတ်လမ်းထဲမှအဓိကသရုပ်ဆောင်ဖြစ်တဲ့ Ray Ray McElrathbey ဟာ Clemson University မှာတက်ရောက်နေတဲ့ကျောင်းသားအားကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာသူကSafetyနေရာက ကစားသူဖြစ်ပါတယ်..ကျောင်းသားအားကစားသမားတစ်ဦးအနေနဲ့ လိုက်နာရမယ့်စည်းကမ်းချက်ကအတော်များပါတယ်..ငွေကြေးအပါအဝင် တစ်ခြားပြင်ပအကူအညီမျိုးယူမိတာနဲ့ ကစားသမားဘဝမှအပြင် စကောလားရှစ်အခွင့်အရေးပါ ဆုံးရှုံးသွားနိုင်ပါတယ်.....Ray မှာညီလေးတစ်ယောက်ရှိပြီး သူတို့အမေကမူးယစ်ဆေးကြိုးစားဖြတ်နေတဲ့ အတောအတွင်းညီလေးကိုလည်း မိဘမဲ့ဂေဟာမရောက်စေချင်တဲ့အတွက် သူခဗျာ ကြိုးစားရပါတယ်..ဒီလိုအခက်အခဲပေါင်းစုံကို သူကျော်ြဖတ်နိုင်ပါ့မလားဆိုတာကိုတော့...ဒီကားက ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး တော်တော်လည်းကြည့်လို့ကောင်းပါတယ်..Cast တွေလည်းအားကောင်းလှသလိုတခန်းတနားကို ရိုက်ကူးထားတာမို့ ကြည့်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်....File Size :(2.1GB) and (1.09GB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:59:00 Genre :  Biography, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo ...
movie

Safety(2020)