Channel Myanmar

Mark Dacascos

The Lost Medallion: The Adventures of Billy Stone (2013)
The Lost Medallion: The Adventures of Billy Stone (2013) The Lost Medallion : The Adventures of Billy Stone [2013] ( IMDb 4.8/10, RT 52%)ဒန်နီရယ်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ သွားရင်း မစ္စဆယ်လီ့အိမ်က မိဘမဲ့တွေအတွက် ပစ္စည်းပစ္စယတွေ လမ်းကြုံသွားပို့ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့နေ့ဟာ ကလေးတွေအတွက် ပုံပြင်ပြောပေးနေကျ အမျိုးသမီး နာမကျန်းနေတာကြောင့် ပုံပြောတာဝန်ဟာ ဒန်နီရယ့်အပေါ် ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာပါတော့တယ်... ဒီလိုနဲ့ ဒန်နီရယ်ဟာလည်း ဘောလုံးပွဲကို ကြည့်ချင်သော်ငြား မိဘမဲ့ကလေးတွေရဲ့ စိတ်ဆန္ဒကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးလိုတာကြောင့် ပုံပြင်ပြောပေးဖို့ ရွေးချယ်လိုက်ပါတော့တယ်... ဒန်နီရယ်ဟာ ပုံပြောနေကျသူ မဟုတ်တာမို့ မိဘမဲ့ကလေးတွေဖြစ်ကြတဲ့ ဆွမ်းသွမ်းတဲ့ ဟူကို၊ ဘုရားသခင်ကို မေးခွန်းထုတ်နေတဲ့ အယ်လီ နဲ့ ဉာဏ်ကောင်းပါလျက် လူတောမတိုး နှုတ်ဆိတ်နေတဲ့ ဘီလီတို့ကို အခြေတည်ပြီး အက်ရှင်အပြည့်နဲ့ စွန့်စားခန်းတွေပါတဲ့ မှော်ဝင်လည်ဘယက် ရှာပုံတော်ကြီးအကြောင်း ပြောပြပါတော့တယ်... ဒန်နီရယ်ပြောပြတဲ့ ပုံပြင်အကြောင်းနဲ့ ဒီထဲက သင်ခန်းစာတွေကို ပရီတ်သတ်တို့ ကိုယ်တိုင် ရှုစားလိုက်ကြပါဦးနော်အညွှန်း ...
movie

The Lost Medallion: The Adventures of Billy Stone (2013)

2013
Knights of the Zodiac (2023)
Knights of the Zodiac (2023) Knights of the Zodiac (2023)စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းသမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို ...
movie

Knights of the Zodiac (2023)

2023
Run & Gun (2022) 5.1
Run & Gun (2022) Run and Gun (2022)မင်ဒဲလားသက်ရောက်မှု(Mindela effect) ဆိုတာ ကြားဖူးပါသလား မင်ဒဲလားက ထောင်ထဲမှာပဲ ၁၉၈၀ ခုနှစ်မှာသေဆုံးသွားတယ်လို့ လူသန်းပေါင်းများစွာက ယုံကြည်ကြတယ်တဲ့ ဒါပေမဲ့ မင်ဒဲလားက အမှန်တကယ်မှာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတပါဖြစ်ခဲ့ပါသေးတယ် လူတွေအဲ့လိုအထင်မှားကြတာက ကောလဟာလကြောင့်လဲဖြစ်နိုင်သလို နောက်သီအိုရီတစ်ခုက ကျွန်တော်တို့စကြာဝဠာကြီးက ‌အပြိုင်ယူနီဗာ့စ်တစ်ခုအဖြစ်ကွဲထွက်သွားပြီး အဖြစ်အပျက်တွေက ကွဲပြားနေရတာပါတဲ့ ကျွန်တော်အခုရေးပြနေတာတွေက ခုဇာတ်ကားရဲ့ plot နဲ့ ဘာမှမဆိုင်ပါဘူး ဇာတ်လမ်းက အရင်ကဆိုးသွမ်းခဲ့တဲ့လူမိုက်ကြီးတစ်ယောက်က မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာပဲ အထုပ်တစ်ခုကိုသွားယူဖို့ လူမိုက်ဆရာကြီးတစ်ယောက်က လာခိုင်းစေပါတော့တယ် အဲ့မှာသောက်တလွဲတွေ ပြသနာတွေပေါင်းစုံနဲ့ အဲ့အထုပ်ထဲပါတာက မင်ဒဲလားသက်ရောက်မှုကို သက်သေပြနိုင်မဲ့အရာလားဘာလား စသည်ဖြင့် မရိုးရအောင်ကြည့်ရှုရမှာပါEntertainment ဖြစ်တဲ့ အပစ်အခတ်အက်ရှင်တွေလဲ ပါမယ် ကောင်းဘွိုင်အထာ ကန္တာရထဲ မိုက်ကြရမ်းကြတာတွေလဲပါမဲ့ ဒီဇာတ်ကားလေးက စိတ်အပန်းဖြေကြည့်ရှုဖို့အတွက်တော့ ကောင်းမွန်မှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynnပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 792MB | 343MB Format… ...
movie

Run & Gun (2022)

2022
Blade of the 47 Ronin (2022)
Blade of the 47 Ronin (2022) The Blade of the 47 Ronin (2022)ဒီကားလေးကတော့ ဆာမူရိုင်းတွေ၊ နင်ဂျာတွေကို သဘောကျတဲ့သူတွေအတွက် ကြည့်ကောင်းမယ့်ကားလေး တစ်ကားပါ။ ရှေးခေတ်က ဆာမူရိုင်းတွေကို ဒီဘက်ခေတ်အနေအထားနဲ့ ယှဉ်ရိုက်ပြထားတာ ဖြစ်ပြီးတော့ မင်းသားကြီး Keanu Reeves ရဲ့ နာမည်ကျော် (47) Ronin ရဲ့ spin-off ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သဘောတရားကတော့ ယူရေဆိုတဲ့ စုန်းမျိုးနွယ် တစ်ယောက်ဟာ ရိုနင်(၄၇)ယောက်ရဲ့ မျိုးဆက်ကို ဖြတ်ပစ်ပြီး ဆာမူရိုင်းတွေ အားလုံးကို ရှင်းပစ်ချင်နေသူပါ။ ယူရေကိုတားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ဟာ ထန်ဂူဓားကို ကိုင်ဆွဲပြီး ယူရေကို သုတ်သင်ဖို့ပဲ ဖြစ်ပါတယ်။ ထန်ဂူဓားဆိုတာတော့ အင်မတန်စွမ်းအားကြီးတဲ့ ဓားဖြစ်ပြီး စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကို ပေါင်းစည်းမှသာ ရလာနိုင်မယ့် ဓားပါ။ ဒီတော့ ဆာမူရိုင်းတွေ အနေနဲ့ ရိုနင်(၄၇)ယောက်ရဲ့ နောက်ဆုံးမျိုးဆက်ကို ရှာတွေ့နိုင်ပါ့မလား၊ စုန်းဓားနဲ့ စစ်သည်တော်ဓားနှစ်လက်ကိုရော ယူရေထက်အရင် ရှာတွေ့ပါ့မလား စုန်းမျိုးနွယ် ယူရေကိုရော ...
movie

Blade of the 47 Ronin (2022)

2022
John Wick: Chapter 3 – Parabellum (2019) 7.5
John Wick: Chapter 3 – Parabellum (2019) John Wick: Chapter 3 – Parabellum (2019) IMDb - 7.5/10_____Rotten - 90%Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ...  (function(f,b,n,j,x,e){})();  File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre :  Action, Crime, Thriller  Subtitle : Myanmar ...
movie

John Wick: Chapter 3 – Parabellum (2019)

2019
HEVC 1080p 5.1
Brotherhood of the Wolf (2001) 7.0
Brotherhood of the Wolf (2001) IMDb Rating (7.0) / Rotten Tomatoes (73%)ပြင်သစ်နိုင်ငံရဲ့ ဝေးလံတဲ့ပြည်နယ်တစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါဆိုးကြီးတစ်ကောင်သောင်းကျန်းလျက်ရှိပါတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေတဲ့ ဒီသတ္တဝါကြီးဟာအကောင်အထည်မမြင်ရ၊ အင်အားကြီးမားလွန်းပြီး လူသားတွေလိုထက်မြက်တဲ့ဉာဏ်ရည်မျိုးကိုပါ ပိုင်ဆိုင်နေတဲ့အတွက် ဘယ်သူမှမနှိမ်နင်းနိုင်သလို ဖမ်းဆီးမှုလက်ကလဲ အစဉ်တစိုက်၊ လွတ်မြောက်နေခဲ့တဲ့နောက် ဘုရင်လူးဝစ်ဟာ နာမည်ကျော် သိပ္ပံသဘာဝလောကဓာတ်ပညာရှင်တစ်ဦးနဲ့သူ့သွေးသောက်ညီအစ်ကို အီရိုကွားမျိုးနွယ်ဝင်တစ်ဦးတို့ကိုစေလွှတ်ပေးခဲ့ပါတယ်။ သူတို့ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာတွေနဲ့ ဒီသတ္တဝါကိုလက်ရဖမ်းဆီးဖို့နည်းလမ်းပေါင်းစုံ တွေးတောကြံဆခဲ့ပေမယ့် ဒီသတ္တဝါဟာ ဘယ်သူမှစဉ်းစားမထားနိုင်၊ မမျှော်လင့်နိုင်တဲ့ ဇစ်မြစ်၊ နက်ရှိုင်းတဲ့ အကြောင်းရင်းခံတွေရှိနေခဲ့တဲ့အခါ..။ဒီဇာတ်ကားဟာ သမိုင်းကြောင်း၊အက်ရှင်၊ သည်းထိတ်ရင်ဖို အစရှိတဲ့မတူညီတဲ့ အမျိုးအစားတွေပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်သလို စုံထောက်ကားကောင်းတစ်ကားကိုကြည့်နေရတဲ့ရသမျိုးကိုပါထပ်လောင်းခံစားရစေမှာလဲအသေအချာဖြစ်ပါတယ်၊ ဒီထက်ပိုပြောရင် ဇာတ်အရသာကိုထိခိုက်နိုင်မှာဖြစ်တဲ့အတွက်မပြောတော့ပါဘူး။ပြင်သစ်ကားဆိုပေမယ့် ကမ္ဘာရုပ်ရှင်လောကနဲ့မစိမ်းတဲ့သရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး အထူးခြားဆုံးပါဝင်သူတွေကတော့ အလှထိပ်ခေါင်တင်မမကြီး Monica Bellucci ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပါရာရာဝေးမင်းသားလို့ လူသိကြတဲ့ Mark Dacascos တို့ပဲဖြစ်ပါတယ်။တန်းမြင့် production values, ခမ်းနားတဲ့ရင်သပ်ရှုမောစရာရှေးခေတ်ပြင်သစ်ပြည်ရဲ့ ရှုမျှော်ခင်းတွေ၊ ရဲတိုက်ကြီးတွေနဲ့သေသပ်လှပတဲ့ cinematography တွေနဲ့သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်၊ ဒါရိုက်တာရဲ့အားကောင်းတဲ့ စီစဉ်ညွှန်ကြားမှုတွေဟာ မချီးကျူးပဲမနေနိုင်စရာဖြစ်သလို၊ စီးပွားရေးအရကော အနုပညာအရပါအောင်မြင်မှုရခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ခန်းတွေနဲ့ ဆောင်ကြာမြိုင်တွင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်တော့ မိသားစုနဲ့ကြည့်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ File ...
movie

Brotherhood of the Wolf (2001)

Batman: Soul of the Dragon (2021) 5.9
Batman: Soul of the Dragon (2021) Batman: Soul of the Dragon (2021)==========================IMDb Rating - 5.9/10ဒီနေ့တော့ DC ရဲ့ ငဘတ်ဖန်တွေအတွက် ၂၀၂၁ထွက်အသစ်စက်စက် ကားလေးလာပါပြီ။ ငယ်ငယ်ရွယ်ရွယ်ငဘတ်လေးကို ဒီကားလေးထဲမှာတွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးက နန္ဒာပါဘတ်လို့ခေါ်တဲ့ဂျပန်ကလျှို့ဝှက်ဘုန်းကြီးကျောင်းက ဆရာတော်အိုဆီမှာကိုယ်ခံပညာသင်ဖို့  ငဘတ်ကလာခဲ့တာပေါ့။ ဆရာတော်အိုဆီမှာက ငဘတ်အပါဆိုရင်တပည့်က ခြောက်ယောက်တောင်ရှိပြီး ငဘတ်ကအငယ်ဆုံးလေးပေါ့။ မိသားစုဆိုရင်လျှို့ဝှက်ချက်မထားရဘူးလို့ပြောတဲ့ဆရာကကျောင်းထဲမှာရှိတဲ့ဂိတ်တံခါးအကြောင်း တစ်ခါမှမပြောပြဘူးရယ်။ ဒီတော့ စပ်စုစိန်တပည့်မတစ်ယောက်ကအငြိမ်မနေနိုင်ပဲဂိတ်တံခါးကို သွားဖွင့်ကြည့်လိုက်မိတဲ့အတွက်ကြောင့် ဆရာလည်းသေသွားတာပေါ့။ ဆရာသေပြီးနောက် နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာ ဂျက်ဖာရီဘားရ်ဆိုတဲ့လူတစ်ယောက်က အဲ့ဂိတ်တံခါးကိုနောက်ထပ်တစ်ကြိမ် ထပ်ဖွင့်ဖို့ ကြိုးစားလာတဲ့အခါမှာတော့..........ဘာဖြစ်မလဲဆိုတာကိုတော့ထုံးစံအတိုင်းလေးကိုယ့်ဘာသာပဲကြည့်လိုက်တော့နော် . . .Soul of the Dragon ဆိုတဲ့ အတိုင်း . နဂါးပုံရိပ်တွေပါပါမယ် . မြန်မာတွေရဲ့ နဂါးလို့ပြောလို့ရမယ့် နဂါးပုံရိပ်တွေလည်း ဒီကားထဲမှာတွေ့မြင်ရပါမယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie

Batman: Soul of the Dragon (2021)

2021
One Night in Bangkok (2020) 4.5
One Night in Bangkok (2020) ကိုင် ဆိုတဲ့လူဟာ စစ်တပ်ထွက် ပင်စင်စားတစ်ယောက်ဖြစ်ပြီးမကြာသေးခင်ကမှ သမီးဖြစ်သူနဲ့ သူတို့မိသားစုကိုယာဉ်တိုက်မှုတစ်ခုမှာ ဆုံးရှုံးလိုက်ရသူပါ ဒီလိုနဲ့ လအနည်းငယ်ကြာတဲ့အခါမှာ ကိုင်တစ်ယောက် ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးဖာ လို့ခေါ်တဲ့အမျိုးသမီးလေးတစ်ဦး မောင်းတဲ့တက္ကစီကို ငှားပြီးတဲ့နောက်မှာနောက်ထပ်နေရာငါးနေရာကို ဆက်သွားဖို့ ကိုင်က ဖာကိုကမ်းလှမ်းပါတယ်ဖာက ကမ်းလှမ်းချက်ကို လက်ခံမှာလား ကိုင် မိသားစုရဲ့မတော်တဆမှုနဲ့ ဒီတက္ကစီယာဉ်မောင်းမလေးနဲ့ ဘယ်လိုပတ်သက်နေမလဲအဲ့ဒီနေရာငါးနေရာကရော ဘာ‌ကြောင့်သွားမှာလဲစသဖြင့် အကြောင်းအရာပေါင်းများစွာကို အက်ရှင်မင်းသားဟောင်းMark Dacascos သရုပ်ဆောင်တဲ့ One Night in Bangkok မှာ ပီပြင်စွာကြည့်ရှူရမှာ ဖြစ်ပါတယ် File Size : ( 980 MB , 361 MB) Quality : WEB Rip 720p Running Time : 1 hr 45 min Format ...
movie

One Night in Bangkok (2020)

Lucky Day(2019) 5.0
Lucky Day(2019) Lucky Day(2019)ရက်ဒ်ဟာ ဘဏ်ဖောက်မှုနဲ့ ထောင်နှစ်ရှည်ကျနေရာက‌‌ေန လျော့ရက်နဲ့ လွတ်လာတဲ့ သော့ဝိဇ္ဇာတစ်ယောက်ပဲ ဖြစ်ပါတယ်....ထောင်က လွတ်ပြီး အသိတရားရတာကြောင့် ချစ်ဖို့ကောင်းပြီး သစ္စာရှိတဲ့ ဇနီးလေးနဲ့ ချစ်စရာ သမီးလေးဆီကို ပြန်ပြီးအေးချမ်းသာယာတ‌ဲ့ ဘ၀လေးကို တည်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်. ...ဒါပေမယ့် ကံဆိုးစ‌ွာပဲ ဘဏ်ဖောက်တုန်းက ဖြစ်ခဲ့တဲ့ ရန်ညှိုးကြောင့် အလွန်တရာ ရက်စက်တဲ့ စိတ္တဇ လူသတ်သမား လက်စ်ဟာလက်စားချေဖို့ သူ့ဆီလာခဲ့တဲ့အခါမှာတော့...ဒီကားက ကလေးတွေမကြည့်သင့်ပါဘူး..သတ်ဖြတ်ခန်းတွေ နည်းနည်းကြမ်းလို့ပါ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (850 MB) and (397MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by  YK Encoded by Phyo Pyae
movie

Lucky Day(2019)

Cradle 2 the Grave (2003) 5.8
Cradle 2 the Grave (2003) Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8  ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်  File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie

Cradle 2 the Grave (2003)

2003
Legend of Hallowaiian (2018) 5.7
Legend of Hallowaiian (2018) Legend of Hallowaiian(2018) ကတော့ ကလေးကားပါ။Eng လိုကြည့်ရင်တော့ပိုကောင်းပါတယ်။ကလေးတွေအတွက် E-Skill ကျင့်ပြီးသားဖြစ်တာပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ဟာဝိုင်ယီကျွန်းက သူငယ်ချင်းသုံးယောက် ရေကူးရင်း မတော်တဆ ရေအောက်လှိုဏ်ဂူထဲကို ရောက်သွားခဲ့ပြီး နာနတ်သီးခေါင်းရှိတဲ့ မကောင်းဆိုးရွားကို လွှတ်ပေးမိပါတယ်။အဲဒီ ကလေးသုံးယောက်ဟာ မကောင်းဆိုးရွားကို တားဆီးဖို့ ဟာဝေယံ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ ဝိညာဉ်တွေ၊ သတ္တဝါတွေနဲ့ ဒဏ္ဍာရီတွေပုံပြင်တွေထဲက နေရာတွေကိုသွားခဲ့ပြီးတော့ နောက်ဆုံးမှာ ကလေးသုံးယောက်ထဲက Kai ဟာဝေယံသားတစ်ယောက်ရဲ့ နှလုံးသားမျိုးပြန်ရရှိခဲ့ပြီး မကောင်းဆိုးရွားကိုအောင်အောင်မြင်မြင်တားဆီးနိုင်ခဲ့ပါတယ်။ဒီကားရဲ့ IMDB Rating ကတော့ 5.8 ထိ ကျွန်တော်မထင်မှတ်ထားတဲ့ Rating ရရှိထားပါတယ်။(ဆရာဦး d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File Size : (650 MB) and (300 MB)Quality : WEB-DL 720p Running Time : 1hr 22min Format : Mp4 Genre : Animation Subtitle ...
movie

Legend of Hallowaiian (2018)

2018